Saturday, November 21, 2015

DiSEqC™ အကြောင်းသိကောင်းစရာ

ကျနော်တို့ စလောင်းနဲ့ပါတ်သတ်တဲ့သူတွေကတော့
DiSEqc ဆိုတာ ကြားဖူးကြမှာပါ။
DiSEqC™ ဆိုတာက
Di= (Digital)
S=(Satellite)
Eq=( Equipment)
C= (Control)
DiSEqC=Di +S+Eq+C
(Digital Satellite Equipment Control)လို့ဆိုတာပါ။
DiSEqC version က တော့ ခုဆို DiSEqC 1.3 ထိရှိနေပါပြီး
DiSEqC switch box တွေကို ဘာကြောင့်သုံးရသလဲဆိုတော့
ဖမ်းစက် တစ်ခုမှ
ဂြိုလ်တုတစ်ခုမှာ ထုတ်လွင့်နေသော
band မတူသော lnb (c/ku) ကိုရွေးနိုင်ရန်
ဗန်းမတူ ဂြိုလ်တု ကွဲသော lnb များကို ရွေးနိုင်ရန်
(ဂြိုလ်တုနှစ်ခုအား သီးခြားဗန်း၊lnb ဖြင့်ဖမ်းထားခြင်း)
ဗန်းတူ တပ်ထားသော lnb များအလွယ်တကူ
(ဗန်းတစ်ခုထဲတွင် ဂြိုလ်တု နှစ်ခုအား ခွဲခြားဖမ်းထားခြင်း)
တို့မှာ auto ရွေးနိုင်ရန် တီထွင်ထားရခြင်းဖြစ်ပါတယ်။
ဆိုလိုတာကတော့
အထွက် output တစ်ခုမှ
ကွဲပြားသော frequency band (c/ku)
မတူညီသော ၀င်ရိုးစွန်းpolarity (H/V)
မတူညီသော ဂြိုလ်တု တည်နေရာsatellite position
တို့ကို ရွေးချယ်ဖို့ပဲဖြစ်ပါတယ်
အခြေခံ ပြန်ရှင်းရရင်တော့
(ကွဲပြားသော frequency band (c/ku)တွင်သုံစွဲခြင်း)
စလောင်းကြိုးအတွင်းမှာ If freq များသယ်ယူနိုင်သလို
supply dc (0hz)ဗို့လ်စီးဆင်းနိင်ပါသည်။အခြား
ကြိမ်းနှုန်းပုံစံတစ်ခုဖြစ်တဲ့ 22 hz ကြိမ်နှုန်းများကိုပါ
သယ်ဆောင်နိုင်ကြောင့် တွေ့ရှိခဲ့ပါတယ်
ဒါကြောင့် ရိုးရိုး ကေယူ ထိပ်ဖူးများတွင် inter switch box ကိုထည့်သွင်းပြီ
၂၂hz အချက်ပြ freq ကို contro singal အဖြစ် အသုံးပြု ထိန်းချုပ်ခဲ့ပါသည်။
၎င်းbox ကိုထည့်ထားခြင်းဖြင့် မတူသော l.o.freq နှစ်ခုအားရွေးချယ်နိုင်သည့်
ku universel lnb ဖြစ်လာခဲ့ပါသည်။
ထိုမှ့တဆင့် 22 hz ကြိမ်နှုန်းကိုပင်အသုံးပြုသော DiSEqC external switching box များထုတ်လုပ်ခဲ့ကြပြီး မတူသော c/ku များတွင် အသုံးပြုခဲ့ပါသည်။
(မတူညီသော ၀င်ရိုးစွန်းpolarity တွင်သုံးစွဲခြင်း)
ဂြိုလ်တုမှ polarity တစ်ခုဖြင့် လွင့်ပြီး polar ၀င်ရိုးစွန်း
တစ်ခုသာပါဝင်သော singal lnb ဖြစ်ဖမ်းယူရာမှ
လိုင်းပိုမိုထုတ်လွင့်နိုင်ရန် same Freq နှစ်ခုကို
တစ်ခုနှင့်တစ်ခု မနှောက်ယှက်နိုင်စေဖို့ ခြားနားသော
ဝင်ရိုးစွန်း vertically နှင့် horizontally ခွဲပြီးလွင့်ခဲ့ပါသည်။
ဒီလို့ခြားနားတဲ့ ၀င်ရိုးနှစ်ခုကို ဖမ်းဖို့အတွက် စလောင်းခေတ်ဦးမှာ
corotar လို့ခေါ်တဲ့ feed horn
( ရိုးရိုး ၀င်ရိုးတစ်ခုပါ lnb နှစ်ခု တပ်ဆင်ရန်အထိုင်ပါဝင်သော ဖီဟွန်း)
တွင် ၀င်ရိုးpolar တစ်ခုပါတဲ့ singal lnb နှစ်ခုကိုခွဲခြားတပ်ဆင်ပြီး
ထိပ်ဖူးနှစ်ခုကို ရွှေးရန်၊ (သို့) h/vကို ရွေးဖို့အတွက်
DiSEqC external switching box
ကို သုံးခဲ့ကြပါတယ် ၊
(မတူညီသော ဂြိုလ်တု တည်နေရာsatellite position)
ယခင်က Lnb များတွင် 12V DC သုံး on /off swith ကို အပြင်မှ တပ်ဆင်
အသုံးပြုပြီး h/v ကိုရွှေးခဲ့ပါသည်။
ယခု lnb များတွင် supply dc v
အပြောင်းအလဲကို ထောက်လှမ်းပြီး h/v ကို အော်တို ပြောင်းလဲပေးနိုင်
သော ၀င်ရိုးစွန်း နှစ်ခုပါ dual lnb များ ပေါ်လာခဲ့ပါသည်။ ထိုကြောင့်
DiSEqC switch box များကို H/V ရွေးချရာတွင် သုံးစွဲခြင်း မပြုတော့ဘဲ
မတူညီ ဖမ်းထားသောဗန်း နှစ်ခုကြားတွင် ရွှေးချယ်ခြင်းတွင် အသုံးပြုခဲ့ကြပါသည်။
ကမ္ဘာပတ်လမ်းအီကွေတာမျဉ်းတလျောက်တွင် ဖြော်ဖြေရေး
ဂြိုလ်တုများ များပြားလာသလို မတူကွဲပြားသောဗန်းများ
များပြားလာသည့်အတွက် ၄င်းတို့အား ရွေးချယ်ရန်
2way 4way မှ 16 way အထိ ရွေးချယ်နိုင်ရန
DiSEqC version အမျိုး တီထွင်အသုံးပြုခဲ့ကြပါသည်။
22hz tone ရဲ့ on/off ကို sensor လုပ် ဆုံးဖြတ်ရာမှ
22hz tone ၏ ထုတ်လွင့်ပုံ ၊ ကြာချိန်၊ အစိတ်အကြဲ တို့ကို
သင်္ကေတေပြု ဒေတာ အဖြစ်အသုံးချနိုင်ကြောင်း သိရှိလာပြီး
၎င်း အစိတ်အကျဲ ကြာချိန်၊ လွင်ပုံ အား 8bit ဒီဂျစ်တယ်ပုံစံပြုပြီး
ဖမ်းစက်နှင့် DiSEqC box တို့ အကြားအဆက်အသွယ်ပြုလုပ်အသုံးချခဲ့ပါသည်။
၎င်း အစိတ်အကျဲ ၊ ကြာချိန်၊ လွင့်ပုံ တို့အား တိုးတက်အောင်ကြံစည်ကြရာမှ
ဗားရှင်းအမျိုးမျိုး ပေါထွက်လာပါသည်။
DiSEqC version
DiSEqC 1.0, DiSEqC 1.1, DiSEqC 1.2, DiSEqC 1.3
ဆိုပြီးရှိပါတယ်
DiSEqC 1.0 က အများဆုံး ၄ခု ရွေးနိုင်ပါတယ်
switching between up to 4 satellite sources
DiSEqC 1.1 က အများဆုံး (၁၆)ခုရွေးနိုင်ပါတယ်
switching between up to 16 sources
DiSEqC 1.2 က အများဆုံး (၁၆)ခုရွေးနိုင်သည့်အပြင်
မော်တာတံကိုမောင်းနှင့်နိုင်သော ပိုစစ်ရှင်နာကိုကို ထိန်းချုပ်
မောင်းနှင့်နိုင်ပါတယ်
(ကျနော်ဆိုဆီမှာအရမ်းခေတ်စားပါတယ် စီဘန့် စလောင်း
တွေကို မော်တာတံ တပ်မောင်းတော့ ရိုးရိုး satellite position
နဲ့ အော်တို satellite position ဆိုပြီးရှိပါတယ် အဲအော်တို့က
DiSEqC 1.2 ကိုသုံးထားတာပါ။
DiSEqC 1.3 ကတော့ ကျနော်တို့ဆီမှာ အသုံးမများသေးပါဘူး
USALS လို့ခေါ်တဲ့ Universal Satellites Automatic Location System ကိုအသုံးပြုလို့ရပါတယ် မိမိ တည်နေရာကို ပေးလိုက်ရုံနဲ့ သူဘာသာ စလောင်းကိုချိန်ပေးသွားမှာပါ။
(စလောင်းဆြာတွေ အလုပ်မဲ့ကုန်အုံးမှာပဲ ခ်ခ်)
Go X or Go to XX လို့ပါတာတွေကတော့ DiSEqC 1.3 ကို
အသုံးပြုထားတာတွေပါ။
version 2.0 /2.1/2.2 တွေက v 1.0တွေနဲ့ လုပ်ဆောင်နိုင်တာ
ခြင်း မကွာပါဘူး၊ v 2.0 အထက်က တော့bi-directional
communications ပါ။ သူဘာသာ auto ဘာတပ်ဆင်ထားတယ်
ဘယ်လို lnb တပ်ဆင်ထားတယ်ဆိုတာစုံစမ်းပြီး ဖမ်းစက်ကို
သတင်းပို့ပါတယ်။ပြီးမှသင့်ရာနဲ့ ဆက်သွယ်အလုပ်လုပ်တာပါ။
DiSEqC 2.0 adds a return channel, used for getting information on the connected add-ons. It will inform the reciever, after sending a particular signal, about the amound and type of LNB’s available and how they are interconnected.
နောက်ဆုံးပြောခြင်တာကတော့ ဖမ်းစက်နဲ့ box တွေက
DiSEqC version တွေ ကိုသုံး လို့ ရပါတယ်ဆိုမှ
အဆင်ပြေမှာပါ။
ကျတော်ရေးတာလေးဖတ်ပြီး အသိလေးတိုးတယ်ဆိုရင်
ကျေနပ်ပါတယ်
hellman 19-3-2015 (9;40)

22 HZ Switch Box

22 hz switch box ကိုဘယ်လိုသုံးမလဲ?
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျနော်တို့တွေက ဖမ်းစက် တစ်ခု ကို ဗန်းတစ်ခု ထိပ်ဖူး lnb တစ်ခုနဲ့ သုံးစွဲ
ခဲ့ရာမှ အလိုများသော လူတို့ သဘာဝအရ
ဖမ်းစက်တစ်ခုဖြင့်
ကွဲပြားသော frequency band (c/ku)ထိပ်ဖူးနှစ်ခုအား ချိတ်ဆက်လိုခြင်
မတူညီသော ဂြိုလ်တု တည်နေရာsatellite position အရ
ဗန်းနှစ်ခုအား ဖြင့် ချိန်ဆက်လိုခြင်း စသည့်ဆန္ဒများကို
ဖြည့်ဆည်ည်းပေးရန် အတွက် switch များ အခန်းကဏ္ဍက အရေးပါလာခဲ့ပါသည
စလောင်းကြိုးအတွင်းမှာ If freq များသယ်ယူနိုင်သလို
supply dc (0hz)ဗို့လ်စီးဆင်းနိင်သည်ကို သိရှိခဲ့ပြီးအခြား
ကြိမ်းနှုန်းပုံစံတစ်ခုဖြစ်တဲ့ 22 hz ကြိမ်နှုန်းများကိုပါ
သယ်ဆောင်နိုင်တာကို သိလာတဲ့အတွက်
22 hz ကို control လုပ်ပြီး ၂၂hz switch များကို အသုံးပြုလာခဲ့ကြပါတယ်
22 hz ကို အသုံးပြုပြီး ရိုးရိုး 22hz ရိုးရိုးswitch box မှ
၎င်း freq ကို အထူးပြုပြီး DiSEqC switching box အမျိုးမျိုးသို့
တိုးတက်လာခဲ့ပါတယ်
အခုပြောပြချင်တဲ့ အကြောင်းအရာကတော့ 22hz ရိုးရိုးswitch box
ကို အသုံးပြုတဲ့ နေရာမှာ ဘယ်နေရာမှသုံးသင့် ပြီး ဘယ်နေရာမှာ
မသုံးသင့်ဘူးဆိုတာလေးကို ရှင်းပြချင်တာပါ
22hz ရိုးရိုးswitch box ကို ရိုးရိုး ku Lnb ထိပ်ဖူး (11300) အချင်းချင်း ၊
ရိုးရိုး ku နဲ့ c band lnb (8ပေထိပ်ဖူး) အကြားမှာပဲ အသုံးပြုဖို့
သင့်တော်ပါတယ်
ဒါကြောင့် စကိုင်းနက်ဖမ်းစက်ကို
အရင် စကိုင်းနက်ဗန်း (ရိုးရိုး 11300 ku lnb at thaicom 78.5E ဂြိုလ်တု)နဲ့
မြ၀တီ (C band (8)ပေ ထိပ်ဖူး at palarpaD 113E) ကို 22hz ရိုးရိုးswitch box
ခံပြီးအဆင်ပြေပြေ သုံးစွဲနိုင်ခဲ့ပါတယ်
ခုနောက်ပိုင်း စကိုင်းနက်က (76.5E apstar7)ဂြိုလ်တုကိုပြောင်းရွေ့ပြီး
ရိုးရိုး ku Lnb အစား universal ku Lnb ထိပ်ဖူးတွေပြောင်းသုံးလာပါတယ်
(စလောင်းဆြာတွေ အကြိုက်တွေ့ခဲ့တဲ့နေ့တွေကို မှတ်မိအုံးမယ်ထင်ပါတယ်ခ်ခ်)
အဲဒီမှာ စတွေ့တာပါပဲ
ဒီနေရာမှာ တော့ 22hz ကိုသုံးလို့မသင့်တော့ပါဘူး
ဘာဖြစ်လို့လဲဆိုတော့
universal ထိပ်ဖူးက L.O.freq 9750 နဲ့ 10600 ကို ရွေးချယ်နိုင်ဖို့
22hz switch ကို တခါတည်း အတွင်းမှာ တည်ဆောက်ပေးထားပါတယ်
ယူနီဗာဆယ် ထိပ်ဖူးနဲ့ တွဲသုံးဖို့ ဖမ်းစက်ရဲ့ anntener setting မှာ univer
sel ku mode ကို ပြောင်းလိုက်ပြီးဆိုတာနဲ့ 22hz option က disable
ဖြစ်သွားမှာပါ။ မိမိရိုက်ထည့်လိုက်တဲ့ tp freq အပေါ်မူတည်ပြီး ဖမ်းစက်က
22hz ကို on မလား off မလား ကို အော်တို ဆုံးဖြတ်ပြီး
ထိပ်ဖူးထဲက inter 22 hz switch ကို low band 9750 နဲ့ Hi band 10600 ရွေးခိုင်း
ပါတယ်၊
ဒီလို့အလုပ်လုပ်တာမို့ universel ထိပ်ဖူးနဲ့ 8ပေ စီထိပ်ဖူးအကြားမှာ ရိုးရိုး
22 hz switch ခံသုံးမယ်ဆိုရင် switch နှစ်ခု ဆင့်ခံထားသလို ဖြစ်တာကြောင့်
အဆင်မပြေတာကို တွေ့ရမှာပါ။
ဒီနေရာမှာ သုံးသင့်တာက DiSEqC 1.0, DiSEqC 1.1 switch တွေပါ။
အချုပ်ပြောရရင်တော့ မှတ်ရမှာက
================================
ရိုးရိုး ကေယူ တွေကြား
စီဘန်တွေကြားမှာဆိုရင်တော့ ရိုးရိုး 22 switch ကိုသုံးပါ။
universal lnb ဆိုရင်တော့ DiSEqC 1.0, DiSEqC 1.1 box တွေကိုသုံးပါ
ရိုးရိုး 22 switch ကိုမသုံးပါနဲ့
==================================
ကျေးဇူးတင်ပါတယ်
ခုပြောတာ နားမလည်ကြဘူးဆိုရင်တော့ ကျနော်ညံတာပါ
ကြိုးစားပါအုံးမယ်





Thank You Brother
Sir ; Hellman
21-4-2015 (10;15)

IPM Constant CW

IPM (GROUP)
Biss Key UPDATE
Key - 3B 5D 49 E1 9A 02 CD 69
IPM Today Soccer Channels
မငေးနဲ.နော်.... မနှေးနဲ.နော်.... ပြေးသာကြည်.ကြပါတော.
IPM Dish+Reciver - 33000 Ks/ Price
Installar - 5000 Ks/
LNB Cable 1M - 200 Ks/ 
Image result for IPM KU Band

ရီရဲမက်ဒရစ် VS ဘာစီလိုနာ
ToDay  ( 11 : 45 PM )
Channel - True4U
IPM Channel Number - 34 ( Nattalin Customer )


မန်စီးတီး  VS  လီဗာပူး
ToDay ( 12 : 00 AM )
Channel - PPTV HD
IPM Channel Number - 46 ( Nattalin Customer )

Contact
U Lin Khaing ( Satellite Installar )
Phone: 0949511483/09789714230/09789714230