Saturday, April 26, 2014

PSI VS IPM

PSI VS IPM ဘယ်ဟာပိုကောင်းလဲ??

အခုပြောပြမယ့်အကြောင်းအရာက ကျွန်တော့်ရဲ့ တစ်ဦးချင်းအမြင်နော်

PSI မှာ မြန်မာပြည်ကိုဝင်တာ စက်နှစ်မျိုးရှိတယ်

PSI O2 HD
PSI OK

PSI O2 HD ကတော့ စက်တန်ဖိုး 50000ကျော်ရှိပါတယ်
ဗန်းတို့ဘာတို့မပါဘူး စက်ချည်းပဲ
သူက ဘာပိုထူးလဲဆိုတော့ HD လိုင်းတွေပိုရတယ် ခုနောက်ဆုံး Update မှာလိုင်းပေါင်း 300ကျော်သွားပြီ

အထူးသဖြစ် LALIGA ပွဲစဉ်များကို Live ထုတ်လွှင့်တဲ့ SUN HD channel ပါပါတယ်

အဆိုပါ HD လိုင်းမှ 2014 Brazil World Cup ကို Live ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်

သူ့မှာအားနည်းချက်ကတော့ Biss Keys ရီုက်လို့မရပါဘူးဗျ

PSI OK ကတော့ စက်ရယ်ဗန်းရယ် ထိပ်ဖူးရယ် စုစုပေါင်းမှ 25000ပတ်လည်ပဲရှိပါတယ် သူကတော့ လိုင်း တစ်ရာကျော်ပါဝင်ပြီးတော့

အထူးသဖြစ် သူ့မှာ Biss keys ရိုက်လို့ရပြီး ပိုက်ဆံ ဗန်းတစ်ဗန်းစာ (သို့မဟုတ်) ကျွမ်းကျင်သော် စလောင်းသမားတစ်ယောက်ရှိရင် IPM လိုင်းများကိုပါ Key ရိုက်ကြည့်ရှုနိုင်ပါတယ်ဗျ

___________________
IPM ကတော့ မြန်မာပြည်ကို သုံးမျိုးဝင်ရောက်လာပါတယ်ဗျ

IPM Lite
IPM Clear
IPM HD Pro

IPM Lite လိုင်း တစ်ရာပတ်လည်ပါဝင်ပြီးတော့ သုံးလို့ကောင်းပါတယ်ဗျ
35000ပတ်လည်ပါ ဈေးက

IPM Clear( ၃၅၀၀၀)
သူကတော့ လိုင်း တစ်ရာကျော်ပါဝင်ပြီး သတင်းလိုင်းကောင်းတွေ ပါဝင်လာပါတယ်ဗျ

CCTV
Aljazeera
TV3 Malay
Saudi 1 အစရှိသဖြစ် လိုင်းကောင်းလေးများပါဝင်လာပါတယ

IPM ကတော့ ရုပ်ရှင်လိုင်းကောင်းလေးတွေပါဝင်ပါတယ်

IPM HD Pro (စက်ချည်းပဲကို 70000ကျော်ပါတယ်ဗျ)

သူကတော့ လိုင်း တစ်ရာကျော်ပါပဲ 720P HD လိုင်း ဆယ်လိုင်းကျော်ပါဝင်ပါတယ်ဗျ

2014 World Cup အတွက်ကြေငြာထားတဲ့ LNTV3 ရုပ်သံလိုင်းက IPM Clear နဲ့ HD Pro များမှာပါဝင်ပါတယ်ဗျ

LNTV ရုပ်သံလိုင်းဟာ UCL (UEFA Champion League ) ပွဲစဉ်များနဲ့ EPL ပွဲစဉ်အချို့ကိုလည်း ထုတ်လွှင့်နေပါတယ်ဗျ

ကျေးဇူးတင်ပါတယ်ဗျ

ကျွန်တော်ရေးပေးတဲ့ အကြောင်းအရာများကိုဖတ်ရှုလို့ လူကြီးမင်းတို့ အတွက် မိမိအကြိုက်နဲ့လိုက်တဲ့ စက်ကိုရွေးချယ်ရာမှာ အထောက်အကူပြုတယ်ဆိုလျှင်ပဲကျေနပ်ပါတယ်

No comments: