Friday, July 24, 2015

Satellite အားလုံးရဲ့ Azimuth, Elevation, LNB Skew ရှာမယ့် Apk

Satellite အားလုံးရဲ့ Azimuth, Elevation, LNB Skew ရှာပေးမယ့် Apk

  

 

နောက်ထပ်  Compass Apk ကို  ဒီမှာဒေါင်းပါ။
 
Satcalc Lite Apk ကို Install လုပ်ပြီး ဖွင့်လိုက်ပါ။  GPS on ပေးဖို့အတွက် Yes-No မေးတဲ့အခါ Yes နှိပ်ပြီးတော့ GPS / Location ကို On ပေးလိုက်ပါ။  GPS Satellite Signal ရဖို့ အမိုးအကာလွတ်တဲ့နေရာမှာ ရှာလိုက်ပါ။
 
 
 
GPS ရပြီဆိုရင် Lititude နဲ့ Longitude မှာ တန်ဖိုးတွေ ဖြည့်ပြီးသားဖြစ်သွားပါမယ်။ GPS အဆင်မပြေဘူးဆိုရင်တော့ တန်ဘိုးတွေကို ကိုယ်တိုင်ရိုက်ထည့်ရပါမယ်။ လတ်တီ-လောင်ဂျီတွေ မသိဘူးဆိုရင် ကိုယ့်ရှာမဲ့မြို့နယ်ရဲ့  လတ်တီ-လောင်ဂျီ တန်ဖိုးတွေကို    http://www.latlong.net/  ကို သွားပြီး ရှာပါမယ်။
 
 
 
ဒါကတော့  မုံရွာမြို့ရဲ့  Latitude နဲ့ Longitude ကို ရှာပြထားတာပါ။
ရလာတဲ့ လတ်တီ-လောင်ဂျီကို  ကိုယ်တိုင်ရိုက်ထည့်ပါမယ်-
 
 
 
ကိုယ်ရှာချင်တဲ့ Satellite  ကို ရွှေးပြီး အောက်က Calculate Look Angle ကို နှိပ်လိုက်တာနဲ့
Azimuth , Elevation , LNB Skew တန်ဖိုးတွေရလာမှာဖြစ်ပါတယ်။ ရရှိလာတဲ့ တန်ဖိုးတွေအတိုင်း
Satellite ဖမ်းမယ်ဆိုရင် အလွယ်တကူ ဖမ်းနိုင်မှာဖြစ်ပါသည်။
  ကျနော်က Thaicom 5 (78.5 E) ကို  စမ်းပြထားတာပါ။ 
Azimuth, Elevation, LNB Skew အကြောင်း နားလည်သလောက် ရှင်းပြပါမယ်။
 
 
 
Azimuth တန်ဖိုးဟာ သံလိုက်အိမ်မြှောင် (Compass) တန်ဖိုးဖြစ်ပါတယ်။ Compass Apk ကို သုံးပြီး စလောင်းဗန်း ချိန်ရမဲ့ Direction ကို ရှာပါမယ်။
 
 
 
ဒါကတော့ Compass Apk သုံးပြီး   Thaicom 5 Sat  ရဲ့ Azimuth  218.04  ကို  ဖမ်းပြထားတာပါ။

Elevation
Elevation ကတော့ စလောင်းရဲ့ အထက်အောက် အနိမ့်အမြင့် (အမော့ နဲ့ အချ)  ဖြစ်ပါတယ်။ တစ်ချို့ ဗန်းတွေမှာ Elevation တန်ဖိုးတွေပါတဲ့အတွက် အနီးစပ်ဆုံး ဖမ်းနိုင်ပါတယ်။
 
 
 
 
LNB SKEW
Satellite  တစ်ခုမှ Transponder တစ်ခုကို ထုတ်လွှင့်မယ်ဆိုရင် Frequency, Symbol Rate တွေကို Microwave လှိုင်းတွေအနေနဲ့  Horizontal , Vertical စနစ်နဲ့ထုတ်လွှင့်ပါတယ်။ အောက်ကပုံက Universal LNB အတွင်းပိုင်းပုံပါ။ 
Hor Signal နဲ့ Ver Signal ကို ဖမ်းတဲ့ အချောင်းတိုနှစ်ချောင်းဟာ ၉၀ံ ထောင့်မှန်အနေအထားအတိုင်း ရှိပါတယ်။ Receiver က DC 13V ထွက်လာရင် Ver အငုတ်က အလုပ်လုပ်ပါတယ်။ DC 18V ထွက်လာရင် Hor အငုတ်က အလုပ်လုပ်ပါတယ်။
 
 
 
စလောင်းဖမ်းတဲ့အခါမှာ Satellite က ထုတ်လွှင့်တဲ့ H နဲ့ V Signal လားရာနဲ့ တစ်ထပ်တည်းကျအောင် LNB ကို လှည့်ပေးရပါတယ်။ အဲဒီ တန်ဘိုးကို LNB SKEW လို့ ခေါ်ပါမယ်။ တစ်ထပ်တည်းကျအောင် ဖမ်းနိုင်လေ Signal အကောင်းဆုံးကို ရနိုင်လေဖြစ်ပါတယ်။ ဒါကြောင့် LNB နေရာမှန်မှ Signal ကောင်းကောင်း ရနိုင်မယ်လို့ ဆိုနိုင်ပါတယ်။
 
 
 
 
Minus (-)    <<<<<<<<      0       >>>>>>>>>> Plus (+)


Thaicom 5 ဂြိုဟ်တုဟာ  ၃၄.၅၆ ဒီကရီဖြစ်တဲ့အတွက် ခန့်မှန်းခြေ (5) နေရာမှာ ထားပါမယ်။




ကျေးဇူးတင်ပါတယ် 
 
Copy By Sayar U Min Lwin
   



 

Myanmar Satellite Group APK

မြန်မာစတလိုက်ချစ်
စ်ပရိတ်သတ်များ ခင်ဗျာ ၊
ကျွန်တော်တို့ မိတ်ဆက်ထားသော အင်တာနက် ခေတ္တဖွင့်ပြီးoffline ပြန်ကြည်လို့ရသော Apk တွင် အဟောင်း ဗားရှင်းများမှာ ဖေ့ဘွတ်မှ တင်အပ်သော ဖျော်ဖြေရေးနှင့်သက်ဆိုင်သောသတင်းများ၊ကီးများ၊မလာရှိတော့ပါဘူး
ထို့အတွက် မြန်မာစတလိုက်ချစ်ပရိတ်များ အဆင်ပြေစေဖို့ အခု နောက်ဆုံးဗားရှင်းလေး ပြောင်းသုံးခြင်းဖြင့် ပျော်ရွင်နိုင်ပါပြီခင်ဗျာ၊
သတင်းအသစ်များ အလိုအလျောက်မတက်ပါက Application ထဲက Sync now ကိုနှိပ်ကာ နောက်ဆုံးသတင်းများ ရယူနိုင်ပါတယ်။
လိုအပ်ပါက အောက်ကလင့်လေးတွင် ဒေါင်းလုတ်ဆွဲကာ သုံးစွဲကြပါခင်ဗျာ။
Myanmar Satellite Group Apk
pCloud Link
Size:: 10.5 Mb

DownLoad Here
>>>ပလူတို ဂြိုဟ်သိမ် အကြောင်း<<<
ယခုဆိုလျှင် နာဆာမှ လွှတ်တင်ခဲ့သော မိုးကုပ်စက်ဝိုင်းသစ် (New Horizons) အာကာသယာဉ်ဟာ ပလူတိုဂြိုဟ်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပူလူတိုဂြိုဟ်နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးချင်ပါတယ်။
ပလူတိုဂြိုဟ်ဟာ ယခင်က နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်ကြီး (၉) လုံးမှာ တစ်ခု အပါအ၀င်ဖြစ်ခဲ့ပါတယ်..။ ၂၀၀၆ ခုနှစ်မှာတော့ သူ့ကို ဂြိုဟ်သိမ်၊ ဂြိုဟ်ပု (Dwarf Planet)တစ်ခုအဖြစ် အဆင့်ချသတ်မှတ်ခဲ့ပြီး သန်းပေါင်းများစွာရှိတဲ့ Kuiper Belt ရဲ့ ရေခဲတုံးများထဲက တစ်ခုလိုဘဲ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပလူတိုဟာ နေမှ ၅.၈ ဘီလီယံ ကီလိုမီတာ (၃.၆ ဘီလီယံ မိုင်) ကွာဝေးပြီး နေအဖွဲ့အစည်းထဲမှာတော့ အအေးဆုံးဂြိုဟ်များထဲက တစ်ခုဖြစ်ပါတယ်..။ သူ့မှာ ဂြိုဟ်ရံလ (၅) စင်းရှိပါတယ်။
ပလူတိုဂြိုဟ်ဟာ ကျောက်ဆိုင်ကျောက်သားများနှင့် ဖွဲ့စည်းထားပြီး ရေခဲများနဲ့ ဓါတ်ငွေ့များက ထပ်မံဖုံးအုပ်ထားပါတယ်။ နေနှင့် အနီးဆုံးအချိန်မှာ ပလူတိုရဲ့ အနွေးဆုံးအပူချိန်ဟာ (- ၃၆၉ ဒီဂရီ ဖာရင်ဟိုက်) ( - ၂၂၃ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပြီး နေနှင့် အဝေးဆုံးအချိန်မှာတော့ - ၃၈၇ ဒီဂရီဖာရင်ဟိုက် ( - ၂၃၃ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပါသတဲ့..။ အခုလိုမတူညီတဲ့ အပူချိန် ပြောင်းလဲမှုကြောင့် ရရှိလာတဲ့အနွေးဓါတ်လေးဟာ ပလူတိုဂြိုဟ်ပေါ်က ဓါတ်ငွေ့များနဲ့ ရေခဲများကို ပါးလွှာတဲ့လေထုအဖြစ် ပြောင်းလဲပေးပြီး... နေနှင့် ဝေးတဲ့အချိန်မှာတော့.ဓါတ်ငွေ့များဟာပြန်လည်အေးခဲသွားပြီး လေထုလေးဟာလည်း ပျောက်ကွယ်သွားပါတော့တယ်..။
ရေခဲများဖုံးလွှမ်းနေတဲ့ ကျောက်ဆောင်များထဲမှာ ပိုတက်ဆီယံ ဓါတ်ငွေ့သိုက်များရှိနေပြီး ရေခဲပြင်အောက်မှာ ရေရှိသော ပင်လယ်တစ်ခုကို ဖြစ်ပေါ်စေနိုင်ပါသေးတယ်..။
ပလူတိုဂြိုဟ်ဟာ ခိုင်ပါခါးပတ် (Kuiper Belt) လို့ခေါ်တဲ့ နေအဖွဲ့အစည်း အစွန်နားက ရေခဲတုံးများ စုဝေးနေတဲ့ နေရာအနီးမှာ တည်ရှိပါတယ်..။ သူ့ကို Clyde W. Tombaugh လို့ခေါ်တဲ့ အာကာသပညာရှင်က ၁၉၃၀ ပြည့်နှစ်မှာ စတင်တွေ့ရှိခဲ့တာပါ။ ပလူတိုဆိုတဲ့ နာမည်ကိုတော့ ဗန်တီနာ ဗန်နေ (Venetia Burney) ဆိုတဲ့ (ထိုအချိန်က) ၁၁ နှစ်အရွယ်သာရှိသေးတဲ့ အောက်စဖို့ဒ် ကျောင်းသူ မိန်းကလေးက အမည်ပေးခဲ့တာပါတဲ့..။ ၀ိဥာဉ်လောကရဲ့ ဘုရားသခင် (Hades) ရဲ့ ရိုမန် အမည်လို့ ဆိုပါတယ်။
နယူးဟောရဇုန်အာကာသယာဉ်ကိုတော့ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က လွှတ်တင်ခဲ့တာဖြစ်ပြီး ၉ နှစ်တိုင်တိုင် အာကာသအတွင်း ခရီးနှင်ပြီးသည့်နောက် ပလူတိုဂြိုဟ်သိမ်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ ချဉ်းကပ်နိုင်ခဲ့ပြီ ဖြစ်ပါတော့တယ်..
ပလူတိုဂြိုဟ်နဲ့ ပတ်သက်ပြီး အခြားသိချင်သော အချက်များကိုလည်း မေးမြန်းနိုင်ပါတယ်..။
အနာဂတ်လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

>>>22' Sun Halo (သို့) နေထီးဆောင်းခြင်း<<<
နေထီးဆောင်းခြင်း (သို့) လ ထီးဆောင်းခြင်း ဖြစ်စဉ်များဟာ တိမ်တိုက်အတွင်းမှာ ရှိတဲ့ ဆဌဂံပုံစံ ရေခဲတုံး (Ice Crystals) လေးတွေကြောင့် ဖြစ်ပါတယ်။ ဒီရေခဲတုံးလေးတွေကလည်း သာမန်အားဖြင့် ထရိုဖိုစဖီးယား အလွှာ အပေါ်ဘက်မှာ ရှိတတ်ပေမယ့် အေးချမ်းတဲ့ ရာသီဥတု (ပြောင်းလဲ) ဖြစ်ပေါ်တဲ့အခါမှာ အနိမ့်ပိုင်းကို ဆင်းလာတတ်ပါတယ်။ အထူးသဖြင့် တိမ်တိုက်ထဲမှာ ရေခိုးရေငွေ့တွေ များနေချိန် (မိုးဥတု နဲ့ ဆောင်းဥတု) တို့မှာ အဖြစ်များတတ်ပါတယ်..။
နေမှလာတဲ့ အလင်းတန်းဟာ တိမ်တိုက်အတွင်းက ရေခဲတုံးလေးများကို ဖြတ်သန်းသွားတဲ့အခါမှာတော့ အလင်းပြန်မှု ဖြစ်ပေါ်ပါတယ်။ အဲ့ဒီ့ အလင်းပြန်မှုဟာ နေမှ ၂၂ ဒီဂရီအကွာလောက်မှာ စက်ဝိုင်းပုံစံ အဖြစ် ပြန်ပေါ်ပါတယ်။ (ကြည့်တဲ့သူရဲ့ တည်နေရာပေါ်လည်း မူတည်ပါတယ်။)
ဒီလိုဖြစ်ပေါ်တဲ့အခါမှာ စက်ဝိုင်းရဲ့ အတွင်းဘက်ဟာ အပြင်ဘက်ထက်ပိုပြီး မှောင်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့... ရေခဲတုံးကို ဖြတ်လာတဲ့ အလင်းဟာ အပြင်ဘက်ကိုပဲ ပြန့်ကားသွားပြီး အတွင်းပိုင်း (အောက်ဖက်ပိုင်း) ကို အလင်းပြန်မှု နည်းပါးခြင်း (သို့) မရှိခြင်းကြောင့် ဖြစ်ပါတယ်။
တိမ်တိုက်အတွင်းက ရေခဲတုံး (သို့) ရေစက်ကလေးတွေရဲ့ အလင်းပြန်မှုကြောင့်ပဲ စက်ဝိုင်းဖြစ်တဲ့နေရာမှာ သက်တံရောင်စဉ်လေးတွေ ဖြစ်တာကိုလည်း မြင်ရနိုင်ပါသေးတယ်။
ဒါကို နေထီးဆောင်းခြင်း ဖြစ်စဉ်လို့ ခေါ်ပါတယ်။
သန့်ဦး (အာကာသနှင့် စကြဝဠာ)

>>>ကမ္ဘာ နှင့် တူသော ကမ္ဘာ တွေ့ပြီ..<<<
နာဆာရဲ့ ကပ်ပလာ အာကာသ တယ်လီစကုတ်မှ ကမ္ဘာနှင့် တူသော ကမ္ဘာကြီးတစ်ခုကို ရှာဖွေတွေ့ရှိကြောင်း ကြေငြာလိုက်ပါပြီ..။ ကပ်ပလာ -452b ဟုခေါ်ပါတယ်။
ထို ဂြိုဟ်ဟာ သူ့ရဲ့ ပင်မ နေ (ကြယ်) ကို ၃၈၅ ရက်လျှင် တစ်ပါတ်နှုန်းဖြင့် လှည့်ပါတ်နေတယ်။ ဂြိုဟ်နှင့် ကြယ်အကွာအဝေးသည်လည်း သင့်တင့်မျှတသော နေရာတွင်ရှိနေပါတယ်။ ထိုကြယ်သည်လည်း ကျနော်တို့ နေနှင့် အလားသဏ္ဍာန်တူနေပါတယ်။ သက်တမ်းအားဖြင့်တော့ နှစ်ပေါင်း ၆ ဘီလီယံခန့် ရှိနေပြီ ဖြစ်လို့ ကျနော်တို့ နေထက် နှစ်ပေါင်း ၁.၅ ဘီလီယံ အသက် ပိုကြီးပါတယ်။
ကပ်ပလာ-452b တွင် ရေရှိနေနိုင်ပါသည်။ သက်ရှိတွေ ဖြစ်ပေါ်တည်ရှိမှု ရှိ၊ မရှိကိုတော့ မသိရှိသေးပါ။ ကျနော်တို့ နေထိုင်သော ကမ္ဘာထက် ၆၀% ပိုကြီးပါတယ်။ "Super-Earth" လို့ ခေါ်ပါတယ်။
ထို နေအဖွဲ့အစည်းနဲ့ ကျနော်တို့ဟာ အလင်းနှစ် ၁၄၀၀ လောက် ကွာဝေးနေပါတယ်။ Cygnus လို့ခေါ်တဲ့ ဗျိုင်းငှက်ပုံစံ ကြယ်တာရာအတွင်းမှာ တည်ရှိပါတယ်။

https://fbcdn-photos-b-a.akamaihd.net/hphotos-ak-xft1/v/t1.0-0/s320x320/11760195_413613212163396_1828529681254147688_n.jpg?efg=eyJpIjoiYiJ9&oh=f764333e92407eefa5e73464e63ba38a&oe=565829E6&__gda__=1444067828_4dfd0397248de2a7c6e2bc98b2c66d57
CCcam ဆိုတာဘာလဲ ဘယ်လဲ
xxxxxxxxxxxxxxxxxxxxxxxx
ရုပ်သံဖျော်ဖြေရေး အစီအစဉ်များကို
အင်တနာ များဖြင့် ဖမ်းလွင်ခဲ့ရာမှ
ခေတ်နှင့်အညီ စတယ်လိုက်ဂြိုလ်တုများအသုံး
ပြုကာထုတ်လွင့်ခဲ့ကြပါတယ်၊အရည်အသွေး
ပိုကောင်းအောင် အန်နားလော့စနစ်မှာ
ဒီဂျစ်တယ်စနစ်အထိ မြင့်တင်လွင့်ခဲ့တာလည်း
ပရိတ်သပ်ကြီးအသိပဲ မဟုတ်လား ကိုမြတ်သူရရေ
ပထမကတော့ ဖျော်ဖြေရေ အစီအစဉ်များကို
ဖရီး လွင့်ပေးခဲ့သော်လည်း ရုပ်သံမှ စီးပွားရှာလို့
ရမှန်သိလာတဲ့ ရုပ်သံ လုပ်ငန်းရှင်တွေက
သူတို့ထုတ်လွင့်တဲ့ လိုင်းကို ပိုက်ပိုက်ရအောင
ဘယ်လိုလုပ်ရမလဲ စဉ်းစားတော့တာပေါ့ခင်ညာ
သူတို့ထုတ်လွင့်တဲ့ လိုင်းတွေကို ပုံဖြတ်ပြီးတော့
လူတိုင်းကြည့်မရအောင်၊ ပိုက်ပိုက်ပေးတဲ့သူတွေပဲ
ကြည့်လို့ရအောင် နည်းပညာတွေအသုံးပြုပြီးလွင့်
ခဲ့ကြတာပါခင်ညာ
ဒီမှာ စတွေ့ကြတာပေါ့ခင်ညာ
Conax/ Irdeto/biss/ Verimatrix/ Viacess
နဲ့ မရိုးရပါဘူခင်ည တစ်ခါတစ်လေ နှစ်မျိုးတောင်
ပေါင်းထားတဲ့ $ $ $ $ လိုင်းတွေပုံနေတာပေါ့
ဒီလို အပိုင်စီး စီးပွားရှာတာတွေကို မခံချင်တဲ့
ကျနော်တို့ ဂရုထဲ က ဆရာတွေလို ဆရာတွေက
မင်းတို့ကြိုက်သလိုဖွက် တို့ကလည်း ရအောင်လုပ်ပြီးကြည့်မယ် ဆို ဖြစ်ကုန်ကြတာပေါ
ရော့ ဒီကီးနဲ့ကြည့်ပွင့်တယ်ကွ၊ ဘောလုံးက
Trans 7 မှာ rcti မှာ ဒီစက်နဲ့ ကီးရိုက်မှ
စက်တူစက်ကူးမှ ပွင့်တာကွနဲ့ ၀ယ်လိုက်ရတဲ့
စက်တွေက ပုံခဲ့သေးတာပဲ
ဒီလိုပေးလိုင်းတွေနဲက စတွေ့တာကတော့
thai ubc 2ပေတွေပေါ့ ၊ အာတုန်းက မနည်းဘူးပေးရတာ
နော် ၊ပညာရှင်တွေကလည်း ဘယ်ရမလည်း
တစ်လသွင်း၊ တစ်လ အင်နဲ့ကြည့် ဆိုပြီးလုပ်တာပေါ့
နောက်တော့ ဘာတွေ့လည်းဆိုတော့
Ubc smart card ကို ပွားသုံးတဲ့စက်ရှိတယ်ဆိုတာ
ဖတ်ရတယ် အာ့စက်က
အော်ကဒ်ကို စက်တစ်ခုမှာ ထည့် ပြီး ကဒ်ပွားသုံးခုကိ
ဖုန်းကြိုးနဲ့သွယ် သုံးအိမ်ပွားကြည့်လို့ရပါသတဲ့
ဒါက card sharing ရဲ့အစပေါ့
နောက်တော့ ကြိုးမဲ့ စနစ် စလာပါတယ်
ဒါကတော့ ubc777 /888/ 9999 တို့ပေါ့
ကြိုးမဲ့ စနစ်ကို သုံးတာပိုအဆင့်မြင့်လာတယ်
ဂြိုလ်တုက tp တလိုင်းငှားပြီး ထိပ်ဖူးနှစ်လုံးတပ်
တစ်လုံးက ထိုင်းကိုချိန် တစ်လုံးက အေပီစတာ7 ကို
ချိန်ပြီး card sharing ကို ပိုက်ဆံတောင်းပြီးလုပ်ခဲ့တာပေါ့
အဲမတိုင်ခင်က ဗန်းနှစ်ဗန်း ၈ ပေနဲ့ ၄ပေဗန်းတွဲပြီး
သူတို့ လုပ်စားခဲ့ကြသေးတာဗျာ ပြောရင်ငိုချင်လာတယ်ခ်ခ်
အဲ့ ခု နည်းပညာ မြင့်လာတော့
ကဒ်ရဲ့ဒေတာ မျှဝေစီးဆင်းဖို့အတွက် အင်တာနက်ကို သုံးလာကြတယ်
အာ့ CCcam အစပေါ့
CCcam ဆိုတာ card-over-network
CCcam server is a kind of cardsharing protocol ပေါ့ဗျာ
(ခပ်တည်တည်နဲ့ ဂူဂဲ အားကိုးနဲ့ရမ်းကြိတ်လိုတ်သည်)
ခုလည်းတစ်ဖြေးဖြေးနဲ့ အဆင့်မြင့်လာပါဘ
rj45နဲ့ ချိတ်ပြီးကန်နေရာမှ ၀ိုင်ဖိုင်တွေ ၊ မိုဒမ်တွေသုံးပြီး
ဝိုင်ယာလက် ကန်နေကြပါပြီး
နည်းပညာတွေ က တစ်ခုပြီး တစ်ခုပေါ့ဗျာ
ပိုက်ဆံဆိုတာလည်း စုပြီးရင်း စုပေါ့ဗျာ
လူတိုင်း ဈေးပေါ်ပေါနဲ့ ကန်နိုင်ကြပါစေ


Copy By Sayar U Hall Man ( ဗဟုသုတရသော စာသားများအားလုံး ရေးသားသူ စလောင်းဆရာ )

IPM CLEAR ဖမ်းစက် VERTICAL ပျောက်

အကြောင်းအရာ= IPM CLEAR ဖမ်းစက် VERTICAL ပျောက်
10977V4000 ဖမ်းမရ DVB/ Mrtv က no singal
11038V45000 ကလည်း မရ
11481H45000ပဲ ဖမ်းလို့ရ ch3/ch7/NBTဘဲဖမ်းရ
တွေ့ရှိချက် = Hလိုင်းတွေ ဘဲဖမ်းရပြီး Vလိုင်းဖမ်းမရ
ကလိချက်= အဖုံးဖွင့် Trတွေ စစ် ၊Tr သုံးခုအနက်
Q7က အလုပ်မလုပ် ခြေငုတ်နားအက်ကွဲတာတွေ
Q7ကိုဖြုတ၊် TRက 8550မို့ Dvd player အပျက်ထဲက
tr8550ကိုဖြုတ်ပြီး အစားထိုး
အဖုံးပြန်တပ်ပြီး စမ်းလိုက်ပါ
နောက်တစ်ခါ Vertical ပျောက်ရင် ဒင်း(Q7)ကိုအရင်စစ်


https://fbcdn-photos-a-a.akamaihd.net/hphotos-ak-xtf1/v/t1.0-0/11750659_1670615696501931_1646452076242559449_n.jpg?efg=eyJpIjoiYiJ9&oh=cc2c00ba079744eb3a95f22247ffa140&oe=5642CF2B&__gda__=1448582787_844cc85bb447b11da6caea3ff458111d



Satellite Here

Satellite Here
--------------
ဆက်သွယ်ရေး ဂြိုလ်တုတွေကို အီကွေတာမျဉ်းနှင့် အပြိုင် အရှ့မှ အနောက်သို့ တန်းစီပြီး တင်ထားပြီး
ဂြိုလ်တုများသည် ကမ္ဘာလည်ပတ်နှုန်းနှင့် တူညီစွာ
ကမ္ဘာကို ပတ်နေသောကြောင့် ကမ္ဘာပေါ်မှ ကြည့်လျှင်
တစ်နေရာ တည်ငြိမ်နေသည် ဟု ထင်ရပါသည်။
ဒါကြောင့်မို့ အီကွေတာ ဖြတ်သော နိုင်ငံများမှ ဂြိုလ်တု လမ်းကြောင်း
(အီကွေတာ လမ်းကြောင်း) ကိုချိန်သောအခါ စလောင်းအငိုက် မလိုအပ်ပါ။
စလောင်းဗန်းအား အတည့် ပက်လက်ထား၍ အရှေ့မှ အနောက် ချိန်ရုံသာရှိသည
(အလွန်လွယ်လိုက်လေခြင်း ဒါကြောင့် အဲဒီလိုနိုင်ငံများမှ စလောင်းဆရာ မထွန်းကားပါ)
ကျနော်တိုမြန်မာနိုင်ငံသည် အီကွေတာမျဉ်း ၏ မြောက်ဘက်မှ ရှိသောကြောင့်
အီကွေတာ မျဉ်းရှိရာသို ချိန်ရာတွင့် တောင်ဘက်မျက်နှာမူပြီး စလောင်းအငိုက်
30ံ ၀န်းကျင်ချိန်ထားကာ အရှေ့အနောက် တည့်အောင်ဖမ်းရပါသည်
အနည်းငယ် ခက်ခဲသောကြောင့် ဆလောင်းဆြာများ ထွန်းကားလေသည်
(ကြည့်ပါလား group ထဲမှာ အများကြီးပဲ)
(ပြီးတော့ စလောင်းဆြာများသည် ရောက်ရာအရပ်
သံလိုက်အိမ်မြောင်မလို၊ စလောင်းဘန်းတွေကိုမြင်ရုံဖြင့်
အရှေ့အနောက် တောင်မြောက်ကို လွယ်ကူစွာပြောနိုင်ပါသည်။
လမ်းပျောက်သော စလောင်းဆြာမှာ ရှားလှပါသည်။)
အဆိုပါ ဂြိုလ်တုများ လွတ်တင်ထားပုံ ကို ဥပမာပေးရလျှင်
ခဲတစ်လုံးအား ကြိုးချည်ပြီး လက်ဖြင့် ဝှေ့ရမ်းကြည့်လိုက်ပါ။
ခဲသည် central force ကြောင့် အပြင်ဘက်သို့ လွင့်စင်ရင် အစဉ်ကြိုးပန်းနေပြီး
ကြိုးက မူ ခဲအား မလွင့်စင်စေရန် ပြန်လည်ဆွဲယူထားပါသည်။
၎င်းဖြစ်စဉ်တွင် ခဲသည် ဂြိုလ်တု ဖြစ်ပြီး
ကြိုးသည် ကမ္ဘာမြေကြီး၏ ဆွဲအားဖြစ်သည်။
ဒါကြောင့် ဂြိုတ်တုသည် အရှိန် မြန်လျှင် ကမ္ဘာအပြင်ဘက်သို့ လွင့်စဉ်သွားနိုင်ပြီး
အရှိန်နည်းရင်လည်း ဆွဲအား ကြောင့် ကမ္ဘာပေါ်သို့ ပြုတ်ကျ လာနိုင်ပါသည်။
ထို့ကြောင့် ကမ္ဘာမြေကြီး ဆွဲအားမှ လွတ်မြောက်နိုင်သော
speed တခုဖြင့် လှည့်ပါတ်နေရပြီး သတ်မှတ်ထားသော
နေရာမှ နှိမ့်ကြလာလျှင် စွမ်အား ကို ထုတ်ပြီး အရှိန် ကို
မြင့်တင်ရပါသည်။ စွမ်းအားကို လွတ်တင်ကတည်းက
သိုမှိထားပြီး နေရောင်ခြည်ခံ ဒလက်ပြားများမှာလည်း
ရယူသုံးစွဲပါသည်။ စွမ်းအားသိုလှောင်မှုအပေါ်မူတည်ပြီး
ဂြိုလ်တု သက်တမ်းသည် ၃ နှစ် ၅ နှစ် စသည်ဖြင့်ရှိပါသည်။
သက်တမ်းကုန်လည်း ၄င်း နေရာအစား ဂြိုလ်တု အသစ်များ
ပြောင်းလဲနေရချထားပေးလေ့ရှိပါသည်။
ဒါကြောင့်မို့လည်း ခဏ ခဏ tp နံပါတ်ပြောင်းလဲခြင်း
ဂြိုလ်တုနာမည် ပြောင်းခြင်းများတွေ့ရတက်ပါသည်
ဥပမာ ထိုင်းကွန်းဂြိုလ်တု
(ခပ်တည်တည်ဖြင့် ရွီးမိသည် အမှားပါက ခွင့်လွတ်ပါဗျို့)
------------
Comments
စိုင်း ခမ်းခေါင် - အာကာသ ထဲမှာ အရာ ဝတ္ထု တစ်ခုကို အရှိန် တစ်ခု နဲ့ လွှတ်လိုက်ရင် အဲဒီ အရှိန် အတိုင်း ပဲ တသမတ်တည်း သွားပါတယ်ခင်ဗျ၊ အဲဒီတော့ ဂြိုဟ်တု ပတ်လမ်း ကမ္ဘာ အပြင်ဘက် (ကီလိုမီတာ ၂၅၀၀ ခန့်မှာ) အရှိန် တစ်ခု (ကမ္ဘာ လည်တဲ့နှုံး နဲ့ တူညီတဲ့အရှိန်) နဲ့ ပေးပြီး လွှတ် လိုက်ရင် အဲဒီ အတိုင်းပဲ ဆက်လည်နေပါတယ်၊ လျော့သွားတာ တိုးလာတာ မရှိပါဘူးခင်ဗျ၊ အဲ ဂြိုဟ်တု တွေ လဲလှယ်တာက နှစ်ရှည်လများ အာကာသ ထဲမှာ ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ နေရတာတို့၊ နောက် အီလက်ထရောနစ် ပစ္စည်းတွေ က ၂၄/၇ သုံးနေတာမို့လို့ သက်တမ်းကုန် တဲ့အခါ ပြန်လဲလှယ် ကြတာပါ၊ ထိုင်းကွန်းတွေ နေရာပြောင်းတာက ရောင်းစား တာနဲ့ ကမ္ဘာ ရှေ့ခြမ်း နောက်ခြမ်း လွှမ်းခြုံ မိအောင် လုပ်တာတွေကြောင့်ပါခင်ဗျာ၊ tp (transponder) တွေ ချိန်းတာကလည်း ငှားထားတဲ့ သက်တမ်း ပြည့်သွားတဲ့အခါ ခေတ်မမှီ တော့လို့ ချိန်းတာနဲ့ အခြား ပရိုဗိုင်ဒါ တွေက ပို ဝန်ဆောင်မှုကောင်းလို့ (ကြိုက်လို့) ချိန်းကြတာပါ၊ ဂြိုဟ်တု တွေမှာ အဓိက သုံးတဲ့ စွမ်းအင်ကို နေရောင်ခြည် ဆိုလာပြားကနေ အသုံးပြုပြီး၊ နေရာ ရွှေ့ရင် သုံးတာက ရော့ကက် အင်ဂျင် အသေးလေးတွေပါ၊ အဲဒီ အတွက် စွမ်းအင်ကတော့ ဟိုက်ဒြိုဂျင်နဲ့ အောက်ဆီဂျင် အရည်တွေပါ၊ အဲဒါကလည်း ပမာဏ အနည်းငယ်ပဲ လိုအပ်တာပါ၊ စတွန်းဖို့နဲ့ လိုအပ်တဲ့ နေရာရောက်ရန် ရပ်ဖို့ (ဘရိတ် လုပ်ဖို့) လောက်ပါပဲ၊ စက်တလိုက် တွေက လောင်စာ စွမ်းအင် သုံးပြီး လည်ပတ်နေတယ် ထင်နေကြမှာ စိုးလို့ပါခင်ဗျ
Hell Man - ကျနော်အထင်ပြောရရင် အာကာသ ဟင်းလင်းပြင်ထဲမှ ဦးတည်ရာ အရပ်တစ်ခုသို့ အရာဝထ္ထုတစ်ခုကို ပစ်
လွတ်ရင် အရှေ့က ခုခံမှုနည်းတာကြောင့် တောယုံနဲ့တော့ အရိုန်မပြောင်းနိုင်ပါ။
သို့သော် ယခုလို စတယ်လိုက်များသည် ကမ္ဘာနှင့် နီးကပ်နေသောကြောင့် ဆွဲအား
သက်ရောက်မှု ရှိနိုင်ပါသည်။ ထိုအပြင် စက်ဝိုင်းပုံလက်ပတ်နေမှုကြောင့်
ဗဟိုခွာ အား နိယာမ အရလည်း သက်ရောက်မှု ရှိနေနိုင်ပါသည်။ဒါကြောင့်မို့
လည်ပတ်နေရာတွင် မြေဆွဲအားနှင့် ဗဟိုခွာအား မျှခြေရှိနိုင်သော အရှိန်တစ်ခုကို
တွက်ချက်ပြီး လည်ပတ်နေရပါသည်။ စွမ်းအားကို တစ်ချိန်လုံးသုံးရန်မလိုသော်
လည်း သက်မှတ်အရိုန်ကို ကိုထိမ်းရန်အတွက် အမြဲစောင့်ကြည့်နေရနိုင်ပါသည်။
အရှိန်မြှင့်ရန်အတွက် စွမ်းအင်လိုအပ်ချက်လည်းနည်းနိုင်ပါသည်။
ဥပမာငြိမ်နေသော ရေပေါ်တွင်ပေါ်နေသာ ပုဂန်ပြားကို အားနည်းနည်းသက်
ရောက်ရုံဖြင့်အတော် အတန်ရွှေ့သည်ကို တွေ့နိုင်ပါသည်။
စွမ်အင်ကုန်သော သို့မဟုတ် သက်တမ်းကုန်သော အချို့သော ဂြိုလ်တု
အဟောင်းများ ကမ္ဘာဆွဲအားကြောင့် ကမ္ဘာလေထုထဲ ၀င်ရောက်ပျက်စီးလေ့
ရှိသည်ကို ကြည့်ခြင်းအားဖြင့် အရှိန်(ကမ္ဘာလည်တဲ့နှုန်းတဲ့ တူတဲ့အရှိန်)ဖြင့်
လွတ်ပြီးနောက် ဒီအတိုင်း ဆက်လည်နေနိုင်သည် ဆိုသည်မှာ
အနည်းငယ် မှားနေသလားလို့ ကျနော်စဉ်စားမိပါသည်။
(သားဘာသာ သားတွေးကြည့်တာနော် ဥဥ မှားရင်ခွင့်လွှတ်)
