Friday, July 24, 2015

Satellite Here

Satellite Here
--------------
ဆက်သွယ်ရေး ဂြိုလ်တုတွေကို အီကွေတာမျဉ်းနှင့် အပြိုင် အရှ့မှ အနောက်သို့ တန်းစီပြီး တင်ထားပြီး
ဂြိုလ်တုများသည် ကမ္ဘာလည်ပတ်နှုန်းနှင့် တူညီစွာ
ကမ္ဘာကို ပတ်နေသောကြောင့် ကမ္ဘာပေါ်မှ ကြည့်လျှင်
တစ်နေရာ တည်ငြိမ်နေသည် ဟု ထင်ရပါသည်။
ဒါကြောင့်မို့ အီကွေတာ ဖြတ်သော နိုင်ငံများမှ ဂြိုလ်တု လမ်းကြောင်း
(အီကွေတာ လမ်းကြောင်း) ကိုချိန်သောအခါ စလောင်းအငိုက် မလိုအပ်ပါ။
စလောင်းဗန်းအား အတည့် ပက်လက်ထား၍ အရှေ့မှ အနောက် ချိန်ရုံသာရှိသည
(အလွန်လွယ်လိုက်လေခြင်း ဒါကြောင့် အဲဒီလိုနိုင်ငံများမှ စလောင်းဆရာ မထွန်းကားပါ)
ကျနော်တိုမြန်မာနိုင်ငံသည် အီကွေတာမျဉ်း ၏ မြောက်ဘက်မှ ရှိသောကြောင့်
အီကွေတာ မျဉ်းရှိရာသို ချိန်ရာတွင့် တောင်ဘက်မျက်နှာမူပြီး စလောင်းအငိုက်
30ံ ၀န်းကျင်ချိန်ထားကာ အရှေ့အနောက် တည့်အောင်ဖမ်းရပါသည်
အနည်းငယ် ခက်ခဲသောကြောင့် ဆလောင်းဆြာများ ထွန်းကားလေသည်
(ကြည့်ပါလား group ထဲမှာ အများကြီးပဲ)
(ပြီးတော့ စလောင်းဆြာများသည် ရောက်ရာအရပ်
သံလိုက်အိမ်မြောင်မလို၊ စလောင်းဘန်းတွေကိုမြင်ရုံဖြင့်
အရှေ့အနောက် တောင်မြောက်ကို လွယ်ကူစွာပြောနိုင်ပါသည်။
လမ်းပျောက်သော စလောင်းဆြာမှာ ရှားလှပါသည်။)
အဆိုပါ ဂြိုလ်တုများ လွတ်တင်ထားပုံ ကို ဥပမာပေးရလျှင်
ခဲတစ်လုံးအား ကြိုးချည်ပြီး လက်ဖြင့် ဝှေ့ရမ်းကြည့်လိုက်ပါ။
ခဲသည် central force ကြောင့် အပြင်ဘက်သို့ လွင့်စင်ရင် အစဉ်ကြိုးပန်းနေပြီး
ကြိုးက မူ ခဲအား မလွင့်စင်စေရန် ပြန်လည်ဆွဲယူထားပါသည်။
၎င်းဖြစ်စဉ်တွင် ခဲသည် ဂြိုလ်တု ဖြစ်ပြီး
ကြိုးသည် ကမ္ဘာမြေကြီး၏ ဆွဲအားဖြစ်သည်။
ဒါကြောင့် ဂြိုတ်တုသည် အရှိန် မြန်လျှင် ကမ္ဘာအပြင်ဘက်သို့ လွင့်စဉ်သွားနိုင်ပြီး
အရှိန်နည်းရင်လည်း ဆွဲအား ကြောင့် ကမ္ဘာပေါ်သို့ ပြုတ်ကျ လာနိုင်ပါသည်။
ထို့ကြောင့် ကမ္ဘာမြေကြီး ဆွဲအားမှ လွတ်မြောက်နိုင်သော
speed တခုဖြင့် လှည့်ပါတ်နေရပြီး သတ်မှတ်ထားသော
နေရာမှ နှိမ့်ကြလာလျှင် စွမ်အား ကို ထုတ်ပြီး အရှိန် ကို
မြင့်တင်ရပါသည်။ စွမ်းအားကို လွတ်တင်ကတည်းက
သိုမှိထားပြီး နေရောင်ခြည်ခံ ဒလက်ပြားများမှာလည်း
ရယူသုံးစွဲပါသည်။ စွမ်းအားသိုလှောင်မှုအပေါ်မူတည်ပြီး
ဂြိုလ်တု သက်တမ်းသည် ၃ နှစ် ၅ နှစ် စသည်ဖြင့်ရှိပါသည်။
သက်တမ်းကုန်လည်း ၄င်း နေရာအစား ဂြိုလ်တု အသစ်များ
ပြောင်းလဲနေရချထားပေးလေ့ရှိပါသည်။
ဒါကြောင့်မို့လည်း ခဏ ခဏ tp နံပါတ်ပြောင်းလဲခြင်း
ဂြိုလ်တုနာမည် ပြောင်းခြင်းများတွေ့ရတက်ပါသည်
ဥပမာ ထိုင်းကွန်းဂြိုလ်တု
(ခပ်တည်တည်ဖြင့် ရွီးမိသည် အမှားပါက ခွင့်လွတ်ပါဗျို့)
------------
Comments
စိုင်း ခမ်းခေါင် - အာကာသ ထဲမှာ အရာ ဝတ္ထု တစ်ခုကို အရှိန် တစ်ခု နဲ့ လွှတ်လိုက်ရင် အဲဒီ အရှိန် အတိုင်း ပဲ တသမတ်တည်း သွားပါတယ်ခင်ဗျ၊ အဲဒီတော့ ဂြိုဟ်တု ပတ်လမ်း ကမ္ဘာ အပြင်ဘက် (ကီလိုမီတာ ၂၅၀၀ ခန့်မှာ) အရှိန် တစ်ခု (ကမ္ဘာ လည်တဲ့နှုံး နဲ့ တူညီတဲ့အရှိန်) နဲ့ ပေးပြီး လွှတ် လိုက်ရင် အဲဒီ အတိုင်းပဲ ဆက်လည်နေပါတယ်၊ လျော့သွားတာ တိုးလာတာ မရှိပါဘူးခင်ဗျ၊ အဲ ဂြိုဟ်တု တွေ လဲလှယ်တာက နှစ်ရှည်လများ အာကာသ ထဲမှာ ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ နေရတာတို့၊ နောက် အီလက်ထရောနစ် ပစ္စည်းတွေ က ၂၄/၇ သုံးနေတာမို့လို့ သက်တမ်းကုန် တဲ့အခါ ပြန်လဲလှယ် ကြတာပါ၊ ထိုင်းကွန်းတွေ နေရာပြောင်းတာက ရောင်းစား တာနဲ့ ကမ္ဘာ ရှေ့ခြမ်း နောက်ခြမ်း လွှမ်းခြုံ မိအောင် လုပ်တာတွေကြောင့်ပါခင်ဗျာ၊ tp (transponder) တွေ ချိန်းတာကလည်း ငှားထားတဲ့ သက်တမ်း ပြည့်သွားတဲ့အခါ ခေတ်မမှီ တော့လို့ ချိန်းတာနဲ့ အခြား ပရိုဗိုင်ဒါ တွေက ပို ဝန်ဆောင်မှုကောင်းလို့ (ကြိုက်လို့) ချိန်းကြတာပါ၊ ဂြိုဟ်တု တွေမှာ အဓိက သုံးတဲ့ စွမ်းအင်ကို နေရောင်ခြည် ဆိုလာပြားကနေ အသုံးပြုပြီး၊ နေရာ ရွှေ့ရင် သုံးတာက ရော့ကက် အင်ဂျင် အသေးလေးတွေပါ၊ အဲဒီ အတွက် စွမ်းအင်ကတော့ ဟိုက်ဒြိုဂျင်နဲ့ အောက်ဆီဂျင် အရည်တွေပါ၊ အဲဒါကလည်း ပမာဏ အနည်းငယ်ပဲ လိုအပ်တာပါ၊ စတွန်းဖို့နဲ့ လိုအပ်တဲ့ နေရာရောက်ရန် ရပ်ဖို့ (ဘရိတ် လုပ်ဖို့) လောက်ပါပဲ၊ စက်တလိုက် တွေက လောင်စာ စွမ်းအင် သုံးပြီး လည်ပတ်နေတယ် ထင်နေကြမှာ စိုးလို့ပါခင်ဗျ
Hell Man - ကျနော်အထင်ပြောရရင် အာကာသ ဟင်းလင်းပြင်ထဲမှ ဦးတည်ရာ အရပ်တစ်ခုသို့ အရာဝထ္ထုတစ်ခုကို ပစ်
လွတ်ရင် အရှေ့က ခုခံမှုနည်းတာကြောင့် တောယုံနဲ့တော့ အရိုန်မပြောင်းနိုင်ပါ။
သို့သော် ယခုလို စတယ်လိုက်များသည် ကမ္ဘာနှင့် နီးကပ်နေသောကြောင့် ဆွဲအား
သက်ရောက်မှု ရှိနိုင်ပါသည်။ ထိုအပြင် စက်ဝိုင်းပုံလက်ပတ်နေမှုကြောင့်
ဗဟိုခွာ အား နိယာမ အရလည်း သက်ရောက်မှု ရှိနေနိုင်ပါသည်။ဒါကြောင့်မို့
လည်ပတ်နေရာတွင် မြေဆွဲအားနှင့် ဗဟိုခွာအား မျှခြေရှိနိုင်သော အရှိန်တစ်ခုကို
တွက်ချက်ပြီး လည်ပတ်နေရပါသည်။ စွမ်းအားကို တစ်ချိန်လုံးသုံးရန်မလိုသော်
လည်း သက်မှတ်အရိုန်ကို ကိုထိမ်းရန်အတွက် အမြဲစောင့်ကြည့်နေရနိုင်ပါသည်။
အရှိန်မြှင့်ရန်အတွက် စွမ်းအင်လိုအပ်ချက်လည်းနည်းနိုင်ပါသည်။
ဥပမာငြိမ်နေသော ရေပေါ်တွင်ပေါ်နေသာ ပုဂန်ပြားကို အားနည်းနည်းသက်
ရောက်ရုံဖြင့်အတော် အတန်ရွှေ့သည်ကို တွေ့နိုင်ပါသည်။
စွမ်အင်ကုန်သော သို့မဟုတ် သက်တမ်းကုန်သော အချို့သော ဂြိုလ်တု
အဟောင်းများ ကမ္ဘာဆွဲအားကြောင့် ကမ္ဘာလေထုထဲ ၀င်ရောက်ပျက်စီးလေ့
ရှိသည်ကို ကြည့်ခြင်းအားဖြင့် အရှိန်(ကမ္ဘာလည်တဲ့နှုန်းတဲ့ တူတဲ့အရှိန်)ဖြင့်
လွတ်ပြီးနောက် ဒီအတိုင်း ဆက်လည်နေနိုင်သည် ဆိုသည်မှာ
အနည်းငယ် မှားနေသလားလို့ ကျနော်စဉ်စားမိပါသည်။
(သားဘာသာ သားတွေးကြည့်တာနော် ဥဥ မှားရင်ခွင့်လွှတ်)
Kyaw Lin - ဂြိုဟ်တုမှာထည့်ပေးတဲ့ လောင်စာဆီက ဟိုက်ဒရာဇင်းလို့ ကျနော်ဖတ်ဖူးတယ်။ ဟိုက်ဒရိုဂျင်နဲ့ နိုက်ထရိုဂျင်ရောနေတဲ့ အရည်တစ်မျိုးပေါ့။ ဂြိုဟ်တုလမ်းကြောင်းလွဲရင် လမ်းကြောင်းပြန်ထိန်းဖို့ တွန်းကန်အင်ဂျင်အတွက်လို့ ဖတ်ဖူးတာပဲ။ ဂြိုဟ်တုတစ်လုံးသက်တမ်းဟာ ယခုခေတ်မှာ ပျှမ်းမျှ ၁၅ နှစ်ရှိနေပြီး အဲဒီ ၁၅ နှစ်ဆိုတာက လောင်စာဆီကြောင့်လို့ သိရပါတယ်။ စက်သက်တမ်းက ၁၅ နှစ်ထက်ကျော်နိုင်တဲ့ သဘောလားမသိဘူး။ သက်တမ်းကုန်ခါနီးရင် သူတို့ပတ်လမ်းအပေါ်မှာရှိတဲ့ ဂြိုဟ်တုသချိုင်းပတ်လမ်းကို နောက်ဆုံးကျန်တဲ့ လောင်စာဆီသုံးပြီး တက်သွားတယ်လို့ သိရပါတယ်။ အဲဒီထဲမှာပဲ လွင့်မျောနေတဲ့ ဂြိုဟ်တုအများကြီးရှိတယ်လို့ စာထဲမှာဖတ်ရဖူးပါတယ်။
စိုင်း ခမ်းခေါင် - http://science.howstuffworks.com/question378.htm ဒီမှာတော့ ဒီလို ရေးထားတယ်ဗျ၊ စက်တလိုက် တွေ ကမ္ဘာပေါ် ပြန်ပြုတ်ကျ နိုင်တဲ့ ဆွဲငင်အား နဲ့ တူညီတဲ့ အရှိန် အတိုင်း ကမ္ဘာ နဲ့ ဝေးရာ ကို ပြန်တွန်းနေတဲ့အတွက်တဲ့
အစ်ကို ပြောသလိုပေါ့ဗျာ လျှင်မြန်တဲ့ အရှိန်နဲ့ ပတ်နေလို့ ဗဟိုခွာအား ဖြစ်လာတာ၊ အဲဒီ အရှိန် (velocity) ကလည်း space ထဲမှာ ဖြစ်နေလို့ constant velocity ဖြစ်နေတယ်၊ အဲဒါကြောင့် ဗဟိုခွာအား ( centrifugal force ) တစ်ခု ဖြစ်ပေါ်လာတယ်၊ အဲဒီ ဗဟိုခွာအား နဲ့ ကမ္ဘာ မြေ ဆွဲအားတို့ ထပ်တူ ကျအောင် velocity ကို ထိန်းညှိပြီး လည်ပတ်စေတဲ့အခါမှာ စက်တလိုက်တွေက ဘယ်တော့မှ ပြန် မပြုတ်ကျ နိုင်တော့ပါဘူးတဲ့ ခင်ဗျာ
Naymyo Thurain - ကျနော်သိတာလေးပြောမယ် satellite တွေဟာ အကိုတို့ပြောသလိုကမ္ဘာကိုအလျှင်တခုနဲ့လည်ပတ်ပီးအမြင့်ဆုံးတင်ထာတဲ့ satellite ဟာ ၅ နှစ်အတွင်းပြန်ပြုတိကျနိုင်ပါတယ် အဲလိုမဖြစ်အောင် solar စွမ်းအင်ကိုသုံပြီုးပြန်လည်မြင့်တင်တယ်လို့ BOAုမြန်မာပိုင်း သိပ္ပံနဲ့ နည်းပညာဏ္ဍမှာ ပြောပြထားပါတယ်
စိုင်း ခမ်းခေါင် - ဆိုလာ နဲ့ တော့ မလုပ်ပါနဲ့ ညီရာ၊ space မှာ အရွေ့စွမ်းအင်ရဖို့ လျှပ်စစ်မော်တာတွေနဲ့ လုပ်လို့ မရလို့ပါ၊ rocket engine လောက်တော့ လုပ်ပါ grin emoticon
Naymyo Thurain - ပြန်မြင့်ယူတယ်လိုပြောတယ်အကိုဘာနဲ့မြင့်တယ်ဆိုတာမသိပါဘူး စွမ်အင်တစ်ခုတော့သုံရမှာပါ

Copy By Sayar U Hall Man

No comments: