Thursday, March 5, 2015

LNB အကြောင်း သိကောင်းစရာ။(3)

LNB အကြောင်း သိကောင်းစရာ။(3)


မေး၊- ဘာဖြစ်လို့c band 8ပေဗန်းတွေက ကြီးပြီး
ကေယူ နှစ်ပေဗန်းတွေက ဘာလို့သေးရတာလဲ
ဖြေ- လှိုင်းအမျိုးမျိုးနဲ့ ထုတ်လွင့်ကြည့်တဲ့အခါမှာ လက်ခံရရှိ
တဲ့ အချက်ပြ မှု ပမာဏ က freq နဲ့ ချိတ်ဆက်နေပါတယ်။
တူညီတဲ့ဗန်းအရွယ်မှာ higher freq တွေ က lower freq ထက်singial ပိုမိုရရှိပါတယ်။ဒါကြောင့် higher freq ကိုသုံးတဲ့
အခါ ဗန်း size သေးတာတောင် ဖမ်းယူအားကောင်းပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ နေရာယူမှုနည်းပြီး ဖမ်းအားကောင်း
တဲ့ ku band ကို အသုံးများလာပါ။
3.7 ghz to 4.2 ghz အတွင်း lower freq သုံးတဲ့
C band တွေရဲ့လက်ခံရရှိမှု singnal ဟာနည်းတာကြောင့်
ဗန်းကြီးသုံးပြီးဖမ်းရတာပါ။
ဂြိုလ်တုက ထုတ်လွင့်တဲ့ freq လွမ်းခြုံနိုင်တဲ့ coverage area
ကို ဂြိုလ်တုရဲ့ ခြေရာ footprint area လို့ခေါ်ပါတယ်။
C band ရဲ့ အားသာချက်ကတော့ footprint area က
ကေယူ ထက် ပိုကျယ်ပါတယ်။
ကေယူရဲ့အာသာချက်ကတော့ ဗန်းသေး၊ ဖမ်းအားကောင်းပေမဲ့
coverage area က ကျဉ်းပါတယ်။ တစ်ပေဗန်းတောင်မြင်ဖူးမှာ
ပါ။ ဥပမာ၊ ကမ်းရိုးတန်း ဖုန်းနဲ့ gsm လို့ပေါ့၊
ကမ်းရိုးတန်းဖုန်းက အနိမ့် freq 450 mhz သုံးတော့ ဝေးဝေး
ရောက်တယ် ။ bts တာဝါတိုင် နည်းနည်းပဲထူရလို့ တွက်ချေ
ကိုက်တယ်၊
gsm ဖုန်းကြတော့ 800/900 mhz အမြင့် freq သုံးတော့
လိုင်းဖမ်းအားကောင်းတယ် ၊ တိုင်များများထူရတယ်။ဝေးဝေး
မရောက်ဖူး၊
မေး- ဟွန့်ရှုပ်ကုန်ဘီး၊ ဒါဆို ရင် အနိမ့်freq (ဗုံသံ)တွေက
ဝေးဝေးရောက်တယ်ဆို ရင် ဘာလို့ သူချည်းမသုံးပဲ အမြင့်
ကြိမ်းနှုန်းပေါ်တင်ပြီးပို့ရတာလဲ ???
ဖြေ- ဒါက ဂလိုရှိပါတယ်။ (ကောင်းလိုက်တဲ့မေးခွန်းဗျာ)
ကျနော်တို့ပြောတဲ့ ဝေးဝေး ရောက်တယ် မရောက်ဖူးဆိုတာက
wave form မပျက်ပဲ အဝေးဆုံးသွားနိုင်တာကို ပြောတာပါ။
ဆိုလိုတာက (ကြိမ်းနှုန်းမြင့်ဆို h.f နဲ့ အနမ့် ကို Lf သုံးမယ်)
ရေကန်ထဲ ခဲကြီးပစ်လို့ဖြစ်တဲ့ လှိုင်း (h .f) က ဝေးဝေးရောက်
ပြီး ခဲသေး ပစ်လို့ဖြစ်တဲ့ လှိုင်း(LF)ကသိပ်မရောက်ပါဘူးဆိုတာ
လက်တွေ့မြင်နေရပြီး ၊အသံကြတော့ LF က ဝေးဝေးရောက်
တယ် ဆိုတော့ စိတ်ထဲ ဇဝေ ဇ၀ါဖြစ်ကုန်တာပေါ့
တကယ်တော့ ရေထဲ ခဲကြီးပစ်လို့ ဖြစ် Hf လှိုင်းက ဝေးဝေး
ရောက်ပေမဲ့ ဝေးသွားလေ လှိုင်းအလျားရှည်ြ့ပီး မူရင်နဲ့မတူပဲ ပုံစံပျက်သွားတာပါ။ဒါကြောင့် ပလွေသံဟာ အဝေးကဆို
လိုင်းက ရောက်ပေမဲ့ လှိုင်းပုံစံ ပျက်သွားလို့မကြားရတာပါ။
နောက်တစ်ခုက
ကြိမ်နှုန်းအမျိုးမျိုးကို လေထုထဲ လွင့်ကြည့်တဲ့အခါမှာ
အချို့ ကြိမ်နှုန်းတွေက လေထုက စုပ်ယူခံရပြီးပျောက်သွားတယ်
တချို့ကြတော ကမ္ဘာလေထုအပေါ်မှာရှိတဲ့ အက်စတိုဖီယာအ
လွာဆိုလား ဘာအလွားဆိုလာ အဲဒါကို ထိရိုက်ပြီး ပြန်ကန်
လာတယ် ဥပမာ ရေဒီလှိုင်းတွေပေါ့။ တချို့freq က တော့
အဲအလွာကို ဖောက်ထွက်နိုင်တယ်၊ လိုင်းအလျားတိုတဲ့ h freq တွေက သာဖောက်ထွက်နိုင်ကြပါတယ်
ဥပမာ ပြောရရင် မိုက်ကရိုဝေ မီးဖိုပေါ့ဗျာ
အလုပ်လုပ်ပုံကတော့ hight freq micro wave ကို ထုတ် လွင့်ပြီး
ချက်ပြုပ်တဲ့ အရာတွေကို ဖြတ်သန်းစေတာပေါ့
micro wave တွေ ဖြတ်သန်းစဉ်မှာ ချက်ပြုပ်မဲ့ အရာတွေထဲက
အက်တမ်တွေကို တစ်ခုနဲ့ တစ်ခု ပွတ်တိုက်ခုန်စေတဲ့အတွက် အပူထွက်လားပြီး အစားသောက်တွေကို ကျက်စေတာလေ
အာ့မီဖိုမှာ အရှေ့က မှန်လေးနဲ့ ကာထာတယ်လေ
ထွက်လာတဲ့ micro wave တွေက မှန်ကိုတော့ မဖောက်ထွက်ပဲ
အထဲမှာ လှောင်ပိတ်ခံထားရတယ်လေ အပြင်သာ ဖောက်ထွက်
နိုင်လို့ကတော့ ကျနော်တို့ပါ ကျက်သွားမယ်နော် ခ်ခ်
အဲ ဒါပေမဲ့ အထဲက အစားအစားကို တော့ မြင်နေရတယ်လေ
ဘာလို့လဲဆိုတော့
အလင်းက လှိုင်းအလျှားတိုပြီး ကြိမ်းနှုန်းမြင့်လွန်းလို့ မှန်ကို
ဖောက်ထွက်နိုင်တာပါ။
ဒါကြောင့် လေထုထဲက စောနကအလွာကို ဖောက်ထွက်ပြီး
ဂြိုလ်တုနဲ့ ဆက်သွယ်ဖို့ hight freq တွေ သုံးရတာပါ
(အင်းတော်တော်ရှည်တဲ့ လျာပဲနော် ခ်ခ်)
မေး -ဟုတ်ပါဘီ ku band lnb က ဘယ်နှစ်မျိုးရှိလဲ?
ဖြေ - ဟုတ် နှစ်မျိုးပါ ရိုးရိုး ku LNB နဲ့ universel ku LNB။
ထွတ်လွင့်တဲ့ လိုင်အပေါ်မူတည်ပြီး ရိုးရိုး ku မှာ L.O .freq က
9750တို့ 11300 တို့ အစားစားရှိပြီး universel ku LNB ရဲ့
L.O .freq က 9750 နဲ့ 10600 အကြားမှာ auto ပြောင်းပြီး
အလုပ် လုပ်ပါတယ်။

No comments: