Monday, December 2, 2013

ဆီးဂိမ်းပြိုင်ပွဲ

ဆီးဂိမ်းပြိုင်ပွဲ အားကစားပွဲအားလုံးကို MRTV၊ FOREVER MEDIA GROUP နှင့် SKYNET တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်
Monday, December 02, 2013

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့တွင် ကျင်းပမည့် ပြိုင်ပွဲများအားလုံးမှ အားကစားပွဲ အားလုံးကိုMRTV ၊ FOREVER MEDIA GROUP နှင့် SKYNET ရုပ်သံလိုင်းများမှ တိုက်ရိုက်အခမဲ့ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးခေါင်းဆောင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဦးဝင်းကြည်က နေပြည်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“FOREVER MEDIA GROUP က တာဝန်ယူ ခွဲဝေထားတဲ့ အားကစားနည်း(၁၁) မျိုးရဲ့ ယှဉ်ပြိုင်ကစား ကြပုံတွေကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ပေးသွားမှာပါ။ မြန်မာအသင်းပါဝင်တဲ့ပွဲစဉ်တွေ အားလုံးကိုFOR SEA GAMES CHANNEL ရုပ်သံလိုင်းမှာထုတ်လွှင့်မှာဖြစ်ပြီး ကျန်တဲ့ပြိုင်ပွဲအများစုကိုတော့ FOR SEAGAMES CHANNEL နဲ့ SPORT(2) ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်သွားမှာပါ” ဟု ဦးဝင်းကြည်က ပြော သည်။

ယှဉ်ပြိုင်မှုအမျိုးမျိုးရဲ့ နေ့စဉ် Hightlight သတင်း၊ ပြိုင်ပွဲခန့်မှန်းသတင်းနှင့် အခြားဆီးဂိမ်းနှင့်ဆိုင်သော ဆီးဂိမ်းနှင့်ပတ်သက်သည့် program များကို Channel-7 နှင့် MRTV-4 တို့မှ ထုတ်လွှင့်ပေးမည်ဖြစ်သည်။

“SKYNET ကတော့သူတို့ တာဝန်ယူထားရတဲ့ အားကစားပြိုင်ပွဲ (၁၆)မျိုးကို ရိုက်ကူးပြီးတော့ SKYNET ရုပ်သံလိုင်း(၁၀)လိုင်းကနေ ထုတ်လွှင့်ပေးသွားမှာပါ” ဟု ဦးဝင်းကြည်က ဆက်လက်ပြောသည်။

မြန်မာအသင်းပါဝင်ယှဉ်ပြိုင်မည့် ပွဲစဉ်များအားလုံးနှင့် ပရိတ်သတ်အကြိုက် တွေ့စေမည့် ပွဲကြီးပွဲကောင်း များကိုမြန်မာ့အသံ (MRTV) တွင် နိုဝင်ဘာ ၄ရက်မှစ၍ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

“နိုင်ငံခြားအသင်းပြိုင်ပွဲတွေကိုတော့MRTV &JHUDIGITAL DVB-T2CHANNEL ဖြစ်တဲ့ MRTV SEA GAMES-1 မှာ ခြင်းလုံး၊ ပြေးခုန်ပစ်၊ အလေးမ၊ ကာယဗလနဲ့ ဘိလိယက် စနူကာပွဲတွေ ထုတ်လွှင့်မယ်။MRTV SEA GAMES-2 မှာ Indoor ပွဲစဉ်တွေနဲ့ MRTV SEA GAMES-3 မှာOutdoor ပွဲစဉ်တွေကို အဓိကထား ထုတ်လွှင့်ပေးသွားမှာပါ” ဟု ၎င်းကဆက်လက် ပြောသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ FOREVER GROUP နှင့် SKYNET တို့က ထုတ်လွှင့်ပြသမည့် အဆိုပါ အားကစားပြိုင်ပွဲ အစီအစဉ်များကို ပြည်သူများအနေဖြင့် free to airအခမဲ့ ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။

No comments: