>>>လမင်းလေး ၂ စင်း<<<
လမင်းလေး နှစ်စင်း ပူးတွဲကာ တည်ရှိနေပုံကို နာဆာရဲ့ ကာဆီနီ အာကာသယာဉ်မှ အမိအရ ရိုက်ကူးထားတာဖြ စ်ပါတယ်။
ဒိုင်အိုနီ (Dione) နဲ့ တသည်း (Tethys) လို့ခေါ်တဲ့ စေတန်ဂြိုဟ်ရဲ့ မြောက်များလှစွာ သော လများထဲက ၂ စင်းဖြစ်ပါတယ်။ ဂရိ ဒဏ္ဍာရီများထဲမှာေ တာ့ ဒိုင်အိုနီဟာ ရေ ကိုစောင့်ရှောက် တဲ့ တိုက်တန်နတ်သမီး ဖြစ်ပါတယ်။ တသည်း ကတော့ အလင်းရောင်ကို စောင့်ရှောက်ပေး တဲ့ နတ်သမီးတပါးပါ။ တချို့ကလည်း ရေကြည်ရေသန့်ကို စောင့်ရှောက်ပေး တယ်လို့ ဆိုကြပါတယ်။ ဒိုင်အိုနီဟာ တသည်းရဲ့ သမီးတော်တစ်ပါး ဖြစ်ပါတယ်။
ဒီလမင်း ၂ စင်းစလုံးကို အာကာသပညာရှင် ဂျီယိုဗာနို ကာဆီနီမှ ၁၆၈၄ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ တာဖြစ်ပါတယ်။ စေတန်ကိုပတ်နေတဲ့  ဂြိုဟ်ရံလများကိုတော့ ဂရိ နတ်ဘုရားများထဲမှ တိုက်တန် အုပ်စုရဲ့ အမည်များကို မှည့်ခေါ်ထားကြခြ င်းဖြစ်ပါတယ်။
ယခု လမင်းလေးနှစ်စင်းကတော့ ဒဏ္ဍာရီထဲက သားအမိတွေလို စေတန်ဂြိုဟ်အနီး မှာ ယှဉ်တွဲပြီး လှည့်ပါတ်တည်ရှိ နေတာပဲ ဖြစ်ပါတော့တယ်.။
သန့်ဦး (အာကာသနှင့် စကြဝဠာ)
လမင်းလေး နှစ်စင်း ပူးတွဲကာ တည်ရှိနေပုံကို နာဆာရဲ့ ကာဆီနီ အာကာသယာဉ်မှ အမိအရ ရိုက်ကူးထားတာဖြ
ဒိုင်အိုနီ (Dione) နဲ့ တသည်း (Tethys) လို့ခေါ်တဲ့ စေတန်ဂြိုဟ်ရဲ့ မြောက်များလှစွာ
ဒီလမင်း ၂ စင်းစလုံးကို အာကာသပညာရှင် ဂျီယိုဗာနို ကာဆီနီမှ ၁၆၈၄ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ
ယခု လမင်းလေးနှစ်စင်
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:
Post a Comment