Friday, August 28, 2015

UEFA Champions League group stage draw
===============
====================

၂၀၁၅-၁၆ရာသီ ဥရောပချန်ပီယံလိဂ် အုပ်စုအဆင့်ကို
ဒီနေ့(၂၇-၈-၂၀၁၅) မြန်မာစံတော်ချိန် ည ၁၀း၁၅နာရီအချိန်မှာ
မဲခွဲတော့မှာဖြစ်ပါတယ်... ဒီရာသီမှာ အသင်း၈သင်းပါဝင်တဲ့ မဲအိုး၎ခု သတ်မှတ်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းလိဂ်ချန်ပီယံအသင်းတွေကို မဲအိုး ၁ မှာအမြင့်ဆုံးဆီဒင်ပေးပြီး ပုံစံသစ်စ တင်ကျင့်သုံးခဲ့တာပါ။ အုပ်စုပုံစံကတော့ ၄သင်း ၈အုပ်စု ပုံစံအတိုင်း မဲခွဲသွားမှာပဲ ဖြစ်ပါတယ်။

မဲအိုး - ၁ မှာ ....
ဘာစီလိုနာ၊ ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ် ဂျူဗင်တပ်၊
ဘင်ဖီကာ၊ ပီအက်စ်ဂျီ၊ ဇင်းနစ်၊ ပီအက်စ်ဗွီ

မဲအိုး - ၂ မှာ ....
ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကို၊ ပေါ်တို၊ အာဆင်နယ်၊
မန်ယူ၊ ဗလန်စီယာ၊ လေဗာကူဆင်၊ မန်စီးတီး

မဲအိုး - ၃ မှာ ....
ရှက်တာဒိုးနက်၊ ဆီဗီလာ၊ လိုင်ယွန်၊ ဒိုင်နမိုကိဗ်၊
အိုလံပီယာကို့စ်၊ CSKA မော်စကို၊ ဂါလာတာစာရေး၊ ရိုးမား

မဲအိုး - ၄ မှာ ....
ဘိုရီဆော့ဗ်၊ ဂလက်ဘတ်၊ ၀ုဖ်ဘတ်၊ ဒိုင်နမိုဇာဂရက်
မက္ကာဘီတဲလ်အဗစ်၊ ဂျန့်၊ မဲလ်မို၊ အက်စ်တာနာ

... တို့ဟာ UEFAရဲ့ဆီဒင်သတ်မှတ်ချက် အစဉ်လိုက်အတိုင်
ပါဝင်နေကြပါတယ်... အားလုံးသိပြီးဖြစ်တဲ့အတိုင်း အုပ်စုအဆင့်မှာ
နိုင်ငံတူကလပ်သင်းအချင်းချင်း ကျရောက်မှာမဟုတ်တဲ့အတွက်
ထုံးစံအတိုင်း မရဏအုပ်စုတွေ ဖြစ်ပေါ်လာဖို့လည်း ရှိနေပါတယ်...

ဒီအုပ်စုမဲခွဲပွဲကို UEFA ရဲ့ Official ၀က်ဘ်ဆိုက်ဖြစ်တဲ့
www.uefa.com ကလည်း တိုက်ရိုက်တင်ဆက
ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

3 comments:

Bago Thu said...

ဆရာတို့​ရေ psi မှာ မြန်​မာစာထိုးနိုင်​ငံခြားကားလိုင်း​ပျောက်​သွားပြန်​ပြီ။bisskey=1357799913577999နဲ့မဟုတ်​​တော့ပြန်​ဘူး။ကူညီကြပါဦး။

Unknown said...

8​ပေစ​လောင်းနဲ့MWD လိုင်း​တွေဖမ်းလို့ရရင်​​ပြောပြ​ပေးပါ

Unknown said...

8​ပေစ​လောင်းနဲ့MWDလိုင်း​တွေဖမ်းလို့ရရင်​​ပြောပြ​ပေးပါ