Tuesday, November 19, 2013

SET TOP BOX သာဝယ်၍ လစဉ်ကြေးပေးရန်မလိုဘဲ အခမဲ့ကြည့်ရှုနိုင်မည့် ရုပ်သံလိုင်း (၂၀)

နေပြည်တော်တွင် ရုပ်သံဖမ်းယူကြည့်ရှုနိုင်မှု အခြေအနေအသေးစိတ်

နေပြည်တော် နိုဝင်ဘာ ၁၉

နေပြည်တော် ကောင်စီအနေဖြင့် ယခင်က ကေဘယ်လိုင်းဖြင့် ထုတ်လွှင့်ထားရှိသော အခပေး ရုပ်သံလိုင်းများ ကို နေပြည်တော်ကောင်စီနယ်မြေတွင် SET TOP BOX ဖြင့် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ရုပ်သံထုတ်လွှင့်ခြင်းအား ANALOGUE စနစ်မှ DIGITAL စနစ်သို့ ပြောင်းလဲထုတ်လွှင့်ရာတွင် DIGITAL စနစ်ဖြင့် ကြည့်ရှုလိုပါက SET TOP BOX အား လေးသောင်း နှစ်ထောင်ကျပ်ဖြင့် ဝယ်ယူရန် လိုအပ်ပါသည်။ အခပေးရုပ်သံလိုင်းများ ကြည့်ရှုလိုပါက လစဉ်ကြေးအဖြစ် ၂၀၀၀ကျပ် ပေးသွင်းရမည်ဖြစ်ပါသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ANALOGUE စနစ်ဖြင့် ကြည့်သောသူများအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နံနက် (၆) နာရီမှ ည (၁၁) နာရီအထိ ထုတ်လွှင့်လျက်ရှိသော ရုပ်သံအစီအစဉ်များကို SET TOP BOX မလိုဘဲ အခကြေးငွေပေးရန်မလိုဘဲ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

SET TOP BOX သာဝယ်၍ လစဉ်ကြေးပေးရန်မလိုဘဲ အခမဲ့ကြည့်ရှုနိုင်မည့် ရုပ်သံလိုင်း (၂၀) မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

1 Buddha
2 MRTV
3 MITV
4 MNTV
5 MRTV -4
6 MRTV (တို်င်းရင်းသား)
7 MRTV (FARMER)
8 MRTV (လွှတ်တော်)
9 MWD
10 5 SERIES / 5 MOVIES
11 SKY NET CARTOON
12 CHANNEL 7
13 FASHION ONE
14 MYANMAR MOIVES
15 SKY NET TEEN
16 SKY NET (ပညာရေး)
17 SKY NET (ကျန်းမာရေး)
18 SKY NET POLICE
19 SKY NET SPORTS
20 MWD - VARIETY

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတကာမှ ပြောင်းလဲလုပ်ဆောင်လျက်ရှိသော DIGITAL စနစ်ကူးပြောင်း ရေးတွင် အမှီလိုက်ပါနိုင်ရန် ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

1 comment:

Unknown said...

ကျွန်တော်တို့ မန်းလေးကပါ MRTV set top box နဲ့ အင်တာနာ ပြောင်းလဲဖို့လိုလားခင်ဗျ လက်ရှိ UHF အင်တာနာနဲ့ကြည့်တာ လိုင်းတွေ မိနေပေမယ့် ထစ် နေတာမျိုးကြီးတွေ ဖြစ်တာ MWD ( Documentary, Music , Varieties ) တို့ဆို လိုင်းမိနေပေမယ့် ဖွင့်လို့မရဖြစ်နေတာ ရပ်နေတာ ရုပ်တွေက အဲဒါ အင်တာနာ နဲ့ဆိုင်လား