Saturday, April 26, 2014

Low Earth Orbit (LEO satellites )

Low Earth Orbit (LEO satellites )
==================================
LEO တွေဟာ ကမ္ဘာမြေ မျက်နှာပြင်အထက် ကီလိုမီတာ ၅၀၀ မှ ၁၅၀၀ အတွင်း အလုပ်လုပ်ကြ ပါတယ်။ Lower orbit မှာ အလုပ်လုပ်သော satellite ဖြစ်သည့်အလျှောက် မြေပြင်မှ လွှင့်တင်ပြီး 95 -120 မိနစ်အတွင်း ပတ်လမ်းအတွင်း နေရာယူ အဆင်သင့်ဖြစ်စေ ပါတယ်။ ၁၀ မိနစ် လောက်ကြာရင် တောင် သူရဲ့ လုပ်ဖော်ကိုင် ဖက် အခြား LEO Sat များကို တွေ့မြင်နိုင်ပါတယ်။ သူတို့ဟာ High Elevation ကောင်းကောင်း ရရှိအောင် ဆောင်ရွက်စီမံထားသော ကြောင့် High quality communication link များ ကို ရရှိစေတာ ဖြစ်ပါတယ်။
သူတို့ဟာ ပိုမိုကောင်းမွန်သော Data Compression Schemes များသုံးထားသောကြောင့် 2400 bit/s သည်ပင်လျှင် ဖုန်းခေါ်ဆို ပြောဆိုနိုင်မှု အတွက် လုံလောက်သော Compression စနစ်တွေ သုံးထားပါတယ်။ LEOs တွေဟာ Omni-directional (ယခင်က တိုင်ထုတ်၍ သုံးရသော ဆဲလူလာ ဖုန်း ဧ။် အင်တနာ တိုင်နှင့် ဆင်တူသည်။) သုံးထားသော Mobile Phone Devices များ သည်ပင် ကောင်မွန်းစွာ ဖုန်းခေါ်ဆို မှုတွေ လုပ်နိုင်ပါတယ်။ ပြည့်စုံစွာ ပြောရရင်တော့ Transmit Power 1W ပဲ လိုပါတယ်တဲ့ဗျာ။ နောက်ပြီး သူ့ရဲ့ Delay rate ကလည်း 10 ms သာ ရှိတော့လို့ သာမာန် Long-distance wired connection (delay 5-10) တို့နှင့် သိပ်တောင် မကွာတော့တာကိုတွေ့ရပါတယ်။ Footprint တွေ ဟာ သေးငယ်သောကြောင့် frequency တွေ ဆုံးရှုံးလေလွင့်မှုမှ အလွန်လျှော့နည်းသွားပါတယ်။ Cellular Network တွေနဲ့ သဘောတရားခြင်း နည်းနည်းသွားတူပါတယ်။ LEOs တွေဟာ GEOs တွေ မလွှမ်းခြုံနိုင်တဲ့ ၀င်ရိုးစွန်းဒေသ တွေကို ပါ လွှမ်းခြုံပေးနိုင်ခြင်းတွေ ကြောင့် တစ်ကမ္ဘာလုံး လွှမ်းခြုံမှုတွေ မှာ ပိုမို အားကောင်းလာခဲ့ပါတယ်။
LEO Satellites တွေကို Remote sensing နဲ့ Mobile communication လုပ်ငန်း တွေအတွက် အဓိက အသုံးချပါတယ်။
အားသာချက်ပြောပြီးပြီ ဆိုတော့ အားနည်းချက်လေးတွေ ပြောရဦးမှာပေါ့ဗျာ။ အကြီးမားဆုံး အားနည်းချက်ကတော့ Footprint သေးတဲ့ အတွက်ကြောင့်မို့ Global Coverage အတွက်ဆို LEOs တွေ တော်တော်များများ ကို လိုမှာ အမှန်ပဲဗျ။ Global Coverage အတွက်ကို ISL (inter satellite link ) လိုမျိုး နည်းပညာတွေနဲ့ LEOs အချင်းချင်း Routing Function တွေဖြင့် interconnecting လုပ်နိုင်သော်လည်း အရေအတွက် အားဖြင့် တော်တော်များများ လိုမှာဖြစ်ပါတယ်။ နောက်ပြီး LEOs တွေရဲ့ သက်တမ်းဟာ ကမ္ဘာလေထုကြီးနဲ့ ပွတ်တိုက်မှုတွေ ကြောင့် လည်းကောင်း ၊ The inner Van Allen belt1(နောင်တွင် အလျင်းသင့်ရင် Post တခု အနေဖြင့် သီးသန့် ရေးပါမည် ။ ယခု သွားလေ့လာမည်ဆိုပါက http://www.britannica.com/EBchecked/topic/622563/Van-Allen-radiation-belt ) ရဲ့ Radiation ကြောင့်လည်းကောင်း သက်တမ်းအားဖြင့် ၅ နှစ်မှ ၈ နှစ် လောက်ပဲ ရှိကြပါတယ်။ တွက်ကြည့်မယ်ဆိုရင် LEO Satellites ၄၈ လုံးဟာ သက်တမ်းစေ့ ၈ နှစ် နေမယ်ဆိုရင်တောင်မှ နှစ်လတိုင်း နှစ်လတိုင်း အသစ်တစ်လုံး လိုအပ်နေမြဲ ဖြစ်မှာပါပဲ။ အခုပြောပြနေတဲ့ အချက်အလက်တွေ ဟာ အခြေခံလောက်ပဲ ရှိပါသေးတယ် ။ LEOs ရဲ့ Data Routing တွေဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ် ။ တဖြည်းဖြည်းခြင်း ရေးသွားပါ့မယ်။ GEO တွေဟာ Footprint ကြီးမားတာကြောင့် ပုံမှန်အားဖြင့် Routing မလိုပါဘူး။ ဘာလို့လဲဆိုတော့ Sender နဲ့ Receiver က Footprint တခုတည်းမှာပဲ အလုပ်လုပ်ကြလို့ပါပဲ။


Photo 
Photo 
Photo 

Copy by Satellite Communications (Fackbook ) 

No comments: