Thursday, June 25, 2015
PSI ကို PC ဖြင့် Firmware တင်ခြင်း
PSI အကြောင်း နားလည်သလောက် နည်းနည်း ရှင်းပြပါမယ်။ PSI Clone
(တရုတ် အတု)တော်တော်များများ OTA လုပ်မိပြီး အားလုံး Firmware
ကျကုန်ပါတယ်။ စက်ပျက်သွားတယ်ပေါ့ဗျာ။ နည်းပညာနဲ့ ထိုင်းက
ပညာပြလိုက်တာပေါ့ဗျာ။ သူ့စက်တွေက ဘာမှ မဖြစ်ဘူးလေ။ အဲဒီ Clone စက်တွေကို
ကျွန်တော်တို့က အရင် Version အဟောင်းသွင်းပြီး Boot တက်လာပြီးဆိုမှ OTA ကို
Off လိုက်တာပေါ့ဗျာ။ လိုင်းတွေ ဘယ်လောက်ထိ ပွင့်မယ်ဆိုတာတော့
တာဝန်မယူနိုင်ဘူးပေါ့ဗျာ။ လောလောဆယ် ပျက်နေတဲ့စက်တွေကို ကောင်းသွားအောင်
လုပ်ပေးရတာပေါ့။
ကဲ စရအောင်ဗျာ-
PSI နဲ့ PC ကို Data Cable ဆက်လိုက်ပါ။ PSI ကို မီးပလပ်ထိုးလိုက်ပါ။
ပထမဦးဆုံး Firmware မတင်ခင်မှာ Com port နဲ့ PSI တို့ Data Connection ရှိ / မရှိကို စစ်ရမှာပါ။
Firmware တင်ဖို့ Upgrade tool ကို ဖွင့်ပါ။
Bin File မှာ Browse လုပ်ပြီး ကိုယ်တင်မယ့် Firmware ကိုရွေးပါမယ်။ Upgrade Mode မှာ Normal ၊ Serial Port မှာ ကို တတ်ထားတဲ့ Com Port ကို ရွေးပါမယ်။ ကျွန်တော်က Com5 ကို ရွေးပါတယ်။ ပြီးရင် Next နှိပ်ပါ။ အခု လုပ်နေတာက Firmware မတင်သေးပါဘူး Com Port အလုပ်လုပ်သလား မလုပ်ဖူးလား အရင်စမ်းတာပါ။
ကိုယ်တပ်ထားတဲ့ Com port မှန်တယ်၊ PSI နဲ့ Connection ကောင်းရင် ဒီလိုပြမှာပါ
Done ဆိုတာ ပေါ်လာရင် OK ပါပြီ။ Firmware တင်လို့ရပါပြီ။ Done ပေါ်ပြီးရင်
Read Dump Cmd1 error ဆိုပြီး error မက်ဆေ့ တစ်ခုတက်ပါမယ်။ OK
ပေးလိုက်ပါ။ပြီးရင် Back နှိပ်ပြီး Step-1 အထိရောက်အောင်ပြန်သွားပါမယ်။
PSI မီးပလပ်ဖြုတ်ပါမယ်။
Upgrade Mode ကို Eprom 1>1.2.3 ကိုပြောင်းပါမယ်။ ကျန်တာ ဘာမှ မပြင်ပါ။ ပြီးရင် Next နှိပ်လိုက်ရင် ဒီလိုပေါ်မယ်
အဲဒီမှာ သတိထားရပါမယ်။ ဒီဟာ ပေါ်ပေါ်ချင်း PSI မီးပလပ်ထိုးလိုက်ပါ။ ပလပ်ထိုးလိုက်တဲ့အချိန်မှာ ပေါ်နေတဲ့ စက္ကန့်ဘယ်လောက်လဲ သေချာကြည့်လိုက်ပါ။ ပလပ်ထိုးပြီး ၁၀-စက္ကန့်လောက်ကြာမှ OK နှိပ်လိုက်ပါ။ (ဥပမာ ၃-စက္ကန့်မှာ ပလပ်ထိုးလိုက်ရင် ၁၃-စက္ကန့်လောက်မှာ OK နှိပ်ပါ) အဲဒါ အရေးကြီးတယ်ဗျ။ Timing မကိုက်ရင် PSI စက်ထဲကို Firmware မ၀င်ဘူးဗျ။
နောက် ... ရာခိုင်နှုန်း တစ်ဖြေးဖြေး တက်လာပြီး ၁၀၀ ရောက်ရင်
ဒီအတိုင်းပေါ်နေမယ်။ အခုဟာက Bin file ကို loading အရင်လုပ်တာဖြစ်ပါတယ်။ PSI
ထည့်ကို သွင်းတာမဟုတ်ပေးပါဘူး။ နောက်တစ်ဆင့်က မှ Burning လုပ်မှာပါ။
ဒီအဆင့်က အရေးကြီးပါတယ်။ Next ကို မနှိပ်ခင်မှာ PSI ရဲ Display မီးကို
သေချာကြည့်နေပါ။ Next နှိပ်လိုက်တာနဲ့ PSI Displayမီးက တစ်ချက်လှုပ်သွားရင်
Firmware ၀င်ပါတယ်။ မလှုပ်ပဲ ငြိမ်နေရင်မ၀င်ပါဘူး။ နောက်တစ်ကြိမ်
ပြန်လုပ်ရမှာပါ။
ဒါကတော့Burning လုပ်နေတဲ့အဆင့်ပါ။
နောက်ဆုံးမှာ Next နဲ့ Finished နှစ်ခုပေါ်ပါမယ်။ Burning စလုပ်တဲ့အချိန်မှာ
Display မီးလှုပ်သွားရင် OK သွားပြီဖြစ်လို့ Finished နှိပ်လိုက်ပါ။
မီးမလှုပ်သွားဘူးဆိုရင်တော့ Next ကို နှိပ်ပြီး နောက်တစ်ကြိမ်
ထပ်ကြိုးစားပါခင်ဗျာ ....
Making RS 232 Cable PSI Reciver to PC
ဒီနည်းလမ်းက
အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ Programmer နဲ့ IC ဖြုတ်ပြီး ကူး နောက်
ပြန်တပ်မယ်ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ PSI စက်အတွက် Firmware တွေ
ရခဲ့ပေမယ့် PC နဲ့တွဲဖို့ ကြိုးအတွက် အခက်အခဲဖြစ်နေတဲ့သူတွေများမှာပါ။
အရင် PSI အတွက် Tools တွေနဲ့ Firmware ယူထားရအောင်
အရင် PSI အတွက် Tools တွေနဲ့ Firmware ယူထားရအောင်
Upgrade လုပ်ဖို့နဲ့ Logo ပြောင်းတဲ့ Tools ကို ဒီမှာဆွဲဗျာ။ Bin File ပါပြီးသားနော်။
Desktop PC မှာ Serial Port (9 Pin) ပါတယ်ဆိုရင် USB to RS-232
ကြိုး မလိုပါဘူး။ နောက်လာတဲ့ PC တွေမှာတော့ Serial Port မပါတော့တဲ့အတွက်
USB to RS232 ၀ယ်မှရမှာပါ။
Serial Port PC မှာ တပ်မဲ့ခေါင်းက Electronic Store ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ မရရင်တော့ ခဲနဲ့ တို့ပြီးတွဲပေါ့ဗျာ။
ကြိုးသုံးကြိုး သုံးမှာပါ။ PSI မှာ လေးကြိုးပါပေမယ့် တစ်ကြိုး မသုံးပါဘူး။
PC မှာ Serial Port ပါရင်တော့ ဘာမှမလိုတော့ဘူး။ မပါရင်တော့
USB to RS-232 ကြိုး ထပ်ဝယ်ပြီး
စောစောကြိုးနဲ့ ထပ်ဆက်ရပါမယ်။ MDY မှာတော့ အင်းဝ ကွန်ပျုတာဆိုင်က
ဝယ်ထားတာပါ။ ဈေးမကြီးပါဘူး။ Driver CD တစ်ချပ်ပါပါတယ်။ အဲဒါသုံးမယ်ဆိုရင်
Driver တင်တာ မှန်မှ ရမှာပါ။
ဒီလို အ၀ါရောင် ပြနေရင် မရသေးပါဘူး။
ဒီလိုဆိုရင် ရပြီ။
ဒီနေရာမှာ Com Port အမှတ်ကို သေချာမှတ်ထားရပါမယ်။ တစ်ကယ်လို PC မှာ Serial
Port ပါရင် COM1 ဒါမှမဟုတ် COM2 သုံးရပါမယ်။ USB သုံးမယ်ဆိုရင်
အဲဒီမှာပေါ်နေတဲ့အတိုင်း COM5 သုံးပါမယ်။
Copy by KO Min Lwin
Sunday, June 21, 2015
Special Psi New key update
Special Psi New key update ?
Date - 21 / 4 / 2015
Key - 8C A5 2B 5C 9F 50 23 12.
Date - 21 / 4 / 2015
Key - 8C A5 2B 5C 9F 50 23 12.
Subscribe to:
Posts (Atom)