Saturday, October 5, 2013

" ဘောလုံးပွဲ နှင့် ကဒ်လိုင်းတော်တော် များများကို မလွတ်တမ်းကြည့်နိုင်ပါပြီ C Cam

CCcam ကိုအသုံးပြု ပြီး thaicom ku ၊ thaicom c ၊ vinasat 1 တို့မှ ကဒ်လိုင်းတော်တော်များများ  ကြည့်လို့၇ပါတယ်။ဒါပေမဲ့ မိမိအသုံးပြု မယ့် receiver စက်ကို အင်တာနက် conection ပေးထားဘို့လိုပါမယ်။ internet speed မြန်ဘို့မလိုပေမယ့် conection ပြတ်တောင်းပြတ်တောင်းမဖြစ်ဘို့တော့လိုပါတယ်။GSM phone ကို
wifi hotspot ဖွင့်ပြီး internet conection share လုပ်ပြီး CCcam ကိုသုံးလို့ရပါတယ်။internet speed 15kb ခန့်ဖြင့် cccam ကို run နိုင်ပါတယ်။
              CCcam ကိုသုံးပြီး true ၊ K+ ၊ tensport (pas7/10) ၊ CDM package(chinasat 6b) နှင့် thaicom 5 c တို့မှ pay channel များကိုကြည့်လို့ရပါတယ်။

        CCcam Setup ကို ရှင်းပြပေးပါ့မယ်။စက်တစ်လုံးနဲ့တစ်လုံးအနည်းငယ်သာ ကွဲလွဲနိုင်ပါတယ်။ ပထမဦးစွာ အသင့်ရှိပြီးသား memmory stick ကို FAT32 ဖြင့် format ချပေးပါ။ထို့နောက် notepad ဖြင့်ေ၇းထားသော CCcam file ကို memmory stick ထဲသို့ coppy ကူးယူပါ။ထို့နောက် မိမိစက်၏နောက်မှ USB ပေါက်ထဲသို့ စောစောက CCcam file ပါသော memmory stick ကိုတပ်ပါ။ထို့နောက် CCcam Client Setup ထဲသို့ OK နှိပ်ပြီးဝင်ပါ။UPDATE Files By USB ထဲသို့ OK နှိပ်ပြီးဝင်ပါ။ ထို့နောက် ၄င်း setup ၏အောက်မှ CCcam.cfg ( CCcam plus ) ကို ok နှိပ်ပေးပြီး select လုပ်ပါ။ထို့နောက် remote control မှ အ၀ါရောင် ခလုတ်ကို နှိပ်ပြီး stick ထဲမှ CCcam file ကို Read လုပ်ပါ။ " Now Reading CCcam.cfg ....Find new account ...save data ok.....Read all finished.." ဆိုပြီး massage စာတန်းတက်လာပါမယ်။
  ထို့နောက် CCcam Client Setup ထဲမှ Manage Config files ထဲသို့ OK နှိပ်ပြီး ၀င်ပါ။၎င်း setup ၏အောက်မှ CCcam.cfg file တွင် OK နှိပ်ပြီးဝင်ပါ။ထိုမှတဆင့် Manage CCcam.cfg setup ထဲသို့ ရောက်ရှိသွားမှာဖြစ်ပြီး "C" ဖြင့်စသော dns လိပ်စာ တစ်ခု ကို တွေ့ရ မှာဖြစ်ပါတယ်။၎င်းကို " C line" ဟု ခေါ်ဆို ကြပါတယ်။ ၄င်း C line အလုပ်လုပ်နိုင်စေရန်အတွက် လုပ်ပေးရပါမယ်။ ၄င်း setup ထဲမှာပဲ နေပြီးလျှင် remote control ၏ up/down ခလုတ်များကိုနှိပ်ပြီး C line သို့သွားကာ ၄င်း C line စာတန်းကို Remote မှ OK (သို့) အစိန်းရောင် ခလုတ်ကို နှိပ်ပြီး active လုပ်ပေးပါ။ CCcam.cfg အလုပ်လုပ်ဖို့ အသင့်အနေထား ရောက်ရှိသွားပါပြီ။ ဒါပေမယ့် Network Setup လုပ်ပေးဖို့ ကျန်ပါသေးတယ်။EXIT ခလုတ်ကို နှိပ်ပြီး oင်ထားသော setup မှပြန်ထွက်ထားလိုက်ပါ။ထို့နောက် menu မှနေပြီး Network Setup ထဲသို့ဝင်လိုက်ပါ။DHCP တွင် On ဖြစ်နေရပါမည်။ Off ဖြစ်နေပါက On သို့ပြောင်းပေးပြီး Apply လုပ်ပေးပါ။ထို့နောက် remote ၏ menu ခလုပ်ကို သာ နှိပ်ပြီး ပြန်ထွက်ပေးပါ။ထို့နောက် မိမိစက် ၏ Ethernet ပေါက်ခေါ် LAN ပေါက်တွင်network ကြိုးတပ်ပြီး အင်တာနက်ဖြင့်ဆက်သွယ်ပေးလိုက်ပါ။အင်တာနက် speed အပေါ်မူတည်ပြီး ၂ မိနစ် မှ ၃ မိနစ်ခန့်အကြာတွင် CCcam စတင်အလုပ်လုပ်ပါပြီ။ထိုကဲ့သို ၃ မိနစ်ခန့်အကြာတွင် CCcam Client Setup ထဲမှ Manage Config Files ထဲသို့ ပြန်ဝင်ပါ။ထိုမှတဆင့် CCcam.cfg file ပေါ်တွင် OK ခလုတ်ကိုနှိပ်ပြီးထပ်ဝင်ပါ။ C line စာတန်း၏နောက်ဆုံးတွင် Online ဟုပြနေပါမည်။ Offline ဟုပြနေပါက မိမိစက်နှင့် အင်တာနက် အဆက်သွယ် မမှန်သေးပါ။

2 comments:

Unknown said...

c cam ဆိုတာဘယ်လိုမျိုးလည်း
မန္တလေးကဆိုတွေမသိကြလို့
ဘယ်မှာဝယ်လို့ရမှာလည်း

Myanmar Satellite Blog said...

အကို အဲဒီက ကတော့စက်ပါ CC Cam Setting ပါဖို့လိုမယ် Opening Box ဆိုအဆင်ပြေမယ် V2 Box တို့ပေါ့ V2 စက်ကိုပြည်မှတော့ကျွန်တော်ဝယ်တယ်
40000 ပဲရှိတယ် စက်ရှိရင်တော့ Post ကိုဖက်ပြီလုပ်ကြည့်ပါ
Key တွေကိုလဲတင်ထားပါတယ်


အဆင်ပြေပါစေ