Friday, December 13, 2013

၈ပေစလောင်းအလွယ်ကူဆုံးတပ်ဆင်နည်း

၈ပေစလောင်းအလွယ်ကူဆုံးတပ်ဆင်နည်း/။။။။။။။။။။။
--------------------------------------------------
၁။ ပင်မဒေါက်တိုင်အား၉၀ဒီဂရီတည့်မတ်၍ခိုင်ခန့်အောင်ဆောင်ရွက်ရမည်။
၂။စလောင်သည်မျဉ်းကွေးကဲ့သို့ ဂြိုလ်တုမှကြည့်လျှင် ခွက်နေပြီး ဒေါက်တိုင်အလည်၌ LNBခေါ် ဖမ်းစက်ငယ်ရှိသည် ကောင်းမွန်စွာဖမ်းယူနိုင်ရန်LNBကိုဘန်းနှင့် အတက်နိုင်ဆုံးအနိမ့်အမြင့် ညီနေစေရမည်LNBကို H/V မှန်အောင်တပ်ပါ ။Hသည်အလျှားလိုက် Vသည်ဒေါင်လိုက်ဟု အကြမ်းမျဉ်းသိထားရမည်(အများအားဖြင့်H/VကိုLNBထိပ်တွင်ရေးထားသည်)
၃။ဘန်းအားလုံးသေချာစွာတပ်ဆင်ပြီးပါက ဒေါက်တိုင်တွင် ဇက်ကိုအံဝင်ခွင်ကျစွတ်နေရမည်၊ ဇက်ကိုဘယ်/ညာလှည့်လို့ရရန် အနည်းငယ်nutကိုတင်းထားပါ။
၎။မြန်မာပြည်သည် အီကွေတာ၏ မြောက်ခြမ်းတွင်ရှိသောကြောင့် ဂြိုလ်တုချိန်ရန်စလောင်းအား အခွက်ကိုတောင်ဘက်သို့ မျက်နှာမူတပ်ဆင်ရမည်။
် ၅။တောင်မြောက်သိရန်သံလိုက်အိမ်မြှောင်ကို အသုံးပြုပါ၊ စလောင်းကိုအိမ်မြှောင်လက်တံအတိုင်း တောင်မြောက်တန်းနေအောင်တပ်ထားပါ
၆။ဦးစွာပထမချိန်ရန်မှာ မိမိစလောင်းနှင့် လောင်ဂျီကျူး နှင့်အနီးဆုံးဖြစ့်သည့်Asiasat3 100.5´E ကိုချိန်ရန်အလွယ်ကူဆုံးဖြစ်ပါသည်၊ ဂြိုလ်တုဖမ်းစက်(receiver)ဖြင့်freq3760H27500ဖမ်းပြီးချိန်ထားပါ။(စလောင်းအထက်အောက်ချိန်ရန်မှာ ဒေသနှင်ဆိုင်သည့်အတွက် ဒီဂရီပြောပြရန် အနည်းငယ် အခက်အခဲရှိပါသည်)ထို့ကြောင့်အထက်အောက်ကို အနည်းငယ်စီ လိုအပ်သလိုရွှေ့ကစားပါ၊ ဇက်အဝိုင်းကို ဘယ်ညာအနည်းငယ်ကစားပါ လိုင်းမိ၍SQ အမြင့်ဆုံးရောက်ပါက ဒေါက်တံနဲ့ ဇက်ရဲ့nutကိုအနည်းငယ်ကျပ်ထားပါ။
၇။ ထို့နောက် Insat 3A 93.0´E မှ3926 H 27500 ကိုရအောင်ဇက်ကိုကစားပေးပြီး SQ အများဆုံးရအောင်ဖမ်းပါ SQ ကောင်းပါက စလောင်းအထက်အောက်nutကိုကျပ်လိုက်ပါ။
၈။ ထို့နောက် အရှေ့ဘက်ရှိ Palapa D 113.0´E သို့သွားပြီး freq 4081 H 28120 ကိုဇက်အုံ အစိုင်းအားဘယ်ညာလိုသလိုလှည့်ပေးပြီး SQရအောင်ဖမ်းပါ ဘန်းအထက်အောက်nutကို ကစားပေးရန်မလိုတော့ပါ SQတက်ပါက အနောက်ဘက်ရှိ Thaicom 5A 78.0´E သို့ဘန်းရွှေပြီး freq 3826H4701ချိန်လိုက်ပါက SQရနေပြီဖြစ်ပါလိမ့်မည် လိုအပ်ပါက အနည်းငယ်ညှိ၍SQ ကောင်းသည်အထိဇက်ကိုဘယ်ညာကစားပေးပါ SQကောင်းသွားပါက ကျန်ဂြိုလ်တုများဖမ်းပြီးဖြစ်နေပါမည်။

No comments: