Introduction
------------------------------------------------------------------------
Satellite တွေကို အစပိုင်းမှာ telecommunication အတွက်ပဲ အသုံးချဖို့
ရည်ရွယ်ခဲ့တာပါ။ အဓိက ကဏ္ဍ တွေကတော့ Mobile application တွေမှာပေါ့လေ။ ဥပမာ..
သင်္ဘောတွေ ၊ ကုန်တင်ယာဉ်တွေ ၊လက်ကိုင်
ဆက်သွယ်ရေး စက်တွေနဲ့ TV/Radio ထုတ်လွှင့်ခြင်း တွေမှာပေါ့ဗျာ။ ဒါပေမယ့်
နောက်ပိုင်းမှာတော့ အသုံးချမှု တွေ ပိုမိုများပြားခဲ့ပါတယ်။ အဲ့ဒါတွေကတော့
1) Weather Forecasting
2)Radio and TV Broadcast
3)Military Purpose
4)Navigation
5)Global Telephone
6)Connecting Remote Areas
7)Global Mobile communication နဲ့ နောက်ဆုံးတစ်ခုကတော့
8) Internet ပေါ့ဗျာ။
သူတို့ဟာ ခုနက ပြောခဲ့တဲ့ services တွေကို ပေးဖို့အတွက် ကမ္ဘာမြေကြီးရဲ့
သတ်မှတ်ထားတဲ့ ဧရိယာ တွေမှာ ပေးဖို့ပါပဲ ။ Satellite တစ်ခုရဲ့
ကမ္ဘာမြေမျက်နှာ ပြင် ကို ဖုံးလွှမ်းနိုင်တဲ့ Coverage area ကို Footprint
လို့ သုံးနှုံးပါတယ်။ နောက်ပိုင်းမှာ အကျယ်တ၀င့် ဖော်ပြပေးပါမယ်။ Footprint
ကို လောလောဆယ်တော့ satellite တစ်ခုမှ ကမ္ဘာမြေ မျက်နှာပြင်ပေါ် ဖုံးအုပ်
လွှမ်းခြုံနိုင်သော ဧရိယာ လို့ အကြမ်းဖျဉ်း သတ်မှတ်ထားပါဦး။ Footprint
တစ်ခုရဲ့ အရွယ်အစားဟာ အဲ့ဒီ satellite ရဲ့ power သုံးစွဲမှုနဲ့ bandwidth
အသုံးချ နိုင်မှု အပေါ်မှာ မူတည်ပါတယ်။ နောက်ပြီး များမြောင်လှသော
အသုံးချမှု တွေနဲ့ Ground Station ရဲ့ တန်ဖိုး အပေါ်မှာလဲ မူတည်ပါသေးတယ်။
Satellite တစ်ခု ဟာ သတ်မှတ်ထားတဲ့ ဧရိယာ တစ်ခုကို Focused လုပ်ပြီးနောက်
Data Transmissions တွေကို ကောင်းကောင်းလုပ်နိုင်ပါတယ်။ အဲ့ဒီ Focused
လုပ်ထားတဲ့ ဧရိယာတွေဟာ အခြားစနစ်တွေ နဲ့ ၀င်ရောက် နှောက်ယှက်မှု တွေမှ
ကင်းလွတ်လို့ ထိရောက်တဲ့ Frequency Spectrum တွေ ပို့ယူ လက်ခံ မှုတွေမှာ
ပိုမို ထိရောက်မှု ရှိတဲ့ နေရာတွေပေါ့။
Satellite ရဲ့ Antenna တွေဟာ
ပထ၀ီ မြေပြင်ကို လွှမ်းခြုံထားနိုင်မှုတွေမှာ အလွန်အရေးပါတဲ့ အတွက်ကြောင့်
အကောင်းဆုံးပြုလုပ်ထားတဲ့ Design တွေဖြင့်တည်ဆောက်ထားပါတယ်။ Satellite
တစ်ခုလုံးရဲ့ design ဟာ သူ့ရဲ့ သက်တမ်းအတွင်းမှာ ရေတို ၊ ရေရှည်
အသုံးချနိုင်မှု အတွက် အကောင်းဆုံး ရည်ရွယ်တည်ဆောက်ထားတာတွေ ပဲဖြစ်ပါတယ်။
Satellite တစ်ခု ဘယ်လို အလုပ်လုပ်သလဲ။
----------------------------------------------------------------
Satellite ဆိုတာ တကယ်တော့ အာကာသထဲတွင် တည်ရှိနေသော Microwave Repeater
အမျိုးအစား Transponder ပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာမြေပြင်မှ အာကာသ
ထဲသို့ Satellites 750 လုံးခန့် လွှင့်တင်ထားခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအထဲက
အများဆုံးအသုံးပြုတာနေတာကတော့ Communication အတွက်ပဲ ဖြစ်ပါတယ်။ အဓိက
အားသားချက်ကတော့ communication တစ်ခုမှာ အကွာအဝေးအပေါ်မူတည်ပြီး
ကုန်ကျစရိတ်ဟာ ကြီးမားလေ့ပါတယ်။ ဒါပေမယ့်
Satellite Communication ဟာ အကွာအဝေးပေါ်မူတည်ပြီး ကုန်ကျစရိတ် ပိုမို
ကုန်ကျစရာ မရှိပါဘူး။ Footprint Area မှာ Satellite ဟာ Relay အဖြစ်
အလုပ်လုပ်ပြီး Point to Point (or) Point to Multi-point ဆက်သွယ်မှုတွေကို
အမြန်ဆုံး ဆောင်ရွက်နိုင်ပါတယ်။ သဘောပေါက်ပါရဲ့လား မသိဘူး။ မြေပြင်ပေါ်က
station နှစ်ခုဟာ အကွာ အဝေး အလွန်တရာ ဝေးနေတယ်ဆိုပါစို့ ။ အဲ့ဒီအချိန်မှာ
satellite ကို ကြားခံအဖြစ် အသုံးပြုပြီး ဆက်သွယ်မှု ရယူနိုင်ပါတယ်။ Station
A မှ Satellite သို့ Transmission ကို Uplink ဟုခေါ်ပါတယ်။ Satellite ရဲ့
Transponder မှ convert ပြန်လုပ်ပြီး ဒုတိယ Station B ကို signal
ပြန်ပို့ပေးပါတယ်။ အဲ့ဒါကို Downlink လို့ ခေါ်ပါတယ်။
Satellites တွေဟာ
အသုံးချမှု အပေါ်မူတည်ပြီး တော့ သတ်မှတ်တဲ့ ၄င်းတို့ရဲ့ ပတ်လမ်းအတွင်းမှာ
ကမ္ဘာကို စက်ဝိုင်းပုံ (သို့မဟုတ်) ဘဲဥပုံ ဖြင့် လည်ပတ်နေကြပါတယ်။
စက်ဝိုင်းပုံ လည်ပတ်နေသော satellites များဟာ တိကျတဲ့ အကွာအဝေး မှနေ၍
သတ်မှတ်ထားသော ကမ္ဘာမြေမျက်နှာပြင်ကို အမြဲတမ်း လည်ပတ်နေကြပါတယ်။ အဲဒီလို
တိကျတဲ့ အကွာအဝေး တည်နေရာမှာ ပုံမှန်ဖြစ်အောင် လိုက်နာထားတဲ့ အခြေခံ ဥပဒေသ
အနည်းငယ် ကို ဖော်ပြပေးလိုက်ပါတယ်။
Fg (attractive force) = m.g.(R/r)2 (gravity equals)
Fc (centrifugal force) = m.r.w2 (Trying to pull satellite away equals)
Variables တွေကတော့ ….
m = mass of satellite
R = radius of earth ; R=6,370 km
r = distance of satellite to the center of the earth
g = acceleration of gravity ; g =9.81 m/s2
w = angular velocity ; w=2πf ; f is the frequency of rotation;
တို့ဖြစ်ပါတယ်။
Satellite တစ်ခုကို ပုံမှန် တိကျစွာ သတ်မှတ်ထားတဲ့ နေရာမှာ ရှိနေစေဖို့ အတွက် Fg=Fc
ဖြစ်ပါတယ်။ သက်ရောက်မှု နှစ်ခု စလုံးကို ညီမျှ ခြင်း ချလိုက်တဲ့သဘောပါပဲ။ r
= distance of satellite of ther center of the earth ကို တွက်ယူတဲ့
formula ကတော့ r=(g.R^2/(2πf)^2 ) 1)/3 ဖြစ်ပါတယ်။ဒီအပြင် rotation
frequency ကိုပါ ကောက်ချက်ချလို့ရတဲ့ အခြေခံကျတဲ့ formula ဖြစ်ပါတယ်။
Type of Satellites base on orbits
-------------------------------------------------------------
Satellite အမျိုးအစားတွေ ဟာ အများအပြား ရှိပေမယ့် ၄င်းတို့ လည်ပတ်တဲ့
ပတ်လမ်းအပေါ်မူတည်ပြီး အကြမ်းဖျဉ်း အားဖြင့် (၃) မျိုး ခွဲခြားနိုင်ပါတယ်။
1) Geostationary or geosynchronous earth orbit (GEO)
2) Low Earth Orbit (LEO satellites )
3) Medium Earth Orbit (MEO satellites)
၁) Geostationary or geosynchronous earth orbit (GEO)
====================================
GEO satellites တွေဟာ ပတ်လမ်းထဲတွင် အဝေးဆုံး ပတ်လမ်းမှာ ပုံသေ တိကျသော
နေရာ မှာ တည်ရှိနေတတ်ပြီး အကွာအဝေးအားဖြင့် ကမ္ဘာ့မြေပြင်မှ ကီလိုမီတာပေါင်း
၃၆၀၀၀ ခန့်တွင် ရှိပါတယ်။ စက်ဝန်းသဏ္ဍန် လည်ပတ်သော အမျိုးအစားဖြစ်ပြီး GEO
Satellite တစ်ခုရဲ့ footprint ဟာ ကမ္ဘာကြီးရဲ့ ၄၂.၄ % ရှိလို့ GEO
Satellites သုံးခု ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကို Coverage ဖြစ်ပြီ
လို့ဆိုနိုင်ပါတယ်။ သူတို့ရဲ့ သက်တမ်းကတော့ ၁၅ နှစ်ဖြစ်ပါတယ်။ သူတို့ဟာ
စောင်းခြင်း ၊ ယိုင်ခြင်း အလျင်းမရှိပဲနဲ့ ကမ္ဘာကြီးရဲ့ လည်ပတ်မှု
ပုံစံအတိုင်း လည်ပတ်နေကြရပါတယ်။ တကယ်တော့ ကမ္ဘာရဲ့အဝေးဆုံး ပတ်လမ်းမှာ
တည်ရှိနေတဲ့ GEO တွေဟာ တဖက်မှာလဲ တာဝန် ထမ်းဆောင်နေသလို နေ နဲ့ လ တို့ရဲ့
ဆွဲငင်အား သက်ရောက်မှု ဒဏ်ကိုလဲ ကြံကြံခံနေရပါသေးတယ်။ သူ့ကို အချိန်ပြည့်
စောင့်ကြည့် ထိန်းချုပ်မှု မလုပ်ဘူးဆိုရင် သူဟာ နေနဲ့ လတို့ ရဲ့
ပတ်လမ်းတစ်ခုခုထဲကို ရောက်သွားမှာ အသေအချာပါပဲ ။ တခါတရံ စက်ဝန်းသဏ္ဍန် ကနေ
သွေဖီလို့ နေ နဲ့ လ တို့ ရဲ့ ရန်ကို ရှောင်ပြီး တော့ လည်ပတ်ရတဲ့ အချိန်တွေ
ရှိပါတယ်။ လုံးဝကို အမှားမခံဆုံး အမျိုး အစားဖြစ်ပြီး
တခုခုလွဲချော်ခဲ့ရင်လည်း ကုန်ကျစရိတ် အကြီးဆုံး Satellite တွေ
လည်းဖြစ်ပါတယ်။ သူတို့ကို TV/Radio ထုတ်လွှင့်မှုများ ၊ မိုးလေ၀သ ဇလဗေဒ
လုပ်ငန်းများအတွက် အသုံးပြုပါတယ်။ နောက်ပြီး Telephone Networks တွေရဲ့
Backbones တွေ အနေနဲ့လဲ အသုံးပြုကြပါသေးတယ် ။
သူ့ရဲ့
အားနည်းချက်တွေကတော့ ၀န်ရိုးစွန်း ဒေသတွေမှာ (Low elevation) မှာ သူ့ရဲ့
Signal ဆက်သွယ်နိုင်မှု အားအလွန်နည်းပါးသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ကုန်းမြေအများဆုံးကို coverage ဖြစ်ဖို့ရာ အီကွေတာနဲ့ မနီးမဝေးမှာ
နေရာယူထားတဲ့ အတွက်ကြောင့်မို့ လတ္တီကျူ့ ၆၀ ဒီဂရီနဲ့ အထက် ဆိုရင် ပိုပြီး
ကြီးမားလုံလောက်တဲ့ အင်တနာ အမျိုးအစားတွေ သုံးပြီး ဆက်သွယ်မှုကို
ရယူရပါတယ်။ GEO တွေကို Mobile Phones တွေမှာ အသုံးပြုဖို့
မလွယ်ပါဘူး။သူ့ဆီရောက်အောင် ပြန်ပြီး Transmit လုပ်ဖို့ Battery Power
အများကြီးလိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Signal တစ်ခုရဲ့ အသွားအပြန်
ခရီးဟာ ကီလိုမီတာပေါင်း ၇၂၀၀၀ ဖြစ်နေလို့ပါ။ အဲ့ဒီတော့ Delay ပမာဏက
မြင့်ပြီပေါ့။ အများအားဖြင့် Special Antenna တွေဖြင့်သာ အသုံးပြု၍
အဆင်ပြေနိုင်မှာပါ။
Low Earth Orbit (LEO satellites )
==================================
LEO တွေဟာ ကမ္ဘာမြေ မျက်နှာပြင်အထက် ကီလိုမီတာ ၅၀၀ မှ ၁၅၀၀ အတွင်း
အလုပ်လုပ်ကြ ပါတယ်။ Lower orbit မှာ အလုပ်လုပ်သော satellite
ဖြစ်သည့်အလျှောက် မြေပြင်မှ လွှင့်တင်ပြီး 95 -120 မိနစ်အတွင်း
ပတ်လမ်းအတွင်း နေရာယူ အဆင်သင့်ဖြစ်စေ ပါတယ်။ ၁၀ မိနစ် လောက်ကြာရင် တောင်
သူရဲ့ လုပ်ဖော်ကိုင် ဖက် အခြား LEO Sat များကို တွေ့မြင်နိုင်ပါတယ်။
သူတို့ဟာ High Elevation ကောင်းကောင်း ရရှိအောင် ဆောင်ရွက်စီမံထားသော
ကြောင့် High quality communication link များ ကို ရရှိစေတာ ဖြစ်ပါတယ်။
သူတို့ဟာ ပိုမိုကောင်းမွန်သော Data Compression Schemes
များသုံးထားသောကြောင့် 2400 bit/s သည်ပင်လျှင် ဖုန်းခေါ်ဆို ပြောဆိုနိုင်မှု
အတွက် လုံလောက်သော Compression စနစ်တွေ သုံးထားပါတယ်။ LEOs တွေဟာ
Omni-directional (ယခင်က တိုင်ထုတ်၍ သုံးရသော ဆဲလူလာ ဖုန်း ဧ။် အင်တနာ
တိုင်နှင့် ဆင်တူသည်။) သုံးထားသော Mobile Phone Devices များ သည်ပင်
ကောင်မွန်းစွာ ဖုန်းခေါ်ဆို မှုတွေ လုပ်နိုင်ပါတယ်။ ပြည့်စုံစွာ
ပြောရရင်တော့ Transmit Power 1W ပဲ လိုပါတယ်တဲ့ဗျာ။ နောက်ပြီး သူ့ရဲ့ Delay
rate ကလည်း 10 ms သာ ရှိတော့လို့ သာမာန် Long-distance wired connection
(delay 5-10) တို့နှင့် သိပ်တောင် မကွာတော့တာကိုတွေ့ရပါတယ်။ Footprint တွေ
ဟာ သေးငယ်သောကြောင့် frequency တွေ ဆုံးရှုံးလေလွင့်မှုမှ
အလွန်လျှော့နည်းသွားပါတယ်။ Cellular Network တွေနဲ့ သဘောတရားခြင်း
နည်းနည်းသွားတူပါတယ်။ LEOs တွေဟာ GEOs တွေ မလွှမ်းခြုံနိုင်တဲ့
ဝင်ရိုးစွန်းဒေသ တွေကို ပါ လွှမ်းခြုံပေးနိုင်ခြင်းတွေ ကြောင့် တစ်ကမ္ဘာလုံး
လွှမ်းခြုံမှုတွေ မှာ ပိုမို အားကောင်းလာခဲ့ပါတယ်။
LEO Satellites တွေကို Remote sensing နဲ့ Mobile communication လုပ်ငန်း တွေအတွက် အဓိက အသုံးချပါတယ်။
အားသာချက်ပြောပြီးပြီ ဆိုတော့ အားနည်းချက်လေးတွေ ပြောရဦးမှာပေါ့ဗျာ။
အကြီးမားဆုံး အားနည်းချက်ကတော့ Footprint သေးတဲ့ အတွက်ကြောင့်မို့ Global
Coverage အတွက်ဆို LEOs တွေ တော်တော်များများ ကို လိုမှာ အမှန်ပဲဗျ။ Global
Coverage အတွက်ကို ISL (inter satellite link ) လိုမျိုး နည်းပညာတွေနဲ့
LEOs အချင်းချင်း Routing Function တွေဖြင့် interconnecting
လုပ်နိုင်သော်လည်း အရေအတွက် အားဖြင့် တော်တော်များများ လိုမှာဖြစ်ပါတယ်။
နောက်ပြီး LEOs တွေရဲ့ သက်တမ်းဟာ ကမ္ဘာလေထုကြီးနဲ့ ပွတ်တိုက်မှုတွေ ကြောင့်
လည်းကောင်း ၊ The inner Van Allen belt1(နောင်တွင် အလျင်းသင့်ရင် Post တခု
အနေဖြင့် သီးသန့် ရေးပါမည် ။ ယခု သွားလေ့လာမည်ဆိုပါက http://www.britannica.com/EBchecked/topic/622563/Van-Allen-radiation-belt
) ရဲ့ Radiation ကြောင့်လည်းကောင်း သက်တမ်းအားဖြင့် ၅ နှစ်မှ ၈ နှစ်
လောက်ပဲ ရှိကြပါတယ်။ တွက်ကြည့်မယ်ဆိုရင် LEO Satellites ၄၈ လုံးဟာ
သက်တမ်းစေ့ ၈ နှစ် နေမယ်ဆိုရင်တောင်မှ နှစ်လတိုင်း နှစ်လတိုင်း အသစ်တစ်လုံး
လိုအပ်နေမြဲ ဖြစ်မှာပါပဲ။ အခုပြောပြနေတဲ့ အချက်အလက်တွေ ဟာ အခြေခံလောက်ပဲ
ရှိပါသေးတယ် ။ LEOs ရဲ့ Data Routing တွေဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်
။ တဖြည်းဖြည်းခြင်း ရေးသွားပါ့မယ်။ GEO တွေဟာ Footprint ကြီးမားတာကြောင့်
ပုံမှန်အားဖြင့် Routing မလိုပါဘူး။ ဘာလို့လဲဆိုတော့ Sender နဲ့ Receiver က
Footprint တခုတည်းမှာပဲ အလုပ်လုပ်ကြလို့ပါပဲ။
Medium Earth Orbit (MEO Satellites)
================================
MEOs တွေဟာ GEO နဲ့ LEO ကြားမှာ တည် ရှိကြပြီး အကွာအဝေးအားဖြင့်
ကမ္ဘာမြေပြင်မှ ကီလိုမီတာပေါင်း ၁၀၀၀၀ ၀န်းကျင်မှာ အလုပ်လုပ်ကြပါတယ်။ MEOs
တွေဟာ ၁၂ လုံးလောက်နဲ့ global coverage ဖြစ်နိုင်ပြီး ဒီပမာဏဟာ GEO ထက်
အနည်းငယ် များပေမယ့် LEO ထက် အများကြီးလျှော့နည်းတာ ပါ။ (ဒီနေ၇ာမှာ
နည်းနည်းပြောပြချင်တာက GEO,LEO နဲ့ MEO တွေ ဟာ သူ့နေရာနဲ့ သူအကုန်လုံး
အတွက် အရေးပါတဲ့ အသုံးဝင်တဲ့ တာဝန်တွေကို ထမ်းဆောင်နေတာပါ။ Global coverage
ဖြစ်ရုံနဲ့ မပြီးသေးဘူးလို့
ပြောချင်တာပါ။) ကမ္ဘာဧ။် လည်ပတ်နှုန်းထက် ပိုနှေးတဲ့ နှုန်းတစ်ခု နဲ့
ကမ္ဘာကို လည်ပတ်ကြပါတယ်။ ဘဲဥပုံ ပတ်လမ်းကြောင်းမှာ ကမ္ဘာကို (Inclination)
စောင်း၍ ပုံစံနဲ့ လည်ပတ်ကြပါတယ်။ အဲ့ဒါကြောင့်မို့ သူတို့ကို နဂိုကတည်းက
တောင် ၊ မြောက် ၀င်ရိုးစွန်း ဒေသတွေမှာ အဓိက အသုံးပြုဖို့ လျာထားခဲ့တာပါ။
သူတို့မှာ Routing လုပ်ငန်းစဉ် နည်းပါးပါတယ်။ အရေအတွက်အားဖြင့် နည်းတာကိုး။
LEOs တွေ ထက် အကွာအဝေး ပိုဝေးသွားတော့ Delay rate ကတော့ တက်လာပြီပေါ့ ။ 70
ကနေ 80 ms အတွင်းမှာ ရှိပါတယ်။ ပိုမိုမြင့်မားတဲ့ Transmit Power
လိုအပ်ပြီး ၊ Footprint သေးငယ်တဲ့ နေရာတွေ မှာ special antenna
လိုအပ်ပါတယ်။
Orbits အခြေခံပုံ
Radio Frequencies for space communication
=================================
Introduction
Satellite တွေ Spacecraft (အာကာသယာဉ်)တွေ ကိုဆက်သွယ်မှု
ရယူဆောင်ရွက်နိုင်မှ သာ သူတို့ဟာ အသုံးဝင်တန်ဖိုးရှိတဲ့ အရာဝတ္ထု တွေ
ဖြစ်လာမှာ မဟုတ်လားဗျ။ တခါတရံ Relay အနေနဲ့ရော ၊ တခါတရံ သူတို့
ရိုက်ကူးစုဆောင်းထားတဲ့ အချက်အလက်တွေရော ပို့ယူဆောင်ရွက်ဖို့ အတွက်
Communication ဟာ မရှိမဖြစ် အရေးကြီးပါတယ်။ ဒီလို Communicate လုပ်ဖို့ရာ
နှစ်နည်းရှိပါတယ်။ လေဆာကို အသုံးပြု၍ Optical Communications များလုပ်လို့ရသလို
၊ Electromagnetic Spectrum တစ်ခုဖြစ်တဲ့ Radio ကို အသုံးပြုပြီးတော့လဲ
ဆက်သွယ်မှု ပြုလုပ်နေကြပါတယ်။ ဒီတော့ မြေပြင်အခြေစိုက်စခန်းများကို
ဆက်သွယ်မှုပြုရာမှာ ကွန်ယက်များ နှောက်ယှက်မှု မရှိစေရန် ကွဲပြားခြားနားသော
Radio Spectrum များ သတ်မှတ်ထားပါတယ်။
International Telecommunication Union (ITU) က သတ်မှတ်ထားတဲ့ Frequency Allocation Table ကို (www.itu.int)
website မှာသွားရောက်လေ့လာနိုင်ပါတယ်။ ITU က ကမ္ဘာကြီးကို
သုံးပိုင်းပိုင်းထားပါတယ်။ Region III မှာ သြစတေးလျ နဲ့ဆိုင်ပါတယ်။
သြစတေးလျရဲ့ Australian Communications and Media Authority (ACMA) (www.acma.gov.au) မှာ စာအုပ်တွေတော်တော်များများနဲ့ Spectrum Graphic တွေကို အခမဲ့လေ့လာနိုင်ပါတယ်။ ITU မှာတော့ ဈေးတော်တော်ကြီးတယ်လို့ပြောပါတယ်။
The Electromagnetic Spectrum
လျှပ်စစ်သံလိုက် လှိုင်းတွေဟာ (၄) မျိုးပဲရှိပါတယ်။ အစဉ်လိုက် ပြောရမယ်ဆိုရင်တော့
1) The nuclear strong force
2) The electromagnetic force
3) The nuclear weak force
4) The gravitational force
တို့ပဲဖြစ်ပါတယ်။ အဲ့ဒီအထဲက nuclear နဲ့ ပါတ်သက်တဲ့ ဖြစ်စဉ် နှစ်ခု
သက်ရောက်မှုတွေ ဟာ အလွန့်အလွန် တိုတောင်းတဲ့ အကွာအဝေး အတွင်းမှာ ဖြစ်တတ်တဲ့
ဖြစ်စဉ်မို့လို့ ကျွန်တော်တို့ လက်ရှိနေထိုင်ရာ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်
သက်ရောက်လေ့ မရှိပါဘူး ။ (nuclear bomb ပေါက်ကွဲတာ ဆိုရင်တော့
မပြောတတ်ဖူးလေ..နော်)..။ အဲ့ gravity နဲ့ အမျိုးစုံလှသော electromagnetism
တွေနဲ့ တော့ နေ့စဉ်နဲ့ အမျှ ထိတွေ့ဆက်ဆံ သုံးစွဲနေကြတာပါ။
ကမ္ဘာမြေကြီး
ဆွဲငင်အား (Gravity) ကြောင့် mass (ဒြပ်ထု) တွေရဲ့ ဂုဏ်သတ္တိ ရှိသလို ၊
လျှပ်စစ်သံလိုက်လှိုင်းစဉ်များ (Electromagnetic) သက်ရောက်မှုတွေ ကြောင့်
(Charge) လျှပ်စစ်ဓါတ်အား (သို့) လျှပ်စစ်စွမ်းအား တွေ ဖြစ်ပေါ်လာရပါတယ်။ အဲ
.. လျှပ်စစ်ဓါတ်အား (Charge) ကို သိုလှောင် သိမ်းဆည်း ထားမယ်ဆိုရင်
တောင်မှ သူ့အနီးအနားမှာ (Electrostatic Field) တည်ငြိမ်လျှပ်စစ် ရပ်ဝန်း
တွေ ပေါ်ပေါက် လေ့ရှိပါတယ်။ သူဟာ ကိန်းသေအလျင် (Constant Velocity) တစ်ခုနဲ့
စီးဆင်းနေပြီဆိုရင်တော့ Charge သည် (Magnetic Field)
သံလိုက်လှိုင်းရပ်ဝန်း များကို ထုတ်လွှင့်ပါတယ်။ အဲ့နောက် သူ့ရဲ့
စီးဆင်းမှုဟာ နှေးလိုက်၊မြန်လိုက် ဖြစ်ပေါ်လာရင်တော့ Electromagnetic
Radiation တွေ ဖြစ်ပေါ်လာပါတော့တယ်။
The Radio Spectrum
--------------------------------------------
ကဲအဓိက ပြောချင်တဲ့ အရေးကြီးတဲ့ Radio Spectrum အကြောင်းရောက်လာပြီ။ Radio
Spectrum ဆိုတာ Electromagnetic Spectrum ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ 1Hz
ကနေ 3000 GHz (or) 3THz အတွင်း ရှိတဲ့ Range ကိုခေါ်တာပါ။ 3000 GHz
ကျော်ရင်တော့ Infrared Spectrum ထဲ ရောက်သွားမှာပေါ့။ အဲ့လို
ကွဲပြားခြားနား စွာသော Frequencies တွေ အလိုက် ကွဲပြားခြားနားလှစွာသော
မျိုးကွဲတွေ အပေါ် အသုံးချမှုနဲ့ ၄င်းတို့ရဲ့ ဂုဏ်သတ္တိတွေဟာ လည်း
ခြားနားပါတယ်။ Radio Spectrum ကို Bands တွေ အများကြီး ခွဲခြားထားပါတယ်။
ပုံမှာ သေချာ ကြည့်ကြည့်ပါ။ သဘောပေါက်မယ်လို့ ထင်ပါတယ်။ UHF / VHF
ဆိုတာတွေဟာ ဘာ့ကြောင့်ခေါ်တယ် ဘယ်လောက် frequency မှာ အလုပ်လုပ်နေတယ်ဆိုတာ
ရှင်းသွားမှာပါ။ (f) သည် frequency ကို ဆိုလိုပြီး (λ) သည် wavelength ကို
ရည်ညွှန်းပါတယ်။
Frequency (f) ဆိုတာ သတ်မှတ်ထားသောနေရာသို့
တစ်စက္ကန့်အတွင်း signal လေး တက်လိုက်ကျလိုက် ဖြစ်ပေါ်တဲ့ အကြိမ်အရေ
အတွက်ကို ဆိုလိုပါတယ်။
Wavelength (λ) ဆိုတာ သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ signal ရဲ့ သွားခဲ့တဲ့ လှိုင်းအလျား လို့ပဲပြောရမှာပေါ့လေ။
Frequency နဲ့ Wavelength တို့ ဆက်သွယ်မှု theory ကတော့ f = c / λ ပါ။
C ဆိုတာကတော့ EM ရဲ့ velocity ပါ။ c = 3 x 108 ပါ။
ဒီဆက်နွယ်မှုတွေမှာ frequency ရဲ့ တန်ဖိုးကို Hertz (Hz) နဲ့ဖော်ပြပြီး wavelength ရဲ့ တန်ဖိုးကို metres (m) နဲ့ ဖော်ပြပါတယ်။
The Radio Spectrum ( အဆက် )
================================
အရင် post က ဖော်ပြခဲ့တဲ့ ပုံကို ပြန်ကြည့်ရင် Lower Frequencies
တွေဖြစ်တဲ့ ULF နဲ့ ELF ဟာ (1Hz to 100 Hz )အသုံးချမှု အတော့ကို နည်းပါတယ်။
(1 Hz) ကိုတော့ ဘူမိဗေဒနည်းပညာ တွေမှာ အသုံးချတယ်လို့ မှတ်သားရပါတယ်။ ULF ထက် 1Hz ထက် သေးသော band မျိုးမရှိပါဘူး။
Microwave ဆိုတာ wavelength less than 30 cm အတွင်းရှိတဲ့ Range ကို
ဆိုလိုခဲ့တာပါ။ အခုတော့ New generation microwave တွေ ရှိနေခဲ့ပါပြီ။
Region တစ်ခုတည်းကို မျိုးစုံသော frequency bands တွေ ကို schemes တွေ
ခွဲခြားစွာ အသုံးချနေကြပါတယ်။ Traditional Microwave scheme ကတော့ space
communication မှာ အရိုးစွဲ ခိုင်မာ အမြဲတွယ်နေတဲ့ Generation လို့ပဲ
ပြောရမှာဖြစ်ပါတယ်။
ယခု ပုံကို ကြည့်ပါက band တွေနဲ့ ၄င်းတို့၏ အသုံးချတဲ့ frequency တို့ကို လေ့လာကြည့်ကြပါခင်ဗျာ။
နောက်ထပ် Band တွေ တခုခြင်းစီ နည်းပညာ အသုံးချမှု များကို ဖော်ပြပေးမှာဖြစ်ပါတယ်။
အာကာသသို့ ထွက်ပေါက် (windows to space)
==========================================
Electromagnetic Spectrum တိုင်းဟာ ကမ္ဘာ့လေထု ကြီးကို ဖောက်ထွက်ဖို့
မလွယ်ပါဘူး။ ရှင်းအောင်ပြောရရင် (ဥပမာ) အလင်းသည် ဖြတ်နိုင်ပါတယ်။ ညဘက်
မိုးတိမ်တွေ မရှိဘူးဆိုရင် ကြယ်တွေကို မြင်ရတာပေါ့ ။ ဒါပေမယ့် UV နဲ့
frequencies အမြင့်ပိုင်းတွေဟာ ကမ္ဘာ့လေထုကြီးမှာ ပါဝင်နေတဲ့ အစိတ်အပိုင်း
အချို့ရဲ့ စုပ်ယူခြင်းကို ခံရပါတယ်။
ဒါကြောင့် EM spectrum ထဲက အလင်း ( visible light ) နဲ့ radio spectrum နှစ်ခု သာ ကမ္ဘာ့ အပြင်ဘက်ကို
ဖေါက်ထွက်နိုင်တာပါ။ အာကာသ သို့ဆက်သွယ်ရာ ပြတင်းပေါက် (Windows to space
)လို့ ဆိုရမှာပေါ့လေ။ ဒါတောင် radio spectrum တွေ အကုန်လုံးကို
ပေးဖြတ်သန်းစေတာ မဟုတ်ပါဘူး။ 30 MHz ကနေ 30 GHz အတွင်း သာ
ဖြတ်သန်းနိုင်တာပါ။
30 MHz ထက် နည်းရင် Ionosphere လို့ခေါ်တဲ့
သံဓါတ်ပါတဲ့ အလွှာကြီး နှစ်လွှာရဲ့ စုပ်ယူ ၊ တွန်းကန် မှုတွေ ကို ခံရပါတယ်။
သူတို့ဟာ မြေပြင်ထက် ကီလိုမီတာပေါင်း ၁၀၀ မှ ၅၀၀ အတွင်း တည်ရှိကြပါတယ်။ 30
GHz ထက် များပြန်ရင်လဲ လေထုရဲ့ အောက်ဆုံးအလွှာဖြစ်တဲ့ troposphere
စုပ်ယူပစ်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်ဆီဂျင်နဲ့ ရေငွေ့ဓါတ်တွေ
ပါဝင်နေလို့ပါတဲ့ ။ 20-30 GHz ကြားမှာတောင် မှ စုပ်ယူခံရခြင်း
ရပါတယ်တဲ့ဗျာ။
Space Communication Bands များအကြောင်း
================================
ယခုဖော်ပြမယ့် Bands တွေထဲက အချို့ဟာ space communication မှာ
တွင်တွင်ကျယ်ကျယ် အသုံးပြုနေပါတယ်။ End device band ကိုကြည့်ခြင်းအားဖြင့်
အသုံးပြုထားတဲ့ frequencies တွေကို နားလည်သဘောပေါက် နိုင်မှာဖြစ်ပါတယ်။
VHF Bands
----------------
VHF တွေဟာ မြေပြင်ဆက်သွယ်မှု short distance တွေနဲ့ line of sight တွေမှာ
အသုံးပြုနိုင်ပါတယ်။ short distance ဆိုပေမယ့် မိုင်တစ်ရာ
အတွင်းကိုပြောတာနော်။ ionosphere နဲ့ atmospheric noise
နဲ့ အခြားသော lower frequencies တွေရဲ့ ၀င်ရောက်နှောက်ယှက်မှုတွေ ရန်မှ
လွတ်ကင်းပါတယ်။ တယ်လီဗေးရှင်း ထုတ်လွှင့်မှုတွေ များ လည်းအသုံးပြုပေမယ့်
သူ့ရဲ့ အားနည်းချက်က တောင်တွေကို ဖြတ်ကျော်နိုင်စွမ်း အားနည်းပြီး ၊
reflection နည်းပါးပါတယ်။
(136-138 MHz)
ဟိုးအရင်တုန်းကတော့
Satellite type တော်တော်များများ တွေဟာ ဒီ Band ကို တွင်တွင်ကျယ်ကျယ်
အသုံးပြုခဲ့တာ တွေ့ရပါတယ်။ ယခု နှောင်းပိုင်းမှာတော့ Meteorological
Satellite တွေမှာသာ resolution ဓါတ်ပုံတွေ ပေးပို့မှုတွေနဲ့ mobile
satellite receiver တွေမှာသာ data အနည်းအကျင်း လက်ခံမှုတွေမှာသာ
သုံးပါတော့တယ်။
(144-146 MHz)
စမ်းသပ်လေ့လာရေး amateur satellite တွေ အတွက် ရည်ရွယ်ထားပါတယ်။ သူတို့ တကယ်သုံးတဲ့ band ကတော့ 145-146 MHz ပဲဖြစ်ပါတယ်။
(148-150 MHz)
ဒီ band ကတော့ ပထမဆုံးပြောခဲ့တဲ့ downlink 136-138 MHz ရဲ့ uplink band ဖြစ်ပါတယ်။
(149.95 -150.05 MHz)
Satellite ကိုနေရာချခြင်း ၊ အချိန် ၊ နှင့် frequency services တွေမှာ
သုံးပါတယ်။ GPS မပေါ်ခင်တုန်းကတော့ US နဲ့ Russia လောက်သာ
ကောင်းကောင်းအသုံးပြုနိုင်တဲ့ကာလ တုန်းက ပင်လယ်ကူးသဘောင်္တွေမှာ Doppler
effect ကြောင့် သုံးစွဲခဲ့ကြပါတယ်။ Doppler effect ဆိုတာ Austrian လူမျိုး
Christian Doppler က 1892 မှာ တွေ့ရှိခဲ့တဲ့ ရွှေ့လျားနေသော လက်ခံသူမှာ
ကနဦးထုတ်လွှင့်လိုက်တဲ့ frequency နဲ့ wave တို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်
ကိုပြောတာပါ။ အခြားသော satellite တွေဟာ 400 MHz က signal ထုတ်လွှတ်မှုတွေကို
ဒီ 150 band မှာလဲ လာရောက် သုံးစွဲကြပါတယ်။ ဘာလို့လဲတော့ ကျွန်တော်လည်း
မသိပါဘူး။
(240-270 MHz)
စစ်တပ်နဲ့ ဆိုင်တဲ့ satellite
communication မှာ သုံးတဲ့ band ပါ။ အမှန်တကယ် ဒီband အသုံးပြုတာက (225-
380 MHz) ပါ။ အဲ့ဒါတွေကတော့ လေတပ် တွေမှာ အသုံးပြုနိုင်ဖို့အတွက် ပိုမို
သတ်မှတ်ထားတာပါ။
space communication bands များအကြောင်း ( အဆက်)
===============================
UHF
----------
UHF ရဲ့ အသုံးချမှုကတော့ တော်တော်များပါတယ်။ သူက VHF လို Line of sight
မဟုတ်ပါဘူး။ အပိတ်အပင် အတားအဆီးများကို signal bounce လုပ်၍
ဆက်သွယ်နိုင်ပါတယ်။ အဲ့ဒါကြောင့် Walki-Talki တွေ ၊ TV and Radio
transmission တွေမှာ တော်တော်လေး ကျယ်ကျယ်ပြန်ပြန် သုံးလာတာ တွေ့ရပါတယ်။
UHF TV signal ဟာ ionosphere ကိုဖြတ်သန်းနိုင်စွမ်းအားနည်းပေမယ့် သူကို reflection လုပ်ပြီး အကွာအဝေးတော်တော်များများကို VHF ထက်ပေးနိုင်စွမ်းရှိပါတယ်။ အဲ့ဒီဖြစ်စဉ်ကို skip distance လို့ခေါ်ပါတယ် ။ မှတ်သားထားကြပါ။
UHF ဟာ wavelength တိုတဲ့ အတွက်ကြောင့် frequency မြင့်မားကြပါတယ်။
အင်တနာအမျိုးအစားတွေဟာလဲ အဲ့ဒီ radio wave အပေါ်မူတည်တာကြောင့် UHF အင်တနာ
များဟာ ငုံးတိတိ နဲ့ သေးငယ်ကြပါတယ်။အဲ့ဒါကြောင့် သေးငယ်တဲ့ အင်တနာတွေဟာ
Frequencies အမြင့်စား တွေ သုံးထားတယ် ဆိုတာ သိထားရပါမယ်။
(399.9-403 MHz)
ဒီ band ဟာလည်း navigation , positioning , time and frequency ဆို့
အတွက်အသုံးပြုသလို mobile communication (ဥပမာ ဝေါ်ကီတော်ကီ) နဲ့ မိုးလေ၀သ
ဂြိုလ်တု များမှာ အသုံးပြုပါတယ်။ ဒီ band ထဲက 400 MHz ဟာ 150 MHz က
ထုတ်လွှတ်မှုတွေ လဲ လာရောက်သုံးစွဲပါတယ်။
(432-438 MHz)
စမ်းသပ်လေ့လာရေး satellite များ အသုံးချကြပါတယ်။
(460-470 MHz)
မိုးလေ၀သနဲ့ ပတ်ဝန်းကျင် လေ့လာရေးဂြိုလ်တုများ အတွက် uplink frequency ဖြစ်ပါတယ်။
UHF band range ဟာ ကျယ်ဝန်းသလောက် TV Radio Broadcasting , Cordless ,
Walki-talki စနစ် အပြင် စစ်တပ်နဲ့ ဆိုင်တဲ့နေရာတွေမှာ အများဆုံး
အသုံးချပြီး အသုံးချပုံက နိုင်ငံအလိုက်ကွဲပြားခြားနားပါတယ်။
ဥပမာ ။ အမေရိကားရဲ့အသုံးပြုပုံကို ဗဟုသုတဖြစ် ဖော်ပြလိုက်ပါတယ်။( Wikipidia မှ ကူးယူဖော်ပြသည်။)
• 225–420 MHz: Government use, including meteorology, military aviation, and federal two-way use[6]
• 420–450 MHz: Government radiolocation and amateur radio (70 cm band)
• 433 MHz: Short range consumer devices including automotive, alarm systems, home automation, temperature sensors
• 450–470 MHz: UHF business band, General Mobile Radio Service, and Family Radio Service 2-way "walkie-talkies", public safety
• 470–512 MHz: TV channels 14–20 (also shared for land mobile 2-way radio use in some areas)
• 512–698 MHz: TV channels 21–51 (Channel 37 used for radio astronomy)
• 698–806 MHz: Was auctioned in March 2008; bidders got full use after
the transition to digital TV was completed on June 12, 2009 (formerly
UHF TV channels 52–69)
• 806–824 MHz: Public safety and commercial 2-way (formerly TV channels 70–72)
• 824–851 MHz: Cellular A & B franchises, terminal (mobile phone) (formerly TV channels 73–77)
• 851–869 MHz: Public safety and commercial 2-way (formerly TV channels 77–80)
• 869–896 MHz: Cellular A & B franchises, base station (formerly TV channels 80–83)
• 902–928 MHz: ISM band, amateur radio (33 cm band), cordless phones and stereo, radio-frequency identification, datalinks
• 929–930 MHz: Pagers
• 931–932 MHz: Pagers
• 935–941 MHz: Commercial 2-way radio
• 941–960 MHz: Mixed studio-transmitter links, SCADA, other.
• 960–1215 MHz: Aeronautical Radionavigation
• 1240–1300 MHz: Amateur radio (23 cm band)
• 1452–1492 MHz: Military use (therefore not available for Digital Audio Broadcasting, unlike Canada/Europe)
• 1575 MHz: GNSS L1 band—GPS, GLONASS, Galileo
• 1710–1755 MHz: AWS mobile phone uplink (UL) Operating Band
• 1850–1910 MHz: PCS mobile phone—order is A, D, B, E, F, C blocks. A, B, C = 15 MHz; D, E, F = 5 MHz
• 1920–1930 MHz: DECT Cordless telephone
• 1930–1990 MHz: PCS base stations—order is A, D, B, E, F, C blocks. A, B, C = 15 MHz; D, E, F = 5 MHz
• 2110–2155 MHz: AWS mobile phone downlink (DL) Operating Band
• 2300–2310 MHz: Amateur radio (13 cm band, lower segment)
• 2310–2360 MHz: Satellite radio (Sirius and XM)
• 2390–2450 MHz: Amateur radio (13 cm band, upper segment)
• 2400–2483.5 MHz: ISM, IEEE 802.11, 802.11b, 802.11g, 802.11n Wireless
LAN, IEEE 802.15.4-2006, Bluetooth, Radio-controlled aircraft,
Microwave oven, ZigBee
Space communication bands များအကြောင်း ( အဆက်)
==================================
C bands
-----------
C Band ဟာ အတော်ကျယ်ပြန့်တော့ အကျဉ်းအားဖြင့် ဖော်ပြရင်တောင် ရေးရမှာ မနည်းပါဘူး .
C Band ရဲ့ နာမည် အပြည့်အစုံက (Compromise Band) ဖြစ်ပါတယ်။ Ku Band နဲ့
ပြိုင်ဘက်လို့ ပြောလို့ရပါတယ်။ microwave range 4 to 6 GHz မှာ
အလုပ်လုပ်တယ်လို့ အကြမ်းဖျဉ်း မှတ်သားနိုင်ပါတယ်။ သူ့ရဲ့ standard downlink
frequency က 3.7 - 4.2 GHz ဖြစ်ပြီး uplink frequency ကတော့ 5.9 – 6.4 GHz
ဖြစ်ပါတယ်။ C Bands ကို Long distance
radio telecommunications တွေ အတွက်ပဲ အသုံးချပါတယ်။ C Band အလုပ်လုပ်တဲ့
frequency အတွင်းမှာ wifi devices တွေ ၊ cordless phone တွေ ၊ weather
radar system တွေ နဲ့ အခြား satellite communications တွေ ပါဝင်နေပါတယ်။ C
Band ဟာ Ku Band (11.2 – 14.5 GHz) ထက် ရာသီဥတု နှောက်ယှက်မှု ဒဏ်မှ
အများကြီး ခံနိုင်ရည် ရှိတာကြောင့် satellites communication
တော်တော်များများမှာ အသုံးပြုကြပါတယ်။ ရာသီဥတု ဒဏ် ဆိုတာတွေကတော့
မိုးသည်းကြီးမဲကြီးရွာခြင်း ၊ လေထုထဲတွင် ရေငွေ့ပမာဏ အလွန်များပြားနေခြင်း
နဲ့ ဆီးနှင်းကျ ခြင်းတို့ဖြစ်ပါတယ်။
C Band နှစ်မျိုးရှိပါတယ်။
တစ်မျိုးကတော့ နေတိုး (NATO C band ) ပါ။ frequency 500 MHz – 1000 MHz
အတွင်းမှာ သူတို့အသုံးပြုဖို့ ရန် Electronic Countermeasure (ECM) မှ
သတ်မှတ်ပေးထားတာပါ။ wavelength က 0.6 m - 0.3 m နဲ့ညီပါတယ်။ တကယ်တော့
အဲ့ဒါဟာ ITU က IEEE ထဲမှာ UHF Band တစ်ခုအနေနဲ့ သတ်မှတ်ထားပြီးသားပါ။
သူတို့သတ်မှတ်တာကို နေတိုးနဲ့ မြောက်အမေရိကား တို့လောက်သာ သုံးစွဲတာ
တွေ့ရပါတယ်။
နောက်တစ်မျိုးကတော့ IEEE C-Band ပေါ့ဗျာ ။သူတို့ကတော့
4 – 8 GHz ပေါ့ဗျာ။ တကယ်တော့ C Band ဆိုတာ satellite က နေ မြေပြင်ကို
commercial ဆက်သွယ်ဖို့ ပထမဦးဆုံးသော သတ်မှတ်သုံးစွဲခဲ့တဲ့ band ပါ။ C
band ဟာ ရေဒါ အသုံးပြုမှတွေမှာ S band နဲ့ overlaps ဖြစ်နေတာတွေ ရှိပါတယ်။
သေးငယ်သော အင်တနာ တွေဟာ သူ့အတွက် လုံလောက်မှု မရှိပါဘူး ။ အနည်း ဆုံး 7.5 –
12 ပေ ဆိုတာ တောင် consumer ပေးတဲ့ အရွယ်လောက်ပဲရှိပါသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကီလိုမီတာပေါင်း ၃၆၀၀၀ အကွာအဝေးက GEO satellite ဆီက
လာတဲ့ Signal ဟာ ဒီလဲရောက်ရော attenuation က 200 dB လောက်ဖြစ်နေပါတယ်။
တော်တော်အားနည်းနေတဲ့ signal တွေပေါ့ဗျာ။ အဲ့ဒါကို C Band ဟာ သူ့ရဲ့
ကြီးမားကျယ်ပြန့်တဲ့ parabolic curvature type ဘမ်းကြီးနဲ့
စုစည်းဖမ်းယူလိုက်ပါတယ်။ ပြီးတော့ ဆုံချက်ဆီသို့ ပို့ပေးတယ်။
အဲ့လိုပို့ပေးတဲ့ အချိန်မှာတောင် အဲ့ဒီ signal လေးဟာ microwatts
အနည်းငယ်ပမာဏလောက်သာ ရှိတော့တာပါ။ အဲ့လောက်သေးငယ်တဲ့ signal လေးကို Low
noise amplifier (LNA) က နှစ်ဆင့် သုံးဆင့်လောက် noise တွေ ကို
ဖယ်စစ်လိုက်ပါသေးတယ်။ Kelvin ရဲ့ noise temperature စစ်တဲ့table နည်းနဲ့
ပြန်စစ်ထုတ်ပါတယ်။ ပြီးနောက် bipolar transistors တွေ အသုံးပြု၍
amplification လုပ်ပါတော့တယ်။
ကမ္ဘာ့တည်နေရာ အပေါ်မူတည်လို့
အများကြီး ကြီးမားသော အရွယ်အစား အသုံးပြုမှတွေလဲ ရှိပါသေးတယ်။ VSAT
စနစ်များအတွက် reliable ပိုဖြစ်တဲ့အတွက်ကြောင့် အသုံးများပါတယ်။ (VSAT
အကြောင်းကို နောက်မှ post တစ်ခု သီးသန့် ရှင်းပြပါမယ်ခင်ဗျာ ) ။
သြော်.. နောက်ဆုံးတစ်ခုအနေနဲ့ fiber optic communication တွေမှာ c band ဟာ
wavelength 1530 – 1565 nm မှာ အလုပ်လုပ်ပါတယ်လို့ ဗဟုသုတ အနေနဲ့
မှတ်သားနိုင်ပါတယ်။ EDFAs fiber amplifiers တွေ မှာ တွေ့ရပါတယ်။
COPY BY
Satellite Communication Facbook
ဝါသနာရှင်အားလုံး ဗဟုသုတရရှိ စေရန်ဘာသာပြန် ရေးပေးသော Satellite Communication Facbook
မှ တည်ထောင်သူ အကို ကိုယ်ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျာ
အားလုံးထက်မံသိရှိ ရန် Myanmar Satellite Station မှ တင်ပေးလိုက်ပါသည်.....
No comments:
Post a Comment