Thursday, September 19, 2013

V2 ကို Firmware Update လုပ်ပြီး Softcam ကီးထည့်ရအောင်ဗျာ

ပထမဆုံးအောက်ဆုံးမှာပေးထားတဲ့ဖိုင်ကို ဒေါင်းလိုက်ဗျာ
ပြီးရင်
1.အဲ့ဖိုင်ကို Memory Stick ရဲ့ ဘယ်ဖိုဒါ(Folder) အောက်မှာမှ မထည့်ပဲ Stick ထဲထည့်လိုက်
2.ပြီးရင်အဲ့ Stick ကို စက်ရဲ့နောက် က USB Port မှာတက်လိုက် TV Screen မှာ USB DEVICE Connected ဆိုတာလေးပေါ်အောင်စောင့်ဗျ
3.ပေါ်လာပြီဆိုရင် စမယ်

လမုကနေတစ်ဆင့်ချင်းနှိပ်သွားနော

Menu>>Tools>>Upgrade By USB>>
အဲ့အဆင့်ရောက်ပြီဆိုရင်တော့
Upgrade Mode မှာ Image File(*.abs)
Upgrade File မှာ HDS2_DUMP.abs
ဆိုတာပေါ်နေတယ်ဆိုရင် ရပြီ
အောက်က Star ကိုနှိပ်လိုက်
အတန်းလေးတက်သွားမယ် တစ်ခါ
ပြီးရင်နောက်တစ်ခါတက်သွားမယ်
နောက်တစ်ခါဆုံးသွားရင် Power ပိတ် သွားမယ်
Power ပိတ် သွားပြီး ပြန်ပွင့်လာရင်တော့ Softcam Key Function ပါတဲ့ V2 Firmware ကိုရရှိပါပြီဗျ

အရေးကြီးတာက

Firmware Upgrade လုပ်နေတဲ့အချိန်မှာ စက်ပါဝါပိတ်လို့မရပါဘူးဗျ

ပါဝါပိတ်သွားခဲ့ရင် အခန့်မသင့်ရင် ပါဝါသေခြင်းနဲ့ Firmware မတက်ခြင်းများဖြစ်တက်ပါတယ်ဗျ
နောက်တစ်ချက်က ဒီ Firmware မှာ အားနည်းချက်က 5 Network ကဒ်မဖတ်တော့ခြင်းပါ

အဲ့ဒီတော့ 5 Network ကဒ်ကို V2 ထဲထည့်ကြည့်သူများ Firmware Update မလုပ်သင့်ပါဗျ

ကျေးဇူးတင်ပါတယ်

Cristiano (Admin)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Firmware တင်ပြီးပြီ ဆိုတော့ ခုကီးထည့်ကြည့်ရအောင်ဗျာ
လွယ်ပါတယ်ဗျဒါကလည်း
ဟိုနေ့က ကိုကျော်ဇင်ဝင်း တင်ထားတာလေးပြန်ကူးလိုက်မယ်ဗျာ

ရလာသောကီးကို အကိုတို့ ရဲ့  notepad သို့ မဟုတ် wordpad ထဲမှာ copy ကူးပါ ၊၊
ပြီးရင် softcam.key ရိုက်ပြီးသိမ်းလိုက်ပါ၊၊
အယ်အဲ့ဒီမှာနည်းနည်းလေးရှင်းပြချင်ပါတယ်ဗျာ ၊၊
For Notepad>>ကုတ်တွေရိုက်လိုက်ပြီးသိမ်းလိုက်သောအခါ
File name::softcam.key
Save as type:: Text Documents (*.txt) နှင့် All Files ရှိတဲ့အထဲမှာ All files ကိုရွေးပြီး အောက်က encoding::ANSI အနေနှင့် သိမ်းလိုသောနေရာကိုရွေးလိုက်ရင် စက်ထဲထည့်ဖို့ အဆင်သင့်ဖြစ်သော softcam keys ဖိုင်ရပါပြီခင်ဗျ ၊၊
For Wordpad>>ကုတ်တွေရိုက်လိုက်ပြီးသိမ်းလိုက်သောအခါ
File name::softcam.key
Save as type:: Rich Text Format (RTF)နှင့်အခြားလေးခု(သို့ မဟုတ်)ငါးခုရှိတဲ့အထဲမှာပထမဖြစ်တဲ့ (RTF) type ကိုရွေးပြီး ကိုယ်သိမ်းလိုသောနေရာရွေးလိုက်ရင် စက်ထဲထည့်ဖို့ အဆင်သင့်ဖြစ်သော softcam keys ဖိုင်ရပါပြီခင်ဗျ ၊၊
***အဓိက ကတော့ အနောက်က extension သည်Registration Entries (.key) fromat အနေနှင့်ဖြစ်သွားဖို့ ပါပဲ၊၊
စက်ထဲသွင်းရန်အတွက်လမ်းညွန် ကတော့
အဲ့ဒီလိုရလာတဲ့ဖိုင်လေးကို usb stick ထဲထည့်ပြီး အကိုတို့ ရဲ့ စက်အနောက်မှာ usb အပေါက်ကလေးမှာထိုးပါ၊၊
အဲ့ဒီအခါ USB Device Connected ဆိုပြီးပေါ်လာပါလိမ့်မယ်၊
အဲ့ဒီအခါ လမုကနေ
Menu>>Network Setup>>CCcam Client Setup ဆီသို့ (Ok)ခလုတ်နှိပ်ပြီးဝင်ပါ၊၊
အဲ့ဒီအခါ
Update File By USB နှင့် Manage Config Files (maunal)ဆိုပြီးပေါ်လာပါလိမ့်၊၊
အဲ့ဒီထဲက Update File By USB ကိုနှိပ်လိုက်ပါက
Add Update Files
1.CCam.cfg
2.CCcam.prio
3.constant.cw
4.Softcam.key
5.smartcard.conf
*အစိမ်းရောင် (Add) *အဝါရောင်(Read) *အပြာရောင်(Cancel)ဆိုပြီတော့တွေ့ ပါလိမ့်မယ်။။
အဲ့ဒီထဲက softcam.key ဆိုတာလေးကို လမုက OK ခလုတ်ဖြင့်နှိပ်လိုက်ပါက အမှန်ခြစ်လေးတွေပေါ်လာပါလိမ့်မယ်၊
ပြီးရင် *အဝါရောင် (Read) ကို လမုက အဝါရောင်ခလုတ်ကိုနှိပ်လိုက်ပါက
Now Reading.../softcam.key
Now save new items...........
Save date OK.
Read All Finished!
ဆိုပြီးစက်ကဖော်ပြပေးပါလိမ့်မယ် ၊၊
အဲ့ဒီအခါကျရင်အကိုသွင်းလိုက်တဲ့ကီးများအကုန်လုံး အကို့ စက်ထဲဝင်သွားပါပြီ ၊။
လမုက exit ခလုတ်ကိုနှိပ်ပါ ၊၊ပြီးပါက အပေါ်က Tools>>Remove USB Device safely ကိုနှိပ်လိုက်ပါ၊၊
အဲ့ဒီအခါ You can safely remove USB Device now!
အောက်က yes ဆိုတာလေးကိုနှိပ်ပြီးကိုယ့် usb stick လေးကိုစက်ထဲကထုတ်လိုက်ပါကပြီသွားပါပြီ ခင်ဗျာ၊၊
*အယ်တစ်ခုပြောချင်တာက manual သွင်းဖို့ က မဖြစ်တော့ပါဘူး ဘာဖြစ်လို့ လဲဆိုတော့ manual function ထဲက key Index မှာအခုပွင့်နေတဲ့ကုတ်ထဲက m1 နှင့် m2 ကိုတော့ manual ရိုက်မရလို့ မဖော်ပြတော့ပါဘူး ခင်ဗျာ၊၊ usb stick နဲ့ ပဲသွင်းစေချင်ပါတယ်ခင်ဗျ ၊၊
အားလုံးအဆင်ပြေကြပါစေ ၊၊

ကိုကျော်ဇင်ဝင်း (MOD of MST)
ကျနော်ဖြည့်စွက်ပြောပါရစေ
ပထမ တစ်ကြိမ်တော့ USB နဲ့သွင်းရမှာပါ ..နောက်အကြိမ်မျာမှာတော့ *အနီရောင်(Edit) ကိုနှိပ်ပြီးသွင်းနိုင်ပါတယ်ခင်ဗျ ။

အဆင်ပြေကြပါစေသား ၊၊ ၊၊https://www.dropbox.com/s/p2ygo7591wr5353/HDS2_DUMP.abs

No comments: