Wednesday, December 4, 2013

ဒီဂျစ်တယ်နည်းပညာဖြင့် ရိုက်ကူးထုတ်လွှင့်မည့် မြန်မာ့ရုပ်မြင်သံကြားမှ ရိုက်ကူးရေးယာဉ်များ

မန်မာ့ရုပ်မြင်သံကြားသည် သတင်း နှင့် ဖျော်ဖြေရေး ကဏ္ဍများကို အဆင့်မီစွာ ရိုက်ကူးတင်ဆင်ပေးနေသည့်နည်းတူ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုများကိုလည်း နိုင်ငံတကာအဆင့်မီ ဒီဂျစ်တယ်နည်းပညာများသုံးကာ ပြည်သူများအား တင်ဆက်ပေးနိုင်အောင် ကြိုးပမ်းလျက်ရှိသည်။

နေပြည်တော်ရှိ ဆီးဂိမ်း အားကစားပြိုင်ပွဲများမှ အမျိုးသားဘောလုံးပွဲစဉ်များ ကျင်းပမည့် ဇေယျာသီရိအားကစားကွင်း၊ လှေလှော်ပြိုင်ပွဲ ကျင်းပမည့် ငလိုက်ဆည်နှင့် မြားပစ်ကွင်းတို့တွင် အားကစားပြိုင်ပွဲ များ ကျင်းပပုံကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်ရန် ပြင်ဆင်လျက်ရှိနေပြီဖြစ်သည်။

နေပြည်တော် ဇေယျာသီရိအားကစားကွင်းမှ ရိုက်ကူးထုတ်လွှင့်မည့် ရိုက်ကူးရေးယာဉ်သည် ဂျာမနီနိုင်ငံမှ အပြည့်အစုံတပ်ဆင်ကာ အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ (ပထမပုံ) အဆိုပါယာဉ်တွင် Audio ခန်း၊ Engineering ခန်း၊ Production ခန်း စသည်ဖြင့် အပြည့်အစုံပါရှိပြီး Program တစ်ခုလုံးကို အရည်အသွေး ပြည့်မီကောင်းမွန်စွာ ထုတ်လုပ်နိုင်သည်။ ကင်မရာ ရှစ်လုံးကို ထိန်းချုပ်နိုင်ကာ ထပ်မံ၍လည်း ကင်မရာများ ဖြည့်စွက်ချိတ်ဆက် ရိုက်ကူးနိုင်ကြောင်း သိရသည်။ ရိုက်ကူးလျက်ရှိသည့် ရုပ်ပုံ အချက်အလက်များကို တိုက်ရိုက်ထုတ်လွှင့်နိုင်သကဲ့သို့ သိမ်ထားလိုပါက သိမ်းထားနိုင်သည့်စနစ်ပါရှိသည်။

ဤHD OB Van တွင် Satellite တွဲဖက် ပါဝင်ခြင်းမရှိသည့်အတွက် အဆိုပါယာဉ်အား တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ရာတွင် အသုံးပြုမည်ဆိုပါက Satellite စနစ်ကို ရိုက်ကူးမည့်နေရာ၌ ကြိုတင်စီမံထားရန်လိုအပ်ကြောင်းလည်း သိရသည်။

လှေလှော်အားကစားနှင့် မြားပစ်အားကစားတို့တွင် အသုံးပြုမည့် ရိုက်ကူးရေးယာဉ်HD DSNG Van များသည် (ဒုတိယပုံ) အကောင်းဆုံးပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူကာ မြန်မာနိုင်ငံတွင် တပ်ဆင်ထားခြင်း ဖြစ်သည်။ အဆိုပါယာဉ်များသည် ကင်မရာသုံးလုံးကို ယာဉ်အတွင်းမှပင် ကိုင်တွယ်ထိန်းချုပ်နိုင်ပြီး ထပ်မံ၍လည်း ကင်မရာများ ချိတ်ဆက်နိုင်ကြောင်း သိရသည်။

အဆိုပါ HD DSNG Van များသည် satellite ပါဝင်သည့်အတွက် HD OB Van များထက် သာလွန်သည့်အချက် ဖြစ်သည်။ HD DSNG Van သည် လတ်တလောထူးခြားဖြစ်စဉ်များအား ရိုက်ကူးထုတ်လွှင့်ရာတွင် များစွာအသုံးဝင်ကြောင်း သိရသည်။ ပြင်ပကင်မရာများမှ ရိုက်ကူးလိုက်သည့် ရုပ်ပုံအချက်အလက်များကို satellite သို့ တစ်ပြိုင်တည်း တင်ပို့နိုင်ပြီး ပြည်သူများသို့ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသနိုင်သည်။ နိုင်ငံတကာတွင် အများဆုံး အသုံးပြုလျက်လည်း ရှိကြောင်း သိရသည်။

ဤကဲ့သို့ အရုပ် အသံ အရည်အသွေး ပြည့်မီစွာ ထုတ်လွှင့်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည့် မြန်မာ့ရုပ်မြင်သံကြား၏ ကြိုးစားရိုက်ကူးတင်ဆက်မှုများကို မကြာမီ ယှဉ်ပြိုင်ကြတော့မည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် ပြည်သူအများ ကြည့်ရှုခံစားရပါတော့မည် ဖြစ်ကြောင်းကို ကြိုတင်သတင်းကောင်းပါးရပါသည်။

Photo: ဒီဂျစ်တယ်နည်းပညာဖြင့်  ရိုက်ကူးထုတ်လွှင့်မည့် 
မြန်မာ့ရုပ်မြင်သံကြားမှ ရိုက်ကူးရေးယာဉ်များ

နေပြည်တော် နိုဝင်ဘာ ၂

မြန်မာ့ရုပ်မြင်သံကြားသည် သတင်း နှင့် ဖျော်ဖြေရေး ကဏ္ဍများကို အဆင့်မီစွာ ရိုက်ကူးတင်ဆင်ပေးနေသည့်နည်းတူ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုများကိုလည်း နိုင်ငံတကာအဆင့်မီ ဒီဂျစ်တယ်နည်းပညာများသုံးကာ ပြည်သူများအား တင်ဆက်ပေးနိုင်အောင် ကြိုးပမ်းလျက်ရှိသည်။

နေပြည်တော်ရှိ ဆီးဂိမ်း အားကစားပြိုင်ပွဲများမှ အမျိုးသားဘောလုံးပွဲစဉ်များ ကျင်းပမည့် ဇေယျာသီရိအားကစားကွင်း၊ လှေလှော်ပြိုင်ပွဲ ကျင်းပမည့် ငလိုက်ဆည်နှင့် မြားပစ်ကွင်းတို့တွင် အားကစားပြိုင်ပွဲ များ ကျင်းပပုံကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်ရန် ပြင်ဆင်လျက်ရှိနေပြီဖြစ်သည်။

နေပြည်တော် ဇေယျာသီရိအားကစားကွင်းမှ ရိုက်ကူးထုတ်လွှင့်မည့် ရိုက်ကူးရေးယာဉ်သည် ဂျာမနီနိုင်ငံမှ အပြည့်အစုံတပ်ဆင်ကာ အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ (ပထမပုံ) အဆိုပါယာဉ်တွင် Audio ခန်း၊ Engineering ခန်း၊ Production ခန်း စသည်ဖြင့် အပြည့်အစုံပါရှိပြီး Program တစ်ခုလုံးကို အရည်အသွေး ပြည့်မီကောင်းမွန်စွာ ထုတ်လုပ်နိုင်သည်။ ကင်မရာ ရှစ်လုံးကို ထိန်းချုပ်နိုင်ကာ ထပ်မံ၍လည်း ကင်မရာများ ဖြည့်စွက်ချိတ်ဆက် ရိုက်ကူးနိုင်ကြောင်း သိရသည်။ ရိုက်ကူးလျက်ရှိသည့် ရုပ်ပုံ အချက်အလက်များကို တိုက်ရိုက်ထုတ်လွှင့်နိုင်သကဲ့သို့ သိမ်ထားလိုပါက သိမ်းထားနိုင်သည့်စနစ်ပါရှိသည်။

ဤHD OB Van တွင် Satellite တွဲဖက် ပါဝင်ခြင်းမရှိသည့်အတွက် အဆိုပါယာဉ်အား တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ရာတွင် အသုံးပြုမည်ဆိုပါက Satellite စနစ်ကို ရိုက်ကူးမည့်နေရာ၌ ကြိုတင်စီမံထားရန်လိုအပ်ကြောင်းလည်း သိရသည်။

လှေလှော်အားကစားနှင့် မြားပစ်အားကစားတို့တွင် အသုံးပြုမည့် ရိုက်ကူးရေးယာဉ်HD DSNG Van များသည် (ဒုတိယပုံ) အကောင်းဆုံးပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူကာ မြန်မာနိုင်ငံတွင် တပ်ဆင်ထားခြင်း ဖြစ်သည်။ အဆိုပါယာဉ်များသည် ကင်မရာသုံးလုံးကို ယာဉ်အတွင်းမှပင် ကိုင်တွယ်ထိန်းချုပ်နိုင်ပြီး ထပ်မံ၍လည်း ကင်မရာများ ချိတ်ဆက်နိုင်ကြောင်း သိရသည်။

အဆိုပါ HD DSNG Van များသည် satellite ပါဝင်သည့်အတွက် HD OB Van များထက် သာလွန်သည့်အချက် ဖြစ်သည်။ HD DSNG Van သည် လတ်တလောထူးခြားဖြစ်စဉ်များအား ရိုက်ကူးထုတ်လွှင့်ရာတွင် များစွာအသုံးဝင်ကြောင်း သိရသည်။ ပြင်ပကင်မရာများမှ ရိုက်ကူးလိုက်သည့် ရုပ်ပုံအချက်အလက်များကို satellite သို့ တစ်ပြိုင်တည်း တင်ပို့နိုင်ပြီး ပြည်သူများသို့ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသနိုင်သည်။ နိုင်ငံတကာတွင် အများဆုံး အသုံးပြုလျက်လည်း ရှိကြောင်း သိရသည်။

ဤကဲ့သို့ အရုပ် အသံ အရည်အသွေး ပြည့်မီစွာ ထုတ်လွှင့်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည့် မြန်မာ့ရုပ်မြင်သံကြား၏ ကြိုးစားရိုက်ကူးတင်ဆက်မှုများကို မကြာမီ ယှဉ်ပြိုင်ကြတော့မည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် ပြည်သူအများ ကြည့်ရှုခံစားရပါတော့မည် ဖြစ်ကြောင်းကို ကြိုတင်သတင်းကောင်းပါးရပါသည်။Admin:#kzm

No comments: