Monday, February 16, 2015

News (အာကာသနှင့် စကြဝဠာ)

>>>အင်္ဂါဂြိုဟ် နှင့် သောကြာဂြိုဟ် ပူးမယ့် ရက်တွေ<<<
အင်္ဂါဂြိုဟ် (မားစ်) နဲ့ သောကြာဂြိုဟ် (ဗီးနပ်စ်) တို့ဟာ ၂၀၁၅ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည နေဝင်ပြီး ၁ နာရီခန့်မှာ အနောက်(တောင်) အရပ်မှာ လွန်စွာပူးတွဲနေသည်ကို မြင်နိုင်မှာ ဖြစ်ပါတယ်။
၎င်းဂြိုဟ်နှစ်လုံးဟာ ပြီးခဲ့တဲ့ အပါတ်က တစ်ခုနှင့်တစ်ခု ၈ ဒီဂရီခန့်အကွာမှာ ရှိနေရင်းက ယခု တဖြည်းဖြည်းချင်းနီးကပ်လာနေပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ၂ ဒီဂရီလောက်ဖြစ်လာမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ မှ ၂၃ ရက်အတွင်းမှာတော့ ၁ ဒီဂရီထက် လျော့နည်းပြီး ပူးကပ်နေမှာဖြစ်ပါတယ်။
လကွယ်ရက်က ၁၇ ရက်နေ့ဖြစ်ပြီး ဂြိုဟ်နှစ်ခု အလွန်ပူးကပ်နေချိန်မှာတော့ လခြမ်းကွေးကွေးလေးဟာလည်း အနောက်ဘက်ကောင်းကင်ယံ (ဂြိုဟ်များအနီး) မှာ ရှိနေမှာ ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ဟာ ပိုဝေးပြီး မှေးမှိန်တဲ့အတွက်.. လင်းလက်တောက်ပနေတဲ့ သောကြာဂြိုဟ်ကို ကျော်ပြီး မြင်တွေ့နိုင်ဖို့ တယ်လီစကုပ် (အဝေးကြည့်မှန်ပြောင်း) အကူအညီလည်း လိုအပ်နိုင်ပါတယ်။
ဗီးနပ်စ် နဲ့ မားစ် ပူးတွဲလို့ ငြိမ်းချမ်းရေး နိမိတ်ကို အမှန်တကယ် ယူဆောင်လာပါစေလို့ ဆန္ဒပြုရင်း..




သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments: