Thursday, November 21, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် Sky Net မှ ရုပ်သံလိုင်း ၁၀ လိုင်းဖြင့် အားကစားပွဲစဉ်များ ကို ထုတ်လွှင့်ပြသပေးမည့် အပြင် ဆီးဂိမ်းပြိုင်ပွဲမှာဖွင့်ပွဲ အခမ်းအနား၊ ပိတ်ပွဲ အခမ်းအနား တွေလည်း ပြသမည်

ဆီးဂိမ်းပြိုင်ပွဲတွင် Sky Net မှ ရုပ်သံလိုင်း ၁၀ လိုင်းဖြင့် အားကစားပွဲစဉ်များ
ကို ထုတ်လွှင့်ပြသပေးမည်

လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ၌ Sky Net ၏
ရုပ်သံလိုင်း ၁၀ လိုင်းမှ အားကစားပွဲအစီအစဉ်များကို ထုတ်လွှင့်ပြသသွားမည်
ဖြစ်ကြောင်း ယင်းရုပ်သံလိုင်း မှ တာဝန်ရှိသူတစ်ဦး က Tech Space သို့
ပြောကြားသည်။

အဆိုပါ တာဝန်ရှိသူက "ကျွန်တော်တို့ Sky Net ရဲ့ လိုင်း ၁၀ လိုင်းကနေ အားကစားပြိုင်ပွဲတွေကို ပြသဖို့ စီစဉ်ထားပါတယ်။ မြန်မာ့ ရုပ်မြင် သံကြားရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူပြသသွားမှာပါ" ဟု ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲကြီး၏ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများကိုလည်း Sky Net
ရုပ်သံလိုင်း များတွင် ကြည့်ရှုခွင့်ရမည်ဖြစ်ပြီး Sky Net မှမြန်မာ့ရုပ်မြင်သံကြား၏လမ်းညွှန်မှုဖြင့် ပြသသွားမည်ဖြစ်ကြောင်း ၊ပြိုင်ပွဲကာလ အတွင်း တိုက်ရိုက်အစီအစဉ်များဖြင့်လည်းကောင်း ၊ Delay
အစီအစဉ်များဖြင့် လည်းကောင်းပြသရန်စီစဉ်ထားကြောင်း ဆက်လက်ပြော
ကြားသည်။

ယင်းက "ဆီးဂိမ်းပြိုင်ပွဲမှာဖွင့်ပွဲ အခမ်းအနား၊ ပိတ်ပွဲ အခမ်းအနား တွေလည်း ပြသဖို့ စီစဉ်ထားပါတယ်။ ပြိုင်ပွဲကာလမှာလည်း တိုက်ရိုက် အစီအစဉ်၊ Delay အစီအစဉ်တွေနဲ့ ပြသမှာပါ။ဒါပေမယ့် တိုက်ရိုက်အစီအစဉ်ကို ပိုမိုဦးစားပေးထုတ်လွှင့်ပြသသွားမှာပါ " ဟုပြောသည်။

ဆီးဂိမ်းပြိုင်ပွဲတွင်ပါဝင်မည့် အားကစားနည်းများကို မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားမှ အားကစားနည်း ၁၂ မျိုး ၊ Sky Net မှ နှင့် MRTV 4 မှ အားကစားနည်း ၁၁ မျိုးတို့ကို တာဝန်ယူရိုက်ကူး ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းအားကစားနည်း ၂၁ မျိုးကို တိုက်ရိုက် ပြသ
သွားမည်ဖြစ်ပြီး ကျန်အားကစားနည်းများကို Delay ပြသသွားမည်ဖြစ်ကြောင်း
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးနှင့်ပတ်
သက်၍ လူထုစည်းရုံးလှုံ့ဆော်ရေး၊ သတင်း ပြန်ကြားရေး နှင့် မှတ်တမ်းတင်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားချက် အရသိရသည်။

Photo: ဆီးဂိမ်းပြိုင်ပွဲတွင် Sky Net မှ ရုပ်သံလိုင်း ၁၀ လိုင်းဖြင့် အားကစားပွဲစဉ်များ

==================

အေဝမ်း

==================

No comments: