အရင် PSI အတွက် Tools တွေနဲ့ Firmware ယူထားရအောင်
Upgrade လုပ်ဖို့နဲ့ Logo ပြောင်းတဲ့ Tools ကို ဒီမှာဆွဲဗျာ။ Bin File ပါပြီးသားနော်။
Desktop PC မှာ Serial Port (9 Pin) ပါတယ်ဆိုရင် USB to RS-232
ကြိုး မလိုပါဘူး။ နောက်လာတဲ့ PC တွေမှာတော့ Serial Port မပါတော့တဲ့အတွက်
USB to RS232 ၀ယ်မှရမှာပါ။
Serial Port PC မှာ တပ်မဲ့ခေါင်းက Electronic Store ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ မရရင်တော့ ခဲနဲ့ တို့ပြီးတွဲပေါ့ဗျာ။
ကြိုးသုံးကြိုး သုံးမှာပါ။ PSI မှာ လေးကြိုးပါပေမယ့် တစ်ကြိုး မသုံးပါဘူး။
PC မှာ Serial Port ပါရင်တော့ ဘာမှမလိုတော့ဘူး။ မပါရင်တော့
USB to RS-232 ကြိုး ထပ်ဝယ်ပြီး
စောစောကြိုးနဲ့ ထပ်ဆက်ရပါမယ်။ MDY မှာတော့ အင်းဝ ကွန်ပျုတာဆိုင်က
ဝယ်ထားတာပါ။ ဈေးမကြီးပါဘူး။ Driver CD တစ်ချပ်ပါပါတယ်။ အဲဒါသုံးမယ်ဆိုရင်
Driver တင်တာ မှန်မှ ရမှာပါ။
ဒီလို အ၀ါရောင် ပြနေရင် မရသေးပါဘူး။
ဒီလိုဆိုရင် ရပြီ။
ဒီနေရာမှာ Com Port အမှတ်ကို သေချာမှတ်ထားရပါမယ်။ တစ်ကယ်လို PC မှာ Serial
Port ပါရင် COM1 ဒါမှမဟုတ် COM2 သုံးရပါမယ်။ USB သုံးမယ်ဆိုရင်
အဲဒီမှာပေါ်နေတဲ့အတိုင်း COM5 သုံးပါမယ်။
Copy by KO Min Lwin
No comments:
Post a Comment