Kyaw Lin - ဂြိုဟ်တုမှာထည့်ပေးတဲ့ လောင်စာဆီက ဟိုက်ဒရာဇင်းလို့ ကျနော်ဖတ်ဖူးတယ်။ ဟိုက်ဒရိုဂျင်နဲ့ နိုက်ထရိုဂျင်ရောနေတဲ့ အရည်တစ်မျိုးပေါ့။ ဂြိုဟ်တုလမ်းကြောင်းလွဲရင် လမ်းကြောင်းပြန်ထိန်းဖို့ တွန်းကန်အင်ဂျင်အတွက်လို့ ဖတ်ဖူးတာပဲ။ ဂြိုဟ်တုတစ်လုံးသက်တမ်းဟာ ယခုခေတ်မှာ ပျှမ်းမျှ ၁၅ နှစ်ရှိနေပြီး အဲဒီ ၁၅ နှစ်ဆိုတာက လောင်စာဆီကြောင့်လို့ သိရပါတယ်။ စက်သက်တမ်းက ၁၅ နှစ်ထက်ကျော်နိုင်တဲ့ သဘောလားမသိဘူး။ သက်တမ်းကုန်ခါနီးရင် သူတို့ပတ်လမ်းအပေါ်မှာရှိတဲ့ ဂြိုဟ်တုသချိုင်းပတ်လမ်းကို နောက်ဆုံးကျန်တဲ့ လောင်စာဆီသုံးပြီး တက်သွားတယ်လို့ သိရပါတယ်။ အဲဒီထဲမှာပဲ လွင့်မျောနေတဲ့ ဂြိုဟ်တုအများကြီးရှိတယ်လို့ စာထဲမှာဖတ်ရဖူးပါတယ်။
စိုင်း ခမ်းခေါင် - http://science.howstuffworks.com/question378.htm ဒီမှာတော့ ဒီလို ရေးထားတယ်ဗျ၊ စက်တလိုက် တွေ ကမ္ဘာပေါ် ပြန်ပြုတ်ကျ နိုင်တဲ့ ဆွဲငင်အား နဲ့ တူညီတဲ့ အရှိန် အတိုင်း ကမ္ဘာ နဲ့ ဝေးရာ ကို ပြန်တွန်းနေတဲ့အတွက်တဲ့
အစ်ကို ပြောသလိုပေါ့ဗျာ လျှင်မြန်တဲ့ အရှိန်နဲ့ ပတ်နေလို့ ဗဟိုခွာအား ဖြစ်လာတာ၊ အဲဒီ အရှိန် (velocity) ကလည်း space ထဲမှာ ဖြစ်နေလို့ constant velocity ဖြစ်နေတယ်၊ အဲဒါကြောင့် ဗဟိုခွာအား ( centrifugal force ) တစ်ခု ဖြစ်ပေါ်လာတယ်၊ အဲဒီ ဗဟိုခွာအား နဲ့ ကမ္ဘာ မြေ ဆွဲအားတို့ ထပ်တူ ကျအောင် velocity ကို ထိန်းညှိပြီး လည်ပတ်စေတဲ့အခါမှာ စက်တလိုက်တွေက ဘယ်တော့မှ ပြန် မပြုတ်ကျ နိုင်တော့ပါဘူးတဲ့ ခင်ဗျာ
Naymyo Thurain - ကျနော်သိတာလေးပြောမယ် satellite တွေဟာ အကိုတို့ပြောသလိုကမ္ဘာကိုအလျှင်တခုနဲ့လည်ပတ်ပီးအမြင့်ဆုံးတင်ထာတဲ့ satellite ဟာ ၅ နှစ်အတွင်းပြန်ပြုတိကျနိုင်ပါတယ် အဲလိုမဖြစ်အောင် solar စွမ်းအင်ကိုသုံပြီုးပြန်လည်မြင့်တင်တယ်လို့ BOAုမြန်မာပိုင်း သိပ္ပံနဲ့ နည်းပညာဏ္ဍမှာ ပြောပြထားပါတယ်
စိုင်း ခမ်းခေါင် - ဆိုလာ နဲ့ တော့ မလုပ်ပါနဲ့ ညီရာ၊ space မှာ အရွေ့စွမ်းအင်ရဖို့ လျှပ်စစ်မော်တာတွေနဲ့ လုပ်လို့ မရလို့ပါ၊ rocket engine လောက်တော့ လုပ်ပါ grin emoticon
Naymyo Thurain - ပြန်မြင့်ယူတယ်လိုပြောတယ်အကိုဘာနဲ့မြင့်တယ်ဆိုတာမသိပါဘူး စွမ်အင်တစ်ခုတော့သုံရမှာပါ

Copy By Sayar U Hall Man

Soccer Day

 သောကြာ
16:30 Real Madrid vs Manchester City (PPTV HD, PPTV SD, feed Asiasat 5 HD)
.
စနေ
06:30 Fiorentina vs Benfica (PPTV HD, PPTV SD)
18:30 AC Milan vs Inter Milan (PPTV HD, PPTV SD, feed Asiasat 5 HD)
.
 တနင်္ဂနွေ
02:30 Barcelona vs Manchester United (feed Asiasat 5 HD) (ခန့်မှန်း)
04:30 Chelsea vs Paris Saint Germain (PPTV HD, PPTV SD)

CCcam C Line Test

Free C Line Free Test

moly.gotdns.com
19019
run1-run30
trial
GMMZ/ CTH


Copy by U Zaw Min