Monday, March 2, 2015

Lnb အကြောင်း သိကောင်းစရာ

Lnb အကြောင်း သိကောင်းစရာ ( 1 )
LNb ဆိုတာကို ကျနော်တို့အလွယ်ခေါ်တာကတော့
စလောင်းထိပ်ဖူးပေါ့ဗျာ (မြန်မာတွေ နာမည်ပေးတာလှတယ်ဗျ)
တိတိကျကျပြောရင်တော့
L.N.B = low noise Block converter
LNb က အောက်ကအတိုင်းနှစ်ခုပေါင်းထားတာပါ
L N A (Low Noise amplifier)+ Block converter = LNB
မြေမျက်နှာပြင်အထက် အမြင့်ပေ ကီလိုမီတာ 36000 ဝေးတဲ့ ကမ္ဘာပတ်လမ်းမှာတည်ရှိနေတဲ့ ဂြိုလ်တုတွေ က watt အနည်း
ငယ်ရှိတဲ့ microwave signals တွေထုတ်လွင့်ပေးပါတယ်
အာ့ signals တွေဟာ 36000km အကွာကိုလေထဲမှတဆင့်
ဖြတ်ပြီး ကမ္ဘာမြေကို ရောက်တဲ့အချိန်မှာ signals အား အလွန် နည်းသွားပါပြီး။
အဲဖြစ်စဉ်မှာ 200db လောက်လျှော့သွားပါတယ်
(အနော်တိုင်းထားတာမဟုတ်ဘူးနော် ဖတ်မိတာကိုရေးတာခ်ခ်)
ဒါကြောင့်မို့ ကျယ်ပြန့်တဲ့စက်ဝိုင်းခြမ်းပုံ စလောင်းဗန်းတွေကို
အသုံးပြုကာ မျက်နှာပြင်ပေါ်ရိုက်ပြီး စက်ဝိုင်းအခွက် သဘော
တရား အရ ဆုံမှတ်ကို ပြန်ကန်လာတဲ့signals တွေကိုစုထား တာတောင် အတော်နည်းနေပါသေးသတဲ့။
အဲ့လိုနည်းနေသေး ဆင်ဂနယ်အားကို ချဲထွင်းဖို့ အီလစ်ထရောနစ် နည်းပညာကိုထမ်မံအသုံးပြုရပါတယ်။
ဒီလို့ချဲ့ထွင်းရာမှာ မလိုလားတဲ့ ဆင်ဂနည်း (noise)တွေ
မပါဝင်အောင်ကြိုးစားပြီးချဲ့ထွင်းရတာ မို့ အဲဒီအစိတ်အပိုင်း ကို
“Low Noise Amplifier” - LNA. လို့ခေါ်ပါတယ်၊
ဒီလိုချဲ့ထွင်းရာမှာ လုံလောက်တဲ့ ဆင်ဂနယ်အားရရှိဖို့
အဆင် (၃)ဆင့်လောက်နဲ့ချဲ့(Noise)မပါဝင်အောင်
LNA ကို တည်ဆောက်ထားရပါတယ်။
ဒီမှာမှတ်သားစရာပြောချင်တာကတော့ (noise) ပါဝင်မှုကို
ဖော်ပြထဲ့ unit ကတော့ “Noise Temperature”.ဖြစ်ပြိး
Kelvin (k) နဲ့ ဖော်ပြပါတယ်
(k)က (db)နဲ့ လည်းဆက်နွယ်နေပြီး
(0.1db)မှာ (7 k) / (0.2db)=14k / 0.3db=21k ဖြစ်လို့
(0.1 db )တိုးတိုင်းမှာ (7k)ပေါင်းထည့်ရပါတယ်
ဒီယူနစ်တွေက LNA ရဲ့ ပါဖော့မန့်ကို ဖော်ပြရုံသာဖြစ်ပြီး
လွန်ခဲ့တဲ့ 10နှစ်ကျော်တုန်းက အကောင်းဆုံး lna ရဲ့ (k)
က 24 degrees Kelvin ဖြစ်ပြီး ယခုဆိုလျှင် 15’k ဖြစ်လာပါပြီ
ဒါကို lnb ရဲ့ စက္ကူဗူးတွေ မှာ ရေးထားပါတယ်
ဒီမှာရီစရာပြောခြင်တာကတော့
“ ထန်းလျှက် ကို မျိုးအနည်းငယ်ချန်ပြီး ကျန်တာ အကုန်ပို့ပါ“
“ ph 7 နဲ့ပဲ ကျေနပ်မနေနဲ့ ph 9 ထိရအောင်ကြိုးစားကြပါ“
လို့ $တလွဲ အမိန့်ပေးခဲ့သလိုမျိုးပဲ
ကျနော်တို့ ရွှေတွေက ဂဏန်းကြီးတိုင်းကောင်းတယ်ထင်တော့
အဟိ air com ၀ယ်ရင် noise db ဂဏန်းကြီးတာကောင်းတယ်
ထင်ပြီး စွပ်ဝယ်သလိုပဲ
နားမလည်တုန်းကထိပ်ဖူးဝယ်တာတောင်
၁၇ံ k က (15’k)ထက်အပူပို ပြီး
ခံမယ်ထင်လို့ (17’k )ကြီးတမင်ရွေးဝယ်ခဲ့ဖူးသေးတယ် ခ်ခ်
ပြောရင်ချော်သွားပြန်ဘီ
အဲ မြေပြန်စခန်းမှ ဂြိုလ်တု ၊ ဂြိုလ်တုမှ လက်ခံ စလောင်းဗန်း
ဆီရောက်ဖို့ အတွက် 36000km နှစ်ပြန်သွားရမှာမှိ့
hight freq 2Ghz မှ 12ghz အတွင်းသုံးရပြီး LNA ကချဲ့
ပြီးအထွက်မှာ 2Ghz မှ 12ghz အတွင်းရှိနေပါသေးတယ်
အဲ့မှာ ပြသနာက ကြိမ်းနှုန်းမြင့်လှိုင်းတွေက ကျနော်တို့
ရိုးရိုးကေးဘယ်အတွင်းမှာသွားရင် လှိုင်းတွေပျောက်ဆုံးရပါ
တယ်၊ ဗန်းနဲ့ စက်ကလည်း မီတာ10မှာ 50 အကြားရှိလို့
စက်ဆီကို hight freq တွေမရောက်နိုင်ပါဘူး
ဥပမာ ပေးရရင် ဆိုင်းဝိုင်းတစ်ခု က တီးတဲ့အသံတွေကို
ခပ်ဝေးဝေးက နားထောင်ရင်
ကြိမ်းနှုန်းမြင့်တဲ့ လင်းကွင်သံ ပလွေသံထက်
ကြိမ်းနှုန်း နိမ့်တဲ့ ဗုံသံ၊ ဘေ့စ် ဂီတာသံတွေက ပိုကြားရပါတယ်
ဆိုင်းဝိုင်းက ကိုယ်နဲ့နီးလာမှာသာ ကြိမ်နှုန်းမြင့် လင်ကွင်းသံ
ပလွေသံတွေကို ကြားရမှာပါ ဒီသဘောပါပဲ
ဒီတော့ ကြိမ်းနှုန်းမြင့်ကို Ghz မှ 950MHz to 2150 MHz
အကြားရှိတဲ့ IF (Intermediate Frequencies)ဖြစ်အောင်
ပြောင်းလဲပြီး နှိမ့်ချရပါတယ် ဒီလို block down လုပ်ပြီး ပြောင်းတဲ့အစိတ်အပိုင်းကို block converter လိုခေါပါတယ်
ဒီတော့ ဒီအစိတ်ပိုင်းနှစ်ခု
L N A (Low Noise amplifier)+ Block converter ကိုပေါင်း
ပြီး LNB လို့ ခေါ်တာပါ ။တစ်ခါတစ်လေ feed horn ( ပြန်လှိုင်း စုသော ကွင်းအ၀ိုင်း ) ကို ပါဝင်ကြောင်းဆိုပြီး LNBF လို့လည်း
သုံးပါတယ် ၊

lnb အကြောင်း သိကောင်းစရာ ( 2 )

radio wave ကို ရှာဖွေတွေ့ရှိခဲ့ တာ ကျနော်တို့ လူသားတွေ
အတွက်အကျိုးအများကြီးရှိခဲ့ပါတယ်၊ (wave) နဲ့ပါတ်သက်လို့
freq ကြိမ်နှုန်းဆိုတာ တစ်စက္ကန့်အတွင်း တိုင်းတာလို့ရတဲ့
လှိုင်း အကြိမ်အရေအတွက်ကိုပြောတာပါ။
လှိုင်းအလျား Wavelength ဆိုတာက လှိုင်းတစ်ခုရဲအရှည်ကို
ပြောတာပါ။
ရေကန်ထဲ ခဲပစ်လို့ ထွက်လာတဲ့ ရေလှိုင်းတွေကိုကြည့်ရင်
ခဲအနီးမှာ လှိုင်းအလျားတို ၊ လှိုင်အမြင့်ကြီး ၊ အကြိမ်များပြီး အဝေးဘက်ဆုံးက လှိုင်တွေက တော့ လှိုင်အလျှားရှည်ပြီး
အကြိမ်အရေအတွက်နည်းသွားတာကို တွေ့နိုင်ပါတယ်
ဒါကြောင့် လှိုင်အလျားတိုပြီး ကြိမ်နှုန်းမြင့်တဲ့ radio wave တွေ
ဟာ ကမ္ဘာတစ်ပတ်ကို ခဏလေးပတ်နိုင်ပါတယ်။
ကျနော်တို့ ပါးစပ်ကထွတ်တဲ့ အသံလှိုင်း audio waveတွေဟာ မီတာအနည်းငယ်ပဲရောက်နိုင်လို့ ကြိမ်းနှုန်းမြင့် radio wave
ပေါ်တင်ပြီး ထုတ်လွင့်ရပါတယ်။
radio wave က ထူးဆန်းသလားဆိုတော့ သိပ်မထူးဆန်းပါဘူး
ကိုယ်ထဲက ရေဒီယို လေးကိုဖွင့် မီးခုလုပ်ကလေး ဖွင့်လိုက်
ပိတ်လိုက်လုပ်ရင် ရေဒီယိုထဲ မှာ ဂျစ် ဂျစ် အော်ပါတယ် ဒါ
ရေဒီယိုဝေ့ဗ်ပဲလေ သံကြိုးရိုက်စနစ်က ဒါကို အခြေခံတာပါ။
ရေဒိယိုwave ပေါ်တင်တဲ့ နည်းကတော့ နှစ်နည်းရှိပြီး
ရေဒီယိုဝေ့ဖ်ရဲ့ လိုင်အမြင့် ကို ပြုပြင်တဲ့ AM နဲ့
ရေဒီယို ကြိမ်းနှုန်းကို ပြုပြင်ထုတ်လွင့်တဲ့ FM ပါ။
(အွန့် ဒါတွေ ဘာလို့ လာကြောနေတာလဲ လို့
ကြောတော့ ထိပ်ဖူး အကြောင်းဆို ဟွန့် လျာရှည်ထှာ)
ဟုတ်ပါဗျာ အခြေ ခံ အကြောင်းနဲ့ ပြီးတော့ စလောင်းနဲ့လည်း
ဆက်နွယ်နေတာတွေမို့ရှင်းပြနေရတာပါ
ကဲတော်ပြီး ဒါတွေရှင်းရရင်ရှည်လျားအုံးမယ် တိုတိုကြောမယ်ဗျာ
အဲ ရေဒီယို ဝေ့တွေကို ဖမ်းပြီးတဲ့အခါမှာ အဲဒီကြိမ်နှုန်းတွေထဲ
က carrier wave ကို ပြန်နုတ်ပြီး မူလ အော်ဒီယိုဝေကိုပြန်ထုတ်
သုံးရပါတယ်။
လာပြီး ခုမှ xp
အဲလို့ပဲ လွင့်စက်ရုံမှ ဂြိုလ်တုတွေဆီ၊ ဂြိုလ်တုမှ ဖမ်းစက်ဆီ
ရောက်အောင် ကြိမ်နှုန်းမြင့် လှိုင်း တွေကို လွင့်လို့တဲ့
ရုပ်သံလိုင်းတွေကို ရောပြီးလွင့်ရပါတယ်။
အသုံးပြုတဲ့ လှိုင်းတွေပေါ်မူတည်ပြီး
s/l/c/ku/ka band တွေဆိုပြီးခွဲခြားထားပြီး
ဖြော်ဖြေရေးအတွက် C နဲ့ Ku အသုံးပြုဖို့သတ်မှတ်ထားပါတယ်
စက်ရုံမှ လွင့်တာကို uplink လို့ခေါ်ပြီး ပြန်ဖမ်းတာကို
down link လို့သုံးပါတယ် (အမလေး သိပ)
ဒီလို အပ်နဲ့ဒေါင်း အတက်နဲ့အဆင်းမှာ အချင်းချင်းမညိုရအောင်
c band မှာ up for 5.925 to 6.425 GHzသုံးပြီး
down မှာ 3.7 to 4.2 GHz သုံးပါတယ် (eg 03660h30000)
ku မှာup for 12.75 to 14.25 GHzသုံးပြီး
down မှာ 10.5 to 13.25 GHz သုံးပါတယ် (eg 12272 )
ဒါကြောင့် c နဲ့ ku အလွယ်ခွဲခြင်ရင် freq မှာ လေးလုံးပါရင်
c band နဲ့ ၅ လုံးပါရင် ku ပေါ့
ဒီတော့ lnb တွေမှာ ရေးထားတဲ့ lnb L.O.freq ဆိုတာဘာလဲ??
စီ ထိပ်ဖူးတွေမှာ ဆို lnb L.O.freq -5150 နဲ့
ကေယူ ထိပ်ဖူးတွေမှာ lnb L.O.freq 11300 တို့ 9750/10600
တွေ ရေးထားတာ တွေဖူးမှာပါ
lnb L.O.freq =LNB LOCAL OSCILLATOR Freq ပါ
စောနက ရေးထားသလိုပေါ့ carrier hight Frq တွေ ထဲက
ရောနှောထားတဲ့ ရုပ်သံတွေကို စစ်ထုတ်ဖို့နဲ့
IF (Intermediate Frequencies)ဖြစ်အောင် ပြောင်းရတဲ့
block converter အစိတ်အပိုင်းမှာ L.O.freq က အဓိကကြ
ပါတယ်။ထွက်လာတဲ့ if တွေက OSCILLATOR ပေါ် မှီနေတာမို့
လှိုင်းထုတ် တဲ့ ခရစ်စတယ်လေးတွေက ကြိမ်းအနှုန်းအသေ
ချိန်ထားရပြီး အပူကြောင့်ပြောင်းလဲတာ၊ ဗို့လ်အားကြောင့်
ပြောင်းလဲတာမျိုးမဖြစ်စေရပါဘူး။
ဒါကြောင့် lnb L.O.freq ပေါ်မူတည်ပြီး စီထိပ်ဖူး၊ ကေယူထိပ်ဖူးဆို
ပြီးကွဲသွားတာပါ။
ဒါကိုထပ်ရှင်းရရင်တော့
The satellite broadcast frequency ထုတ်လွင့် ကြိမ်းနှုန်း
(channl transponder freq)ဟာ
The L.O. frequency နဲ့(IF)ပေါင်းထားတာပါ။
စကိုင်းနက်မှာ့  ရှစ်ပေ စလောင်းနဲ့တွဲဖို့ lnb L.O frq ရွေးစရာမှာ c band အတွက် 5150 မပါတော့ ဂလို ကြံဖန်ပြီးတော့
လုပ်ခဲ့ပါတယ်။
တကယ်တော့ ဖမ်းစက်ရဲအလုပ်လုပ်ပုံက
ကျနော်တို့ ဘယ်လိုပဲ channal freq ရိုက်ရိုက်
lnb settingတွေ ဘယ်လိုချိန်ချိန်
သူက lNB ကို လိုအပ်တဲ့ if ကိုတွက်ပြီး
တောင်းတာပါ။သူတွက်ပုံက
စီဆို L.O. frequency 5150 ထဲက ရိုက်လိုက်တဲ့ freq ကို နှုတ်ရင် If freq ရပြီး အာ့ ကို lnb ဆီတောင်းဆိုပါတယ်
ကေယူဆိုရင် ရိုက်လိုက်တဲ့ freq ထဲက L.O. frequency 11300
ကို နှုတ်ရင် if ကိုရပါတယ် (ပေါင်းတာနဲ့ နှုတ်တာကွာတယ်နော်)
ဒီတော့ ဒါကို တွက်ထုတ်ရင် fomular က ဂလိုရပါတယ်
c to ku ပေါ့ (ဥပမာ စီ 4200 အတွက်)
C lnb L.O - tp freq for C band lnb =IF
5150-4200= 950
IF + ku lnb L.O= tp freq for ku band lnb
950 + 11300=12250
c to ku fomular > (5150-tp freq )+ 11300=ku tp freq
ku to c fomular > 5150-(tp freq-11300)= c tp freq
ဒီတော့ 4200 ရှိတဲ့ စီလိုင်းချယ်နယ်ကို စကိုင်းနက်မှာ Lnb ကို
11300 ထားပြီး တွက်ထားတဲ့ 12250 နဲ့ ဖမ်းရင် မိမှာပါ။
စကိုင်းနက်က စီကို ပိတ်ထားလဲ အေးဆေးပေါ့။
ရှုပ်ကုန်ဘီလား ခ်ခ် ဒီမှာကြည့်
စီအတွက် IF က 5150-4200= 950 ပါ
ကေယူအတွက် IF က 12250-11300= 950 ပဲ ဒါကြောင့်
စက်က lnb ကို If freq 950Mhz ကိုပဲ တောင်းမှာပါ။

Post by HELLMAN 

No comments: