Sunday, July 26, 2015

>>>လမင်းလေး ၂ စင်း<<<
လမင်းလေး နှစ်စင်း ပူးတွဲကာ တည်ရှိနေပုံကို နာဆာရဲ့ ကာဆီနီ အာကာသယာဉ်မှ အမိအရ ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒိုင်အိုနီ (Dione) နဲ့ တသည်း (Tethys) လို့ခေါ်တဲ့ စေတန်ဂြိုဟ်ရဲ့ မြောက်များလှစွာသော လများထဲက ၂ စင်းဖြစ်ပါတယ်။ ဂရိ ဒဏ္ဍာရီများထဲမှာတော့ ဒိုင်အိုနီဟာ ရေ ကိုစောင့်ရှောက်တဲ့ တိုက်တန်နတ်သမီးဖြစ်ပါတယ်။ တသည်း ကတော့ အလင်းရောင်ကို စောင့်ရှောက်ပေးတဲ့ နတ်သမီးတပါးပါ။ တချို့ကလည်း ရေကြည်ရေသန့်ကို စောင့်ရှောက်ပေးတယ်လို့ ဆိုကြပါတယ်။ ဒိုင်အိုနီဟာ တသည်းရဲ့ သမီးတော်တစ်ပါး ဖြစ်ပါတယ်။
ဒီလမင်း ၂ စင်းစလုံးကို အာကာသပညာရှင် ဂျီယိုဗာနို ကာဆီနီမှ ၁၆၈၄ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ စေတန်ကိုပတ်နေတဲ့ ဂြိုဟ်ရံလများကိုတော့ ဂရိ နတ်ဘုရားများထဲမှ တိုက်တန် အုပ်စုရဲ့ အမည်များကို မှည့်ခေါ်ထားကြခြင်းဖြစ်ပါတယ်။
ယခု လမင်းလေးနှစ်စင်းကတော့ ဒဏ္ဍာရီထဲက သားအမိတွေလို စေတန်ဂြိုဟ်အနီးမှာ ယှဉ်တွဲပြီး လှည့်ပါတ်တည်ရှိနေတာပဲ ဖြစ်ပါတော့တယ်.။
သန့်ဦး (အာကာသနှင့် စကြဝဠာ)

https://fbcdn-photos-b-a.akamaihd.net/hphotos-ak-xfp1/v/t1.0-0/s320x320/11041580_412983945559656_6989595290472975834_n.jpg?efg=eyJpIjoiYiJ9&oh=2a87eb6a9c92de983a15c4b5f9f7d1eb&oe=5640D8AF&__gda__=1448828063_6fceebd686b0e2080847ddea46b135c0

No comments: