အခပေး ရုပ်သံလိုင်းဖြစ်သည့် Sky Net က ချန်ပီယံလိဂ် ပွဲစဉ်များ အပါအဝင် ယူရိုပါလိဂ် ပြိုင်ပွဲများနှင့် ဥရောပ ကလပ်အသင်းများ၏ ပြိုင်ပွဲများကို ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီအထိ ထပ်မံပြသခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ပွဲစဉ်အားလုံးကို Sky Net အားကစားရုပ်သံလိုင်း ခုနစ်လိုင်းနှင့် Free to air ရုပ်သံလိုင်း ဖြစ်သည့် MNTV တို့မှ တိုက်ရိုက် ထုတ်လွှင့်မည့်အပြင် ပွဲပြီး Highlights အစီအစဉ်ကိုလည်း ဆက်လက် ထုတ်လွှင့်မည် ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ချန်ပီယံနှင့် ယူရိုပါလိဂ် ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ရသည့် ဥရောပ စူပါဖလား ပွဲစဉ်ကိုပါ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပြသခွင့်လည်း ရရှိခဲ့သည်။
ရွှေသံလွင် မီဒီယာ၏ အခပေး ရုပ်သံလိုင်းဖြစ်သည့် Sky Net သည် ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်များ ပြသခွင့်ကို ၂၀၁၃ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ရာ ယင်းစာချုပ်မှာ လာမည့် ၂၀၁၅ ခုနှစ်တွင် ပြည့်မည် ဖြစ်သော်လည်း ယခုစာချုပ်သက်တမ်း သုံးနှစ် ထပ်တိုးရရှိခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment