>>>ပလူတို ဂြိုဟ်သိမ် အကြောင်း<<<
ယခုဆိုလျှင် နာဆာမှ လွှတ်တင်ခဲ့သော မိုးကုပ်စက်ဝိုင်းသစ် (New Horizons) အာကာသယာဉ်ဟာ ပလူတိုဂြိုဟ်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပူလူတိုဂြိုဟ်နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးချင်ပါတယ်။
ပလူတိုဂြိုဟ်ဟာ ယခင်က နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်ကြီး (၉) လုံးမှာ တစ်ခု အပါအ၀င်ဖြစ်ခဲ့ပါတယ်..။ ၂၀၀၆ ခုနှစ်မှာတော့ သူ့ကို ဂြိုဟ်သိမ်၊ ဂြိုဟ်ပု (Dwarf Planet)တစ်ခုအဖြစ် အဆင့်ချသတ်မှတ်ခဲ့ပြီး သန်းပေါင်းများစွာရှိတဲ့ Kuiper Belt ရဲ့ ရေခဲတုံးများထဲက တစ်ခုလိုဘဲ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပလူတိုဟာ နေမှ ၅.၈ ဘီလီယံ ကီလိုမီတာ (၃.၆ ဘီလီယံ မိုင်) ကွာဝေးပြီး နေအဖွဲ့အစည်းထဲမှာတော့ အအေးဆုံးဂြိုဟ်များထဲက တစ်ခုဖြစ်ပါတယ်..။ သူ့မှာ ဂြိုဟ်ရံလ (၅) စင်းရှိပါတယ်။
ပလူတိုဂြိုဟ်ဟာ ကျောက်ဆိုင်ကျောက်သားများနှင့် ဖွဲ့စည်းထားပြီး ရေခဲများနဲ့ ဓါတ်ငွေ့များက ထပ်မံဖုံးအုပ်ထားပါတယ်။ နေနှင့် အနီးဆုံးအချိန်မှာ ပလူတိုရဲ့ အနွေးဆုံးအပူချိန်ဟာ (- ၃၆၉ ဒီဂရီ ဖာရင်ဟိုက်) ( - ၂၂၃ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပြီး နေနှင့် အဝေးဆုံးအချိန်မှာတော့ - ၃၈၇ ဒီဂရီဖာရင်ဟိုက် ( - ၂၃၃ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပါသတဲ့..။ အခုလိုမတူညီတဲ့ အပူချိန် ပြောင်းလဲမှုကြောင့် ရရှိလာတဲ့အနွေးဓါတ်လေးဟာ ပလူတိုဂြိုဟ်ပေါ်က ဓါတ်ငွေ့များနဲ့ ရေခဲများကို ပါးလွှာတဲ့လေထုအဖြစ် ပြောင်းလဲပေးပြီး... နေနှင့် ဝေးတဲ့အချိန်မှာတော့.ဓါတ်ငွေ့များဟာပြန်လည်အေးခဲသွားပြီး လေထုလေးဟာလည်း ပျောက်ကွယ်သွားပါတော့တယ်..။
ရေခဲများဖုံးလွှမ်းနေတဲ့ ကျောက်ဆောင်များထဲမှာ ပိုတက်ဆီယံ ဓါတ်ငွေ့သိုက်များရှိနေပြီး ရေခဲပြင်အောက်မှာ ရေရှိသော ပင်လယ်တစ်ခုကို ဖြစ်ပေါ်စေနိုင်ပါသေးတယ်..။
ပလူတိုဂြိုဟ်ဟာ ခိုင်ပါခါးပတ် (Kuiper Belt) လို့ခေါ်တဲ့ နေအဖွဲ့အစည်း အစွန်နားက ရေခဲတုံးများ စုဝေးနေတဲ့ နေရာအနီးမှာ တည်ရှိပါတယ်..။ သူ့ကို Clyde W. Tombaugh လို့ခေါ်တဲ့ အာကာသပညာရှင်က ၁၉၃၀ ပြည့်နှစ်မှာ စတင်တွေ့ရှိခဲ့တာပါ။ ပလူတိုဆိုတဲ့ နာမည်ကိုတော့ ဗန်တီနာ ဗန်နေ (Venetia Burney) ဆိုတဲ့ (ထိုအချိန်က) ၁၁ နှစ်အရွယ်သာရှိသေးတဲ့ အောက်စဖို့ဒ် ကျောင်းသူ မိန်းကလေးက အမည်ပေးခဲ့တာပါတဲ့..။ ၀ိဥာဉ်လောကရဲ့ ဘုရားသခင် (Hades) ရဲ့ ရိုမန် အမည်လို့ ဆိုပါတယ်။
နယူးဟောရဇုန်အာကာသယာဉ်ကိုတော့ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က လွှတ်တင်ခဲ့တာဖြစ်ပြီး ၉ နှစ်တိုင်တိုင် အာကာသအတွင်း ခရီးနှင်ပြီးသည့်နောက် ပလူတိုဂြိုဟ်သိမ်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ ချဉ်းကပ်နိုင်ခဲ့ပြီ ဖြစ်ပါတော့တယ်..။
ပလူတိုဂြိုဟ်နဲ့ ပတ်သက်ပြီး အခြားသိချင်သော အချက်များကိုလည်း မေးမြန်းနိုင်ပါတယ်..။
အနာဂတ်လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
ယခုဆိုလျှင် နာဆာမှ လွှတ်တင်ခဲ့သော မိုးကုပ်စက်ဝိုင
ပလူတိုဂြိုဟ်ဟာ ယခင်က နေအဖွဲ့အစည်းအတွ
ပလူတိုဟာ နေမှ ၅.၈ ဘီလီယံ ကီလိုမီတာ (၃.၆ ဘီလီယံ မိုင်) ကွာဝေးပြီး နေအဖွဲ့အစည်းထဲမ
ပလူတိုဂြိုဟ်ဟာ ကျောက်ဆိုင်ကျော
ရေခဲများဖုံးလွှမ
ပလူတိုဂြိုဟ်ဟာ ခိုင်ပါခါးပတ် (Kuiper Belt) လို့ခေါ်တဲ့ နေအဖွဲ့အစည်း အစွန်နားက ရေခဲတုံးများ စုဝေးနေတဲ့ နေရာအနီးမှာ တည်ရှိပါတယ်..။ သူ့ကို Clyde W. Tombaugh လို့ခေါ်တဲ့ အာကာသပညာရှင်က ၁၉၃၀ ပြည့်နှစ်မှာ စတင်တွေ့ရှိခဲ့တ
နယူးဟောရဇုန်အာက
ပလူတိုဂြိုဟ်နဲ့
အနာဂတ်လူငယ်များ
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:
Post a Comment