Saturday, April 26, 2014

Medium Earth Orbit (MEO Satellites)


Medium Earth Orbit (MEO Satellites)
================================
MEOs တွေဟာ GEO နဲ့ LEO ကြားမှာ တည် ရှိကြပြီး အကွာအဝေးအားဖြင့် ကမ္ဘာမြေပြင်မှ ကီလိုမီတာပေါင်း ၁၀၀၀၀ ၀န်းကျင်မှာ အလုပ်လုပ်ကြပါတယ်။ MEOs တွေဟာ ၁၂ လုံးလောက်နဲ့ global coverage ဖြစ်နိုင်ပြီး ဒီပမာဏဟာ GEO ထက် အနည်းငယ် များပေမယ့် LEO ထက် အများကြီးလျှော့နည်းတာ ပါ။ (ဒီနေ၇ာမှာ နည်းနည်းပြောပြချင်တာက GEO,LEO နဲ့ MEO တွေ ဟာ သူ့နေရာနဲ့ သူအကုန်လုံး အတွက် အရေးပါတဲ့ အသုံးဝင်တဲ့ တာဝန်တွေကို ထမ်းဆောင်နေတာပါ။ Global coverage ဖြစ်ရုံနဲ့ မပြီးသေးဘူးလို့ ပြောချင်တာပါ။) ကမ္ဘာဧ။် လည်ပတ်နှုန်းထက် ပိုနှေးတဲ့ နှုန်းတစ်ခု နဲ့ ကမ္ဘာကို လည်ပတ်ကြပါတယ်။ ဘဲဥပုံ ပတ်လမ်းကြောင်းမှာ ကမ္ဘာကို (Inclination) စောင်း၍ ပုံစံနဲ့ လည်ပတ်ကြပါတယ်။ အဲ့ဒါကြောင့်မို့ သူတို့ကို နဂိုကတည်းက တောင် ၊ မြောက် ၀င်ရိုးစွန်း ဒေသတွေမှာ အဓိက အသုံးပြုဖို့ လျာထားခဲ့တာပါ။ သူတို့မှာ Routing လုပ်ငန်းစဉ် နည်းပါးပါတယ်။ အရေအတွက်အားဖြင့် နည်းတာကိုး။ LEOs တွေ ထက် အကွာအဝေး ပိုဝေးသွားတော့ Delay rate ကတော့ တက်လာပြီပေါ့ ။ 70 ကနေ 80 ms အတွင်းမှာ ရှိပါတယ်။ ပိုမိုမြင့်မားတဲ့ Transmit Power လိုအပ်ပြီး ၊ Footprint သေးငယ်တဲ့ နေရာတွေ မှာ special antenna လိုအပ်ပါတယ်။
=====================================
ဖတ်ရှု၍ ကုန်ဆုံး စေသော အချိန်များနှင့် ညီသော တန်ဖိုးကို ပေးဆပ်ရန် ကြိုးစားနေပါတယ်။


PhotoPhoto 

Copy by Satellite Communications (Fackbook )

No comments: