Monday, July 7, 2014

C band to Ku band

(C band to Ku band ) ဖော်မြူလာ
*************************************
တချို့သော စလောင်းဖမ်းစက်တွေမှာ c band lnb freq 5150 မပါပဲ ku Band Lnb 11300
နဲ့ universal lnb အတွက်ပဲ ပါတာ တွေ့ဖူးမှာပါ။
ဒီတော့ c band အတွက် channal freq သိပြီး ထိပ်ဖူး freq ပြောင်းမရလို့ သုံးမရပါဘူး
အဲဒီတွက် ဒီနည်းလေးသုံးကြည့်ပါလား
အရင် အင်ဒိုဗီးယား စက်တွေမှာ blind scan နဲ့ လိုင်းတစ်ခုတည်းကို ku ပြောင်းပြီးဖမ်း
လို့ရတဲ့ freq နံပါတ်နဲ့ c ပြောင်းပြီးဖမ်းလို့ရတဲ့ freq နံပါတ်ကို သင်္ချာနည်းနဲ့ အဖြေညှိ
တဲ့အခါ ဒီလို့တွေ့ရှိရပါတယ် (ငါကွ ဟိဟိ)
c နဲ့ ဖမ်းဖမ်း ku နဲ့ ဖမ်းဖမ်း synborate နံပါတ်က အတူတူပါပဲ။
ဥပမာ MRTV လိုင်းက 3730ံ 12500 ဆိုပါစို့
၁။ (Cband Lnb Freq) _ (Channal freq No for C) = Channal IF
ဒါဆို 5150 (C Lnb Freq) - 3730 (freq) = 1420 (if) ရပါတယ်
အဲဒါ mrtv လိုင်းရဲ့ IF ဖြစ်ပါတယ်

၂။ (IF) + (Ku band Lnb Freq) = (Channal freq No for Ku)
ဆိုတော့ကာ
1420(if) + 11300 (Ku band Lnb Freq)= 12720 (Channal freq No for Ku)
ဒီတော့ နောက်ဆုံးအဖြေက

MRTV လိုင်းက C band အတွက်က 3730 H12500 ဖြစ်ပြီး
KU အတွက်က 12720 H12500 ဖြစ်ပါတယ်

ဒီတော့ကာ ဖော်မြူလာ (C band to Ku band ) က
****************************************************************************
$ $
$ {5150 - (freq no for C band) } + 11300 = (Channal freq No for Ku) $
$ $
b*************************************************************************
Ku Band Lnb Freq က 6500/7500/9500/11300 ဆိုပြီး ထိပ်ဖူးပေါ်မူတည်၍ အမျိုးမျိုး
ရှိတဲ့အတွက် 11300 နေရာမှာ မိမိပြောင်းထားသော lnb Freq တန်ဖိုးပြောင်းထည့်ပေါ့
နံပါတ်တွေ lnb freq တွေသာ ပြောင်းလဲလို့ရပေမဲ့ Cband အတွက် လိုင်းတွေအတွက်
c Band lnb ထိပ်ဖူးနဲ့သာ ဖမ်းလို့ရမှာဖြစ်ပြီး ku လိုင်းအတွက် ku ထိပ်ဖူးနဲ့သာ
ဖမ်းလို့ရမှာပါ။
စက်တစ်ခုတည်းကနေ ဗန်းနှစ်ခုကို အော်တိုရွေးဖို့အတွက် 22hz switch သို့မဟုတ်
freq ကို detest လုပ်ပြီးပြောင်းပေးတဲ့ switch ကိုသုံးပေါ့
 


Credit to @Hell Man (စလောင်းစက်အကြောင်းပြောကြမယ်၂ Member)

No comments: