Saturday, April 26, 2014

Type of Satellites base on orbits

Type of Satellites base on orbits
-------------------------------------------------------------
Satellite အမျိုးအစားတွေ ဟာ အများအပြား ရှိပေမယ့် ၄င်းတို့ လည်ပတ်တဲ့ ပတ်လမ်းအပေါ်မူတည်ပြီး အကြမ်းဖျဉ်း အားဖြင့် (၃) မျိုး ခွဲခြားနိုင်ပါတယ်။

1) Geostationary or geosynchronous earth orbit (GEO)
2) Low Earth Orbit (LEO satellites )
3) Medium Earth Orbit (MEO satellites)

၁) Geostationary or geosynchronous earth orbit (GEO)
====================================
GEO satellites တွေဟာ ပတ်လမ်းထဲတွင် အဝေးဆုံး ပတ်လမ်းမှာ ပုံသေ တိကျသော နေရာ မှာ တည်ရှိနေတတ်ပြီး အကွာအဝေးအားဖြင့် ကမ္ဘာ့မြေပြင်မှ ကီလိုမီတာပေါင်း ၃၆၀၀၀ ခန့်တွင် ရှိပါတယ်။ စက်ဝန်းသဏ္ဍန် လည်ပတ်သော အမျိုးအစားဖြစ်ပြီး GEO Satellite တစ်ခုရဲ့ footprint ဟာ ကမ္ဘာကြီးရဲ့ ၄၂.၄ % ရှိလို့ GEO Satellites သုံးခု ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကို Coverage ဖြစ်ပြီ လို့ဆိုနိုင်ပါတယ်။ သူတို့ရဲ့ သက်တမ်းကတော့ ၁၅ နှစ်ဖြစ်ပါတယ်။ သူတို့ဟာ စောင်းခြင်း ၊ ယိုင်ခြင်း အလျင်းမရှိပဲနဲ့ ကမ္ဘာကြီးရဲ့ လည်ပတ်မှု ပုံစံအတိုင်း လည်ပတ်နေကြရပါတယ်။ တကယ်တော့ ကမ္ဘာရဲ့အဝေးဆုံး ပတ်လမ်းမှာ တည်ရှိနေတဲ့ GEO တွေဟာ တဖက်မှာလဲ တာဝန် ထမ်းဆောင်နေသလို နေ နဲ့ လ တို့ရဲ့ ဆွဲငင်အား သက်ရောက်မှု ဒဏ်ကိုလဲ ကြံကြံခံနေရပါသေးတယ်။ သူ့ကို အချိန်ပြည့် စောင့်ကြည့် ထိန်းချုပ်မှု မလုပ်ဘူးဆိုရင် သူဟာ နေနဲ့ လတို့ ရဲ့ ပတ်လမ်းတစ်ခုခုထဲကို ရောက်သွားမှာ အသေအချာပါပဲ ။ တခါတရံ စက်ဝန်းသဏ္ဍန် ကနေ သွေဖီလို့ နေ နဲ့ လ တို့ ရဲ့ ရန်ကို ရှောင်ပြီး တော့ လည်ပတ်ရတဲ့ အချိန်တွေ ရှိပါတယ်။ လုံးဝကို အမှားမခံဆုံး အမျိုး အစားဖြစ်ပြီး တခုခုလွဲချော်ခဲ့ရင်လည်း ကုန်ကျစရိတ် အကြီးဆုံး Satellite တွေ လည်းဖြစ်ပါတယ်။ သူတို့ကို TV/Radio ထုတ်လွှင့်မှုများ ၊ မိုးလေ၀သ ဇလဗေဒ လုပ်ငန်းများအတွက် အသုံးပြုပါတယ်။ နောက်ပြီး Telephone Networks တွေရဲ့ Backbones တွေ အနေနဲ့လဲ အသုံးပြုကြပါသေးတယ် ။
သူ့ရဲ့ အားနည်းချက်တွေကတော့ ၀န်ရိုးစွန်း ဒေသတွေမှာ (Low elevation) မှာ သူ့ရဲ့ Signal ဆက်သွယ်နိုင်မှု အားအလွန်နည်းပါးသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကုန်းမြေအများဆုံးကို coverage ဖြစ်ဖို့ရာ အီကွေတာနဲ့ မနီးမဝေးမှာ နေရာယူထားတဲ့ အတွက်ကြောင့်မို့ လတ္တီကျူ့ ၆၀ ဒီဂရီနဲ့ အထက် ဆိုရင် ပိုပြီး ကြီးမားလုံလောက်တဲ့ အင်တနာ အမျိုးအစားတွေ သုံးပြီး ဆက်သွယ်မှုကို ရယူရပါတယ်။ GEO တွေကို Mobile Phones တွေမှာ အသုံးပြုဖို့ မလွယ်ပါဘူး။သူ့ဆီရောက်အောင် ပြန်ပြီး Transmit လုပ်ဖို့ Battery Power အများကြီးလိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Signal တစ်ခုရဲ့ အသွားအပြန် ခရီးဟာ ကီလိုမီတာပေါင်း ၇၂၀၀၀ ဖြစ်နေလို့ပါ။ အဲ့ဒီတော့ Delay ပမာဏက မြင့်ပြီပေါ့။ အများအားဖြင့် Special Antenna တွေဖြင့်သာ အသုံးပြု၍ အဆင်ပြေနိုင်မှာပါ။


Photo 
Photo 
Photo 
Copy by Satellite Communications (Fackbook ) 

No comments